ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နိုဝင်ဘာမှာထွက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ

အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ တခုဖြစ်တဲ့ Moderna က ကာကွယ်ဆေးတမျိုးကို ကျန်းမာရေးဝန်ထမ်း တဦးက ကိုင်ထားတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၇၊ ၂၀၂၀)

နိုဝင်ဘာလမှာ အစောဆုံး ထွက်လာနိုင်တဲ့ COVID-19 ကာကွယ်ဆေး နှစ်မျိုးဟာ အလားအလာကောင်းတဲ့ နည်းစနစ်တွေကို အသုံးပြုထားပြီး ထွက်လာဖို့အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။

ရောဂါပိုးအစား မျိုးဗီဇကို အခြေခံတဲ့ အဲဒီကာကွယ်ဆေးအသစ်တွေကို အသုံးပြုတဲ့အခါမှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် အသုံးပြုနိုင်မလားဆိုတာကို ပထမဆုံး စမ်းသပ်ခံရမှာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Moderna က ကာကွယ်ဆေးတမျိုးကို ထုတ်လုပ်နေပြီး နောက်တခုကတော့ ဂျာမနီက BioNTech ဆေးကုမ္ပဏီနဲ့ အမေရိကန်မှာ အခြေစိုက်တဲ့ Pfizer ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒီမတိုင်ခင်ထုတ်တဲ့ ကာကွယ်ဆေးတွေကတော့ ရောဂါပိုးကို သေစေတာ ဒါမှမဟုတ် အားနည်းသွားစေတဲ့ ကိုယ်ခံအားစနစ်ကို ဖြစ်ပေါ်စေပါတယ်။ ကာကွယ်ဆေးအသစ်ထဲမှာ mRNA လို့ခေါ်တဲ့ မျိုးဗီဇတခုလည်း ပါဝင်ပြီး အဲဒီ mRNA က လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တမျိုးကိုဖြစ်ပေါ်စေပြီးတော့ အဲဒီဗိုင်းရပ်စ်က COVID-19 ရောဂါပိုးကို တိုက်ဖျက်ပေးမယ့် ကိုယ်ခံအားစနစ်ကို အားကောင်းစေမှာဖြစ်ပါတယ်။

အဲဒီကာကွယ်ဆေးတွေဟာ လူတွေကို ကုသဖို့အတွက် မျိုးဗီဇကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပထမဆုံးကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-vaccine/5570770.html

ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နိုဝင်ဘာမှာထွက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နိုဝင်ဘာမှာထွက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ Reviewed by THITHTOOLWIN on 19:13 Rating: 5

No comments:

Powered by Blogger.