![]() |
ဒီ အဆိုမူကြမ်းက မြန်မာနိုင်ငံအတွင်းက လူမှုအဖွဲ့အစည်းတစ်ချို့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရစေတဲ့ ကန့်သတ် ပိတ်ပင်ချက်တွေ ကို ပြစ်တင် ရှုတ်ချ ထားသလို မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စဉ်ကို ဆက်လက် ထောက်ခံ အားပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းသွားမှာလည်း ဖြစ်ပါတယ်။
ခေတ်သစ် သမိုင်းမှာ မြန်မာနိုင်ငံဟာ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့ရကြောင်း၊ အခုအခါမှာလည်း ရိုဟင်ဂျာနဲ့ တခြား လူနည်းစုတွေ အပေါ် ဒီမိုကရေစီ ဖြစ်စဉ်ထဲကနေ ဖယ်ကျဉ်ထားဖို့ ပူးပေါင်း ကြိုးစားလာနေကြောင်း၊ဒါကြောင့် အမေရိကန်က ပါတီကြီး နှစ်ရပ်လုံး လက်ခံ သဘောတူတဲ့ ဒီ အဆိုမူကြမ်းကို တင်သွင်းရတာ ဖြစ်ကြောင်း၊ အဆိုမူကြမ်းက အခု ရွေးကာက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းစဉ်မှာ အရေးပါတာကို အသိအမှတ်ပြုသလို မြန်မာပြည်သူပြည်သား အားလုံးမဲပေးနိုင်ဖို့ ခွင့်ပြုရမှာ ဖြစ်ကြောင်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင် မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Ben Cardin က ပြောပါတယ်။
ဒီ အဆိုမူကြမ်းကို Ben Cardin အပါအဝင် အထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင် Indiana ပြည်နယ် အထက် လွှတ်တော်အမတ် Todd Young၊ အောက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင်တွေ ဖြစ်တဲ့ Michigan ပြည်နယ် အောက်လွှတ်တော် အမတ် Andy Levin၊ အိုဟိုင်ယိုး ပြည်နယ် အောက် လွှတ်တော် အမတ် Steve Chabot နဲ့အတူ အောက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ နယူးယောက်ပြည်နယ်က အောက်လွှတ်တော် အမတ် Eliot Engel တို့ဦးဆောင် တင်သွင်းမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-election-us-congress-/5589638.html

No comments:
Post a Comment