ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် စက်တင်ဘာလ၇ရက်နေ့က ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးကြောင်းသိရှိရသည်။

ဖြစ်စဥ်မှာ မွန်းတည့်၁၂နာရီခန့်က ကျေးရွာအရှေ့ဘက် နန်းခလဲ-စစ်ကိုင်းစုကျေးရွာသွား ဆက်သွယ်ရေးလမ်း ဘေးရှိ ချောင်းရိုးပေါက်တွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့မ ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဆန်းသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာသေဆုံးသူမှာ မောင်ထက်ဝေယံ၉နှစ် သုံးတန်းကျောင်းသား နှင့် မဖြိုးသီရိစိုး ၇နှစ် နန်းခလဲကျေးရွာနေသူတို့ ဖြစ်ကြောင်း သိရှိရသည်။


သေဆုံးသူ ကလေးငယ် နှစ်ဦးဖခင်များဖြစ်သည့်  ဦးဇော်ဝင်းထွဋ်၊ ဦးအောင်မင်းစိုး၊ ဦးလေးတော်စပ်သူ ဦးသန်းတိုးအောင် နန်းခလဲကျေးရွာ သုံးခွမြို့နယ်တို့ နှင့်အတူ နံနက်၁၁နာရီခန့်က နန်းခလဲ-စစ်ကိုင်းစုသွား ဆက်သွယ်ရေး လမ်းဘေး​ချောင်းရိုးပေါက်တွင် ငါးဖမ်းလိုက်ပါသွားစဥ်မောင်ထက်ဝေယံနှင့် မဖြိုးသီရိစိုးတို့နှစ်ဦး အားဆက်သွယ်ရေး လမ်းမပေါ်တွင် ထားခဲ့ပြီး ဦးဇော်ဝင်းထွဋ်၊ ဦးအောင်မင်း ၊ ဦးသန်းတိုးအောင် တို့သည် ငါး ဆင်းဖမ်းရာ ၁၅မိနစ်ခန့် အကြာ ကလေးငယ်နှစ်ဦး ထားခဲ့သည့် နေရာတွင် မရှိတော့သဖြင့် လိုက်လံရှာဖွေရာ ငါးဖမ်းသည့်နေရာနှင့် ၁၅ပေခန့်အကွာ ချောင်းရိုးပေါက် အကျယ်၁၀ပေခန့် အနက် လေးပေခန့်ရှိ ချောင်း ရိုးထဲတွင် ကလေးငယ်နှစ်ဦးအား ရေအောက်တွင် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရသည်။

အလောင်းများအားစစ်ဆေးရာ ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သည့် လက္ခဏာဖြင့်သေဆုံးနေကြောင်းတွေ့ရှိရသည်။ ယင်းဖြစ်စဥ်နှင့် ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် သုံးခွမြို့ရဲစခန်းကသေမှုသေခင်းအမှတ်၁၇/၂၀၂၀ ဖြင့်အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။


ကိုကျော်သုံးခွ

https://www.facebook.com/profile.php?id=100007986165729

Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.