COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမ ျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီနိုင်ငံတွေထဲမှာ ဝင်ငွေသိပ်ကောင်းတဲ့ နိုင်ငံ ၆၄ နိုင်ငံပါဝင်ပြီး သူတို့ဟာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ကိုဗစ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ နိုင်ငံတကာ ပါဝင်တဲ့ GAVI အဖွဲ့ အကြီးအကဲ Seth Berkley က ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ သုံးပုံ ၂ ပုံကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်လာတာ ဖြစ်ကြောင်း လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ COVID- 19 ကပ်ရောဂါကြောင့် သေဆုံးရသူက တနင်္လာနေ့မှာ ၂ သိန်းနီးပါး (၁၉ ၉ ,၆၉ ဝ) ရှိနေပါပြီ။Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းတွေ အရ အမေရိကန်မှာ အကူးစက်ခံရသူကလည်း ၇ သန်းနီးပါး (၆,၈၂၉,၉ ၅၆) ရှိနေတာ ကြောင့် ဒီရောဂါ ကူးစက်မှုရော သေဆုံးမှုပါ ကမ္ဘာမှာ အများဆုံး ဖြစ်နေတာပါ။
ကူးစက်မှု များလာတာကို အမေရိကန်အနောက်တောင်ပိုင်းနဲ့ အနောက် အလယ်ပိုင်း ဒေသတွေမှာ တွေ့ရပြီး ဒါဟာ အဲဒီဒေသတွေက ကျောင်းတွေ ကောလိပ်တွေပြန်ဖွင့်ရာကနေ ကူးစက်တာ ဖြစ်ပါတယ်။
Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ ကိုရိုနာဗိုင်းရပ်စ်အကူးစက်ခံရသူဟာ ကမ္ဘာတလွှားမှာ လူပေါင်း ၃၁ သန်းကျော်နေပြီဖြစ်ပြီး သေဆုံးရသူ ပေါင်းက တသန်းနီးပါး (၉၆၀,၀၀၀) ရှိနေတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာတာကြောင့် ဥရောပတိုက်တလွှားက နိုင်ငံတွေမှာ ဒီရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ တားမြစ် ကန့်သတ်ချက် အသစ်တွေ ချမှတ်နေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-vaccine-more-than-150-countries-/5592770.html

No comments:
Post a Comment