မန္တလေးခရိုင်အတွင်း(၂၂-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၂)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ အောင်မြေသာစံမြို့နယ်တွင် (၄)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၂၁)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၂၀)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၈)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၄)ဦး၊ အမရပူရမြို့နယ်တွင် (၂၅)ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် (၁၀)ဦးစီ ရှိကြောင်း (၂၂-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းအထိ စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း (၂၂-၉-၂၀၂၀)ရက်နေ့နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၇၈)ဦး ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ယနေ့(၂၂-၉-၂၀၂၀) နံနက် (၈:၀၀) နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၄၇၁)ဦး ရှိပြီဖြစ်သည်။
The Mandalay News Journal

No comments:
Post a Comment