ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ

ကလေးဝ    စက်တင်ဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲခန့်က ကလေး-ကလေးဝ ကားလမ်း သစ်ချောက်ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကား တစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးဝမြို့နေ ယာဉ်မောင်း ကိုမင်းနိုင်ဦး ၄၇ နှစ်သည် Ford Ranger အမျိုးအစား ခဲရောင်အိမ်စီးကားအား တမူးမြို့မှ ကလေးဝ မြို့သို့ ကိုသိန်းဌေး၊ ကိုပေါက်စီးတို့နှင့်အတူ မောင်းနှင်လာစဉ် သစ်ချောက် ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၅ မိုင် အနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက်ခြမ်းရှိ မြစ်သာမြစ်အတွင်း ပြုတ်ကျနစ်မြုပ်ခဲ့၍ မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ခဲ့ရာ ယာဉ်မောင်း ကိုမင်းနိုင်ဦးမှာ နေရာတွင်သေဆုံးခဲ့ပြီး ကိုသိန်းဌေး၊ ကိုပေါက်စီးတို့မှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် ကလေးဝမြို့  ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


သက်ဟန် (ကလေးဝ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ Reviewed by THITHTOOLWIN on 18:15 Rating: 5

No comments:

Powered by Blogger.