စံချိန်တင်ပိုးတွေ့သူ တစ်ရာမှာ ရန်ကုန်နဲ့ ရခိုင်ကအများဖြစ်


မနေ့က ပိုးတွေ့သူ တစ်ရာစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်က ၄၉ ဦး၊ ရန်ကုန် က ၄၇ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ကျန်တဲ့လေးယောက်ကတော့ နေပြည်တော်၊ မြင်းခြံ ၊ မကွေး နဲ့ တောင်ငူ တို့က ဖြစ်ကြပါတယ်။

စာရင်းထဲမှာ စစ်တွေအပြင် ပြည်ပခရီးသွားရာဇဝင်မရှိသူ၊ လူနာနဲ့ထိတွေ့မှုမရှိသူ ရန်ကုန်တိုင်းထဲက စုစုပေါင်း ၁၇ ဦးပါဝင်ပါတယ်။

အဲဒီ ၁၇ ဦးကတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၂ ခုဖြစ်တဲ့ သင်္ကန်းကျွန်း၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ အင်းစိန်၊ ဒဂုံမြောက်၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံနဲ့ ပုဇွန်တောင် မြို့နယ်တို့က ဖြစ်ပါတယ်။

ပိုးတွေ့သူ တစ်ရာမှာ အသွားအလာကန့်သတ်ထားရှိသူတွေကို အများဆုံးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး စောင့်ကြည့်လူနာတချို့ဆီကလည်း တွေ့ခဲ့ပါတယ်။

ဒီကနေ့ နေ့လည် တစ်နာရီအထိ မြန်မာနိုင်ငံမှာ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၈၇) ဦးအထိ ရှိနေပြီလို့ ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese

စံချိန်တင်ပိုးတွေ့သူ တစ်ရာမှာ ရန်ကုန်နဲ့ ရခိုင်ကအများဖြစ် စံချိန်တင်ပိုးတွေ့သူ တစ်ရာမှာ ရန်ကုန်နဲ့ ရခိုင်ကအများဖြစ် Reviewed by THITHTOOLWIN on 17:58 Rating: 5

No comments:

Powered by Blogger.