ရန်ကုန်မြို့ထဲတနေရာတွင် နှာခေါင်းစည်းတပ် သွားလာနေကြသူတချို့. (မေ ၁၅၊ ၂၀၂၀) |
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၂ ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်းသေဆုံးသူအရေအတွက် အယောက် ၇၀ ရှိသွားပါပြီ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး၊ လူနာအမှတ် ၄,၀၅၉ ဟာ ဒီကနေ့မနက် ၁၀ နာရီခွဲမှာ ကွယ်လွန်ခဲ့ပြီးတော့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ အသက် ၇၄ နှစ်အရွယ် အမျိုးသား၊ လူနာအမှတ် ၃၉၉၄ ဟာ ဒီကနေ့မနက် ၄ နာရီက ကွယ်လွန်သွားခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၅၃၄ ခုထဲမှာ ကိုဗစ်ရောဂါ ကူးစက်တယ်လို့ အတည်ပြုသူ နောက်ထပ် ၁၆၈ ဦး ထပ်တွေ့ပါတယ်။
ဒါကြေင့် အခုချိန်ထိဆိုရင် မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၄,၄၆၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဆေးရုံကနေ ဆင်းခွင့်ရရှိသူကတော့ ၁၈၆ ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်း ၁,၁၃၀ ဦး ဆေးရုံတွေကနေ ဆင်းသွားကြပြီးဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း ရောဂါပိုးကူးစက်သူတွေထဲ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5588694.html
No comments:
Post a Comment