ကိုဗစ် စိုးရိမ်မှုတွေကြား အိန္ဒိယ အင်ဂျင်နီယာကောလိပ်ဝင်ခွင့် စစ်ဆေး

More than 850,000 students are taking the test

အိန္ဒိယမှာ ကျောင်းသားသန်းပေါင်းများစွာရဲ့ ဘဝရှေ့ရေးကို အဆုံးဖြတ်ပေးနိုင်တဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကောလိပ်ဝင်ခွင့်စာမေးပွဲ တစ်ခုကို စက်တင်ဘာ ၁ ရက်မှာ စပြီး ကျင်းပနေပါတယ်။

ကိုဗစ်ကူးစက်မှုတွေ မြင့်နေချိန် စိုးရိမ်မှုတွေကြောင့် ကျောင်းသားတွေ ကန့်ကွက်ခဲ့ကြပေမဲ့ Joint Entrance Examination (JEE) စာမေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။

အဲဒီ စာမေးပွဲရွှေ့ပေးဖို့ ကျောင်းသားအများအပြားက စည်းရုံးလှုံ့ဆော်ခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ စာမေးပွဲရွှေ့ပေးဖို့ အများအပြား တောင်းဆိုခဲ့ကြပြီး စာမေးပွဲ ရွှေ့ပေးဖို့ ကျောင်းသားတွေက တရားရုံးမှာလည်း လျှောက်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ စာမေးပွဲကို ကြီးကြပ်တဲ့ နိုင်ငံအဆင့် စာစစ်အဖွဲ့ကတော့ စာမေးပွဲအချိန်ကို ပြန်စီစဥ်ပေးဖို့ ငြင်းခဲ့ပါတယ်။

တရားရုံးချုပ်ကလည်း အစောပိုင်းက ကျောင်းသားတွေ တောင်းဆိုတာကို ငြင်းပယ်ခဲ့ပါတယ်။

စာသင်နှစ် တစ်နှစ်လုံးကို မဖြုန်းပစ်သင့်ဘူးလို့ တရားရုံးက ပြောပါတယ်။

အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ ၃ ဒဿမ ၆ သန်း ရှိနေပြီး အခုရက်ပိုင်းတွေမှာ ကမ္ဘာမှာ နေ့စဥ် ကူးစက်မှု အများဆုံး နိုင်ငံ ဖြစ်နေပါတယ်။

အဲဒီ JEE စာမေးပွဲဟာ အင်ဂျင်နီယာ ကောလိပ်တွေ ဝင်ခွင့်အတွက် စစ်ဆေးတဲ့ စာမေးပွဲ ဖြစ်ပြီး စက်တင်ဘာ ၆ ရက် အထိ စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျောင်းသား ရှစ်သိန်းခွဲကျော်ဟာ အိန္ဒိယတစ်ဝန်းက စာစစ်ဌာန ၆၆၀ မှာ ဖြေဆိုကြမှာ ဖြစ်ပါတယ်။

နောက်ထပ် ပြိုင်ဆိုင်မှု မြင့်မားတဲ့ စာမေးပွဲ ဖြစ်တဲ့ NEET (The National Eligibility cum Entrance Test) စာမေးပွဲကိုလည်း စက်တင်ဘာ ၁၃ ရက်မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီ စာမေးပွဲကတော့ ဆေးပညာတက္ကသိုလ်တွေ ဝင်ခွင့်အတွက် လိုအပ်တဲ့ စာမေးပွဲ ဖြစ်ပါတယ်။

NEET ဝင်ခွင့်ဖြေဆိုမယ့် စာရင်း စာမေးပွဲမတိုင်ခင် လာစစ်ကြတဲ့ ကျောင်းသားတွေ

ကျောင်းသား ၂ ဒဿမ ၅ သန်း ဝန်းကျင်ဟာ ဒီစာမေးပွဲ နှစ်ခုစလုံးကို ဒီနှစ်မှာ ဖြေဆိုကြဖို့ ရှိပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေကတော့ စာမေးပွဲ နှစ်ခုစလုံးကို ကန့်ကွက်နေကြပါတယ်။

အမျိုးသားစာစစ်အဖွဲ့ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် စာမေးပွဲ ကျင်းပမယ့်နေ့ကို အကြိမ်အတော်များများ ရွှေ့ပေးထားပြီး ဖြစ်လို့ နောက်ထပ် ထပ်ရွှေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ကျောင်းသားတွေ စာမေးပွဲလာဖြေရာမှာ ကူးစက်မှုတွေ လျှော့ချဖို့ ကိုယ်အပူချိန်စစ်တာ၊ နေရာတွေခြားထားတာ စတဲ့ ပြင်ဆင်မှုတွေ လုပ်ပေးထားပါတယ်။

ဒါပေမဲ့ စာမေးပွဲကို ရွှေ့စေချင်တဲ့ ကျောင်းသားတွေကတော့ သူတို့ စာမေးပွဲ သွားဖြေရာကနေ သူတို့ မိသားစုထဲက ရောဂါဒဏ်ခံနိုင်ရည်နည်းသူတွေဆီ ဗိုင်းရပ်စ်ပိုး သယ်လာမိမှာကို စိုးရိမ်နေကြပါတယ်။

ကျောင်းသားတချို့ကတော့ ဒီလို မခန့်မှန်းနိုင်တဲ့ အချိန်ကာလမှာ စာမေးပွဲ ဖြေရတာက စိုးရိမ်ကြောင့်ကြရပြီး စိတ်ပင်ပန်းတဲ့ဒဏ်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စာမေးပှဲကို နောကျမရှှေ့စခေငြျတဲ့ ကြောငျးသားတှလေညျး ရှိနပေါတယျ။ သူတို့က စာမေးပှဲအတှကျ ပွီးခဲ့တဲ့ နှစျနှစျကို ပွငျဆငျထားရလို့ နောကျထပျ မသမေခြာ အခွအေနကေို ထပျမတှေ့ခငြျတော့ဘူးလို့ ဆိုပါတယျ။

ကျောင်းသားတွေရဲ့ အသနားခံလျှောက်ထားချက် ဗဟိုတရာရုံးကို ရောက်ပြီး တစ်ပတ်အကြာမှာ စာမေးပွဲကို စီစဥ်ထားတဲ့အတိုင်း ဆက်စစ်ပေးဖို့ တခြားကျောင်းသား အုပ်စုကလည်း အသနားခံ လျှောက်ထားခဲ့ကြပါတယ်။

စာမေးပွဲ နောက်ကျကျင်းပပေးဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေရဲ့နောက်မှာ အတိုက်အခံပါတီတွေရှိတယ်ဆိုပြီး အိန္ဒိယ နိုင်ငံရေးသမားတွေလည်း ဒီအငြင်းအခုန်ကိစ္စနဲ့ ပတ်သက်ပြီး ဝင်ရောက်ပြောဆိုနေကြပါတယ်။

အမြင့်ဆုံး တရားရုံးဆီပေးပိုတဲ့ စာမေးပွဲ ရွှေ့ပေးဖို့ လျှောက်လွှာကို အတိုက်အခံပါတီတွေ အုပ်ချုပ်တဲ့ ပြည်နယ်ခြောက်ခုက ပြီးခဲ့တဲ့ သီတင်းပတ်မှာ လျှောက်ခဲ့ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53987879

ကိုဗစ် စိုးရိမ်မှုတွေကြား အိန္ဒိယ အင်ဂျင်နီယာကောလိပ်ဝင်ခွင့် စစ်ဆေး  ကိုဗစ် စိုးရိမ်မှုတွေကြား အိန္ဒိယ အင်ဂျင်နီယာကောလိပ်ဝင်ခွင့် စစ်ဆေး Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.