မြိတ်တွင် အပူပိုင်းမုန်တိုင်း နို(NOUL)ကြောင့် ယခုရက်ပိုင်းတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားနေပါတယ်။
မြိတ်မြို့တွင်းမှာမိုးသည်းထန်စွာရွာသွန်းတာကြောင့် မြေပြိုတာတွေဖြစ်ပေါ်နေပြီး ကမ်းနားလမ်း နှင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့မှာ ထူးကဲဒီရေတက်နေတာကြောင့် ကားလမ်းအချို့ရေနစ်မြုပ်နေကြောင်းသိရပါတယ်။
မုန်တိုင်းကျရောက်ချိန်နှင့် ထူးကဲဒီရေတက်ချိန် တိုက်ဆိုင်ခဲ့တာကြောင့် မြိတ်ကျွန်းစုဘက် ပင်လယ်ရွာတွေမှာ လေပြင်းတိုက်ခတ်ပြီးလှိုင်းကြီးတာကြောင့် ရွာလမ်းအချို့ နှင့် နေအိမ်အချို့ ပျက်စီးသွားကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
မြိတ်တွင် အပူပိုင်းမုန်တိုင်း နို(NOUL)ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:27
Rating:
No comments:
Post a Comment