(၁၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉) ဦး တွေ့ရှိ

၁။ (၁၉-၉-၂၀၂၀)  ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည  (၈:၀၀)နာရီအတွင်း COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအနေဖြင့် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၈၁၅)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်)ဓာတ်ခွဲနမူနာ (၂၃၆) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၂၁) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ  (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၄၀) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊ 

- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၈) ခုနှင့်

- နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၂၃၀)ခု

စုစုပေါင်း (၂,၁၆၆)ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉) ဦး တွေ့ရှိရပါသည်။ 

 


၂။ (၁၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄,၈၇၀) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၁၈၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

၅။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈၁)ဦး ရှိပြီဖြစ်ပါ သည်။ 

၆။ (၁၈-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၂၈) ဦးရှိပါသည်။


Ministry of Health and Sports, Myanmar

https://www.facebook.com/MinistryOfHealthAndSportsMyanmar

(၁၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉) ဦး တွေ့ရှိ (၁၉-၉-၂၀၂၀)  ရက်နေ့၊ ည  (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉) ဦး တွေ့ရှိ Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.