ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို တွေ့ရစဉ်
Photo: Nyan Soe Win / RFA
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ရုံးက စာရေးကြီး ဦးမြင့်သန်းက ဘုရားဘဏ္ဍာငွေကျပ်သိန်းပေါင်း ၈၆၀ ကျော်ကို အလွဲသုံးစားပြုခဲ့တယ်လို့ စွပ်စွဲခံထားရပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့ မနေ့က ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ ထိန်းသိမ်းခံလိုက်ရပါတယ်။
စခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်က RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီးပြီခင်ဗျ၊ ငွေစာရင်း ကွာတာပါ၊ တရားစွဲဖို့အတွက် ကျွန်တော်တို့ တာဝန်ပေးထားတဲ့ ရုံးအဖွဲ့မှူးက တရားစွဲလိုက်ပါပြီ။ အဲဒါ ရဲစခန်းကို မေးတော့မှ အတိအကျ သိမယ်လေ၊ အမှုဖွင့်လိုက်ပြီဆိုတော့ တရားဥပဒေအတိုင်း သွားရတော့မယ်”
ရွှေဆိုင်းအရောင်းဌာနနဲ့ ဘက်စုံအလှူခံဌာနတွေကနေ ဘုရားဂေါပကအဖွဲ့ရုံးထံ ပေးသွင်း အပ်နှံထားတဲ့ငွေ ကွာဟမှု ရှိနေတယ်လို့ စွပ်စွဲတိုင်ကြားခံခဲ့ရတာလို့ ကင်မွန်းချောင်းနယ်မြေရဲစခန်းက ရဲအုပ်ဖြိုးဝေမျိုးက ပြောပါတယ်။
“အခုတော့ အမှုဖွင့်ထားပြီးပါပြီး၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ နဲ့ပဲ အရေးယူထားပါတယ်ခင်ဗျ၊ ဒီနေ့တော့ ရမန်ယူတယ်၊ မနက်ဖြန်မှ အသေးစိတ် စစ်ရမယ်ခင်ဗျ။ ရာဇသတ်ကြီးပုဒ်မ ၄၀၈ ဆိုတာက အာမခံပေးလို့ မရဘူးလေ၊ အဲဒါ ကျွန်တော်တို့ ရမန်နဲ့ စစ်ရတာ၊ ရမန် တစ်လရတာပေါ့နော်”
ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တနည်းနည်းနဲ့ အပ်နှံခြင်းခံထားရချိန် အဲဒီပစ္စည်းနဲ့ စပ်လျဉ်းပြီး ရာဇဝတ်မကင်းတဲ့ ဖောက်ဖျက်မှုကို ကျူးလွန်မယ်ဆိုရင် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၈ မှာ ပြဋ္ဌာန်းထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/kyite-htee-yoe-guardian-accused-09222020064641.html

No comments:
Post a Comment