မြိတ်မြို့ရှိ ရတနာရောင်းဝယ်ရေးဆိုင်အချို့မှာ ရွှေလက်ကောက်အတုများ လိုက်လံပေါင်နှံထားတဲ့အဖွဲ့ကို သြဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးရမိကြောင်းသိရပါတယ်။
မြိတ်တောင်နယ်မြေ၊ အောင်ဆန်းလမ်းမကြီးမှာ ဖွင့်ထားတဲ့ "ရွှေဒီပါ"ရတနာရွှေဆိုင်မှာ အမျိုးသား ၂ ဦးက ရွှေလက်ကောက် ၃ ကွင်း(၄ ကျပ်ခွဲသားခန့်)ကို ၃၈ သိန်းဖြင့်လာရောက်ပေါင်နှံခဲ့တာပါ။
အဆိုပါလက်ကောက်အား အရည်ဖျော်(အထည်ဖျက်)ရန် ညှပ်ဖြတ်ရာ လက်ကောက်အတွင်းဘက်၌ ရွှေမဟုတ်ပဲ အဖြူရောင်ဖြစ်နေကြောင်းသိရပါတယ်။
ဖြစ်စဥ်နှင်ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်မှ CCTV မှတ်တမ်းဖြင့် မြိတ်မြို့မရဲစခန်းတွင် တိုင်ကြားရာ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမှ အောင်မြတ်သူ(ခ)နိုင်လင်းဦး(၃၀)နှစ်၊အား ဖမ်းဆီးရမိပြီး တစ်ဦးကထွက်ပြေးလွတ်မြောက်သွားပေမယ့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ သက်သေခံ ပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းသိရပါတယ်။
အလားတူဖြစ်စဥ်မျိုး မြိတ်တောင်နယ်မြေ ၊ မြို့သစ်စျေးမှ "ဟန်နီအောင် "ရွှေဆိုင်မှာ အလေးချိန်(၂ ကျပ်၊ ၇ ပဲ)ခန့်ရှိတဲ့ လက်ကောက်ကို ၂၅ သိန်းဖြင့် လာရောက်ပေါင်နှံသူ ရန်ကုန်တိုင်း၊သင်္ကန်းကျွန်းမြို့နယ်က အောင်ဌေး (၄၇ )နှစ်၊ဆိုသူကို ရဲတပ်ဖွဲမှ ဖမ်းဆီးရမိပြီး ထပ်မံစစ်ဆေးရာ နောက်ထပ် ၂ဦး ကို ဖမ်းဆီးရမိကြောင်းသိရပါတယ်။
ရွှေလက်ကောက်အတုများ လိုက်လံပေါင်နှံသူတွေဖြစ်တဲ့ ချိုလင်း (၃၈) နှစ်၊ကျော်စွာ (၂၅)နှစ် ၊အောင်ဌေး (၄၇)နှစ် ၊ အောင်မြတ်သူ (ခ)နိုင်လင်းဦး(၃၀)နှစ် ၊နှင့် အောင်ကိုလတ်( ၃၀)နှစ်၊ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/ ၁၁၄ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။
မြတ်ထွဋ်(မြိတ်)
No comments:
Post a Comment