ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား


နိရဥၥရာ၊ စက္တင္ဘာ ၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က ပိုးရွှီပြင်ဆိပ်ကမ်းနားတွင် လူနာတင်ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ကားမှာ ပိုးရွှီပြင်ကျေးရွာသို့ covid -19 လူနာအား သယ်ယူရန်သွားသော ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်) အသင်း (PDYO)မှ ကားဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်) အသင်း (PDYO)မှ ပြန်ကြားရေးနှင့် စာရင်းစစ်ပူးတွဲတာဝန်ခံ ကိုအောင်သန့်က “ပိုးရွှီပြင်ကျေးရွာက covid -19 လူနာကို ယူဆောင်ဖို့သွားတဲ့အချိန်မှာ ယာဉ်မောင်းက PPE ဝတ်စုံဝတ်ထားတယ်။ PPE ဝတ်စုံဝတ်ထားတဲ့အတွက် အဲယားကွင်းဖွင့်ထားရတယ်။ အဲယားကွင်းဖွင့်ထားတာကနေ အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။” ဟု ပြာသည်။

PDYO အသင်းတွင် လူနာတင်ကားနှစ်စီးရှိသည့်အနက် တစ်စီးမှာ covid -19 လူနာတင်ကားဖြစ်ပြီး၊ နောက်တစ်စီးမှာ တစ်ခြားလူနာများအား တင်သောကားဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် covid -19 လူနာတင်ကား မီးလောင်သွားသဖြင့် PDYO အသင်းတွင် ကားတစ်စီးသာ ကျန်ရှိကြောင်း သိရှိရသည်။

PDYO အသင်းမှ ကားမီးလောင်သွားသဖြင့် ပိုရွှီပြင်ကျေးရွာက လူနာကို ဆေးရုံကားဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။


ထွန်းခိုင် (တောင်ရင်းကျွန်း)

Narinjara

https://www.facebook.com/narinjara.info

ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.