(၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိ

၁။ (၇-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၆)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၁၃၉) ခု

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခုနှင့်

- ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ (၁၅၁) ခု၊

- စုစုပေါင်း (၁,၁၇၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိရပါသည်။  


၂။ (၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၅၁၈) ဦးရှိပါသည်။


၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၃)ဦး (Case – 389, 391 နှင့် 466) ရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၃၈၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၆၉) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။  

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၈)ဦး ရှိပါသည်။ 

၅။ (၆-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၇-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၉) ဦးရှိပါသည်။

၆။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။


Ministry of Health and Sports, Myanmar

https://www.facebook.com/MinistryOfHealthAndSportsMyanmar

(၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိ (၇-၉-၂၀၂၀)  ရက်နေ့၊  ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.