ဂွမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

နိရဥၥရာ၊ စက္တင္ဘာ ၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက လက်မှတ်ရေးထိုးပြီး ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ဂွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက “ဟုတ်ကဲ့ ကျွန်တော်တို့ ဒီနေ့ပဲ အဲဒီအမိန့်ကို ထုတ်လိုက်တာပါ။ ကျွန်တော်တို့က အဓိကကတော့ အိမ်ထဲမှာ နေစေချင်တာပေါ့။ ဒီကူးစက်ရောဂါ ဘာညာဖြစ်မှာစိုးလို့ နေအိမ်မှာ နေစေချင်လို့ ထုတ်တာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ဂွမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စမှအပ ည ၉ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရဟု ထုတ်ပြန်သည့် အမိန့်တွင် ပါရှိသည်။

အဆိုပါ အမိန့်မှာ အများပြည်သူများအကျိုးငှာ ရည်ရွယ်၍ ထုတ်ပြန်သည့် အမိန့်ဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။

အဆိုပါ အမိန့်မှာ ယနေ့ ထုတ်ပြန်သည့် နေ့မှစ၍ (၂) လ အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁ ရက်နေ့  ည ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၃၉၈ ဦး ဦးရှိသွားပြီဖြစ်ပြီး ယင်းထဲမှ ဂွမြို့နယ်ရှိ ၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။


ဆောင်းဇာခြည်

Narinjara

https://www.facebook.com/narinjara.info

ဂွမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန် ဂွမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန် Reviewed by THITHTOOLWIN on 22:31 Rating: 5

No comments:

Powered by Blogger.