ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ


နိရဥၥရာ၊ စက္တင္ဘာ ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသည့် တောင်ကုတ်ဒေသခံ နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့ နှစ်ဦးမှာ အသက် ၄၂ နှစ်၊ လူနာအမှတ် (၁၃၁၇) နှင့် အသက် ၂၆ နှစ်၊ လူနာအမှတ် (၁၃၁၈) အမျိုးသား နှစ်ဦးတို့ဖြစ်ကြသည်။ ၎င်းတို့ကို လက်ရှိ တောင်ကုတ်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

Covid 19 အတည်ပြု လူနာများနှင့် ထိတွေ့ဆက်ဆံမှု မရှိသလို ပြည်ပ ခရီးသွားရာဇဝင်လည်း မရှိကြောင်း သိရသည်။

တောင်ကုတ်မြို့ပြည်သူ့ဆေးရုံ လက်ရှိတာဝန်ခံ ဒေါက်တာ လှထွန်းဇော်က ၎င်းလူနာနှစ်ဦးမှာ ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသူများကြောင်း အတည်ပြု ပြောကြားသည်။

“လူနာ ရာဇဝင်အရ သူတို့က ဘူးသီးတောင်ထောင်ထဲက လွတ်လာပြီး ဒီမြို့နယ်ထဲကို ရောက်တာ သြဂုတ် ၁၆ ရက်နေ့က ရောက်တယ်။ သူတို့နေမကောင်းတဲ့ အတွက် လွန်ခဲ့တဲ့ ရက်အနည်းက နမူနာစစ်တော့ Positive ဖြစ်တယ်။ မနေ့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်တဲ့ ပိုးတွေ့ လူနာစာရင်းမှာ ပါလာတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောကြားသည်။

စက်တင်္ဘာလ ၆ ရက်နေ့ နေ့လယ် (၁) နာရီက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းတွင် သူတို့ နှစ်ဦးစာရင်းပါလာခဲ့သည်။ လက်ရှိတွင် တောင်ကုတ်ဆေးရုံတွင် သူတို့ နှစ်ဦးအပါအဝင် (၇) ဦး ရှိသွားပြီ ဖြစ်ပြီး လူနာများအားလုံးမှာ ရောဂါလက္ခဏာမပြဘဲ သာမာန်အနေအထားရှိ၍ စိုးရိမ်စရာ မရှိကြောင်း ဒေါက်တာ လှထွန်းဇော်က ပြောကြားသည်။

၎င်းလူနာအမှတ် (၁၃၁၇) နှင့် (၁၃၁၈) မှာ ဘူးသီးတောင်ထောင်ထဲမှ လွတ်လာကြသူများဖြစ်သဖြင့် ဘူးသီးတောင်ထောင်နှင့် ပတ်သက်ပြီး  တစ်ခုခု အစီအစဉ်ချမှတ် လုပ်ဆောင်ရန် အစီအစဉ်ရှိပါသလားဟု မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးသို့ နိရဥ္စရာ သတင်းဌာနမှ မေးမြန်းရာ တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။

“ သူတို့ နှစ်ဦးဘူးသီးတောင်ထောင်ထဲက ပြန်လွတ်သွားတာမှန်ပေမယ့် စစ်တွေမှာ ပိုးမတွေ့ခင် ၂ ရက် အရင်၊ သြဂုတ် ၁၄ ရက်နေ့က လွတ်သွားတဲ့သူတွေ ဖြစ်တဲ့ အတွက် ဘူးသီးတောင်ထောင်ထဲမှာ ဖြစ်ပွားခဲ့တာ မဟုတ်ဘူး။ ထောင်ကို နှာခေါင်းတို့ဖတ် နမူနာတွေ စစ်ဆေးဖို့ မရှိသေးသလို ကွာရန်တင်း ဝင်တာတို့ Lockdown လုပ်ဖို့ အစီအစဉ်တို့ မရှိပါ” ဟု ပြောကြားသည်။ဟု ပြောကြားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီ အချိန်ထိ ကိုဗစ် ၁၉ တွေ့ရှိလူနာ ၅၄ဝ ရှိသွားပြီဖြစ်ကာ ထိုအထဲမှ စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေသူ ၁၃ ဦးမှာ ရောဂါပိုးမတွေ့တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရသွားကြပြီဟု သိရသည်။


ခိုင်လူလှ (ရိုးမမြေ)

Narinjara

https://www.facebook.com/narinjara.info

ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.