ရန်ကုန်မြို့ရှိ Quarantine စင်တာတခုက ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀) |
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်တဲ့အတွက် COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦး ရှိသွားပါပြီ။
အခုသေဆုံးသူ ၆ ဦးစလုံးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေသူတွေဖြစ်ပြီး အသက် ၆၀ ကနေ ၈၄ နှစ်ကြား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။
ဒီကနေ့ ညနေပိုင်းအထိဆိုရင် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၄,၆၂၁ ယောက်ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်သူအများဆုံး ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်ဖို့ နိုင်ငံတဝန်းမှာ ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-6-more-dead-in-myanmar/5589721.html
မြန်မာနိုင်ငံတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဦးထပ်တိုး
Reviewed by THITHTOOLWIN
on
18:19
Rating:
No comments:
Post a Comment