ကချင်ပြည်နယ်မှာ တပ်မိသားစု သီးသန့်ပေးရမယ့် မဲရုံတစ်ရုံသာရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ထည့်နေသူတစ်ဦးကို တွေ့ရစဉ်

ကချင်ပြည်နယ်မှာ တပ်မတော်သား မိသားစုဝင်တွေ ဆန္ဒမဲပေးမယ့် မဲရုံ ၅၃ ရုံရှိပြီး အဲဒီအထဲမှာ တပ်မိသားစုဝင်တွေချည်းပဲ သီးသန့်ပေးရမယ့် မဲရုံတစ်ရုံ ပါတယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းအောင်ခိုင် က ပြောပါတယ်။

အရပ်သားတွေနဲ့အတူ  ဆန္ဒမဲပေးရမယ့် မဲရုံ ၅၂ ရုံရှိပြီး၊ အရပ်သားတွေမရှိဘဲ တပ်မိသားစုဝင်တွေချည်းပဲ နေထိုင်တဲ့ ပူတာအိုမြို့ တပ်သစ်ရပ်ကွက်က မဲရုံမှာ တပ်မတော်သားတွေချည်းပဲ မဲပေးကြမှာ ဖြစ်ပါတယ်။

တပ်မတော်သားနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်းကို ပထမအကြိမ် အရပ်သားတွေ မဲစာရင်းနဲ့အတူ ကြေညာခဲ့ပြီး သူတို့စာရင်းကိုတော့ သီးသန့် ထုတ်ပြန်လို့မရဘူးလို့ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

ကချင်ပြည်နယ်က အန်ဂျန်းယန်၊ ဆော့လော်၊ နောင်မွန်၊ ဆွန်ပရာဘွမ်နဲ့ ခေါင်လန်ဖူးစတဲ့ မြို့နယ်ငါးခုမှာတော့ တပ်မဲရုံမရှိဘဲ ကျန်တဲ့ ၁၃ မြို့နယ်မှာ တပ်မဲရုံတွေ ရှိတယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ရွေးကောက်ပွဲတွေမှာ တပ်မဲရုံတွေကို တပ်တွင်းမှာ ထားရှိခဲ့ပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်မဲရုံတွေကို တပ်ပြင်မှာထားရှိဖို့ ကော်မရှင်က ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ပထမအကြိမ်ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၀ သိန်း ၈ သောင်းရှိပြီး နိုင်ငံရေးပါတီ ၁၉ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/only-one-polling-station-for-military-families-in-kachin-09022020041804.html

ကချင်ပြည်နယ်မှာ တပ်မိသားစု သီးသန့်ပေးရမယ့် မဲရုံတစ်ရုံသာရှိ  ကချင်ပြည်နယ်မှာ တပ်မိသားစု သီးသန့်ပေးရမယ့် မဲရုံတစ်ရုံသာရှိ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.