မြန်မာကိုဗစ်အတည်ပြု ၁၀၀ ထပ်တိုးပြီး သေဆုံးသူ ၈ ဦးရှိလာ

ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် COVID-19 စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ကြေညာချက်အရ COVID-19 လူနာသစ် အယောက် ၁၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၁,၄၁၉ ဦး ရှိပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၀၂၀ ခုကို စစ်ဆေးခဲ့ပြီး အခုလို အယောက် ၁၀၀ အတည်ပြုလိုက်တာပါ။

ဓာတ်ခွဲအတည်ပြု လူနာအသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ ဆီးချိုရောဂါအခံရှိတဲ့ အသက် ၆၇ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၂၃၆ ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီး၊ နာတာရှည် ကျောက်ကပ်ပျက်စီးပြီး သေဆုံးသွားခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ အခုထိ COVID-19 ကြောင့် သေဆုံးသူ ၈ ဦးရှိပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ တရက်တည်းအတွက် အတည်ပြုလူနာ စုစုပေါင်း ၁၆၆ ယောက်ရှိပြီး စောင့်ကြည့်လူနာက ၁၄၂ ယောက်ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူက ၃၈၅ ယောက် ရှိပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update/5572843.html

မြန်မာကိုဗစ်အတည်ပြု ၁၀၀ ထပ်တိုးပြီး သေဆုံးသူ ၈ ဦးရှိလာ မြန်မာကိုဗစ်အတည်ပြု ၁၀၀ ထပ်တိုးပြီး သေဆုံးသူ ၈ ဦးရှိလာ Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.