စစ်တွေခရိုင်မှ စစ်ဘေးရှောင်မိသားစု တစ်စုလျှင် ငွေ ၄ဝဝဝဝ ကျပ်ထောက်ပံ့ပေးမည်


နိရဥၥရာ၊ စက္တင္ဘာ ၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များအား Covid -19 Economic Relief Plan နိုင်ငံတော်မှ ကိုဗစ် စီးပွားရေး ကုစားမှုအစီအစဉ် (CENP) အရ အိမ်ထောင်စု တစ်စုလျှင်  ငွေ ၄ဝဝဝဝ ကျပ်စီ ထောက်ပံ့ပေးနေရာ နောက်ဆုံးကျန်ရှိနေသည့် စစ်တွေခရိုင်အတွင်း ယခုရက်ပိုင်းတွင် ပေးဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။

အဆိုပါငွေ ၄ဝဝဝဝ ကျပ်အား စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများသာမက ဆွေမျိုးများအိမ်တွင် နေထိုင်သူ စစ်ဘေးရှောင်များအတွက်မှာ ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးရဲမင်းဦးက “ စီးပွားရေးကုစားမှု အစီစဉ်က ပေးမယ့် ငွေ ၄ဝဝဝဝ ကျပ်ကို စစ်ဘေးရှောင်ခန်းတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်မိသားစုတွေနဲ့ ဆွေးမျိုးတွေ အိမ်မှာနေထိုင်တဲ့ မိသားစုဝင်တွေကိုလည်း ပေးသွားမှာဖြစ်တယ်” ဟု ပြောသည်။

အချိုပါထောက်ပံ့ငွေများအား တခြားနေရာများတွင် ပေးနေပြီးဖြစ်ပြီး စစ်တွေခရိုင်တစ်ခုတည်းတွင်သာ မပေးရဘဲ ကျန်ရှိနေသည့်အတွက် ယခုရက်ပိုင်းတွင်ပေးဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါငွေပေးချေရာတွင် အလေအလွင့်များမရှိစေရန်အတွက် စစ်တွေမြို့ပေါ်အတွင်း စစ်ဘေးရှောင်စခန်း ၃ဝ အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ စေတနာဝန်ထမ်း ၃ဝ က ငွေပေးချေရာတွင်  စောင့်ကြပ်ကြည့်ရှုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ဘေးရှောင်ဦးရေ နှစ်သိန်း ခန့်အထိရှိသည့် ရခိုင်ပြည်နယ်တွင် ရမ်းဗြဲမြို့နယ်မှအပ ကျန်ရှိနေသော မြို့နယ် ၁၆ ခုတွင် covid – 19 ရောဂါဖြစ်ပွားမှုများရှိနေသည်။


ထွန်းခိုင် (တောင်ရင်းကျွန်း)

Narinjara

https://www.facebook.com/narinjara.info

စစ်တွေခရိုင်မှ စစ်ဘေးရှောင်မိသားစု တစ်စုလျှင် ငွေ ၄ဝဝဝဝ ကျပ်ထောက်ပံ့ပေးမည် စစ်တွေခရိုင်မှ စစ်ဘေးရှောင်မိသားစု တစ်စုလျှင် ငွေ ၄ဝဝဝဝ ကျပ်ထောက်ပံ့ပေးမည် Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.