အမရပူရမြို့နယ်၊ မဟာဝရဇိန်မစိုးရိမ်ကျောင်းတိုက်မှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိ၊ ကျောင်းတိုက်ကို Lockdown ပြုလုပ်
မန္တလေးမြို့ ၊ အမရပူရမြို့နယ်၊ ဗားဂရာကျောင်းတိုက်အတွင်းရှိ မဟာဝရဇိန်မစိုးရိမ်ကျောင်းက သံဃာတော်တစ်ပါးမှာ Covid-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိတာကြောင့် ကျောင်းတိုက်ကို Lockdown ပြုလုပ်ထားပါတယ်။
ဒီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာ ၆၂ ပါးနဲ့ နေထိုင်နေတဲ့ ကပ္ပိယ ၁၁ ဦးတို့ ကို ကွာရန်တင်းစင်တာကို မပို့ဆောင်ဘဲ ကျောင်းတိုက်အတွင်းမှာပဲ အသွားအလာ ကန့်သတ်ထားတာဖြစ်ပါတယ်။
တစ်ကျော့ပြန် Covid-19 ဖြစ်ပွားမှုကြောင့် အမရပူရမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာက ၂၃ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၈)နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် (၂၅၆)ဦး ထပ်မံတွေ့ရှိထားပါတယ်။ ဒါကြောင့်မြန်မာမှာ အတည်ပြုလူနာက ၄,၂၉၉ ရှိပြီး သေဆုံးသူ စုစုပေါင်း (၆၁) ဦး ရှိနေပါတယ်။ ပြန်လည်ကျန်းမာလာလို့ဆေးရုံက ဆင်းခွင့်ရသူက ၉၄၄ ဦးရှိပါတယ်။
BBC Burmese
No comments:
Post a Comment