အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို


နိရဥၥရာ၊ စက္တင္ဘာ ၃/ ၂ဝ၂ဝ

အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စု၊ လူပျိုချောင်းကျေးရွာမှ လူတစ်ဦးအားသတ်ဖြတ်ခဲ့ကြသူများဟု သံသယရှိသူ လူ ၅ ဦးအား ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်ဆီးရမိသူများမှာ အောင်ကျော်(ခ)မောင်ပေ(၁၈)နှစ်၊ ကျော်ဌေး(၂၄)နှစ်၊ ရောင်းပိန်(၄ဝ)နှစ်၊ ငနှောင်း(၃၃) နှစ်နှင့် ဦးဆုံး(၄၅)နှစ်ဖြစ်ကာကာ အမ်းမြို့နယ်တွင် နေထိုင်သည့် ချင်းလူမျိုးများဖြစ်ကြသည်ဟု အမ်းမြို့မ ရဲစခန်းမှ ရဲအုပ်ကိုကိုဝင်းက ပြောသည်။

သူတို့သည်  လူပျိုချောင်း ကျေးရွာမှ ဇော်မျိုးထွန်း(ခ)အားချေ (၃၇)နှစ်အား သတ်ဖြတ်ပြီး သုံးပိုင်းပိုင်းကာ ဆာလာအိတ်များထဲတွင် ထည့်၍ လူပျိုချောင်းကျေးရွာ အနီးချောင်းထဲတွင် စွန့်ပစ်ထားခဲ့သည်ဟု သိရသည်။

ပြစ်မှုကျုးလွန်သူ ၅ ကို အမှုဖွင့်ပြီး ၄၈ နာရီအတွင်းက စက်တင်ဘာ ၂ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အား ဖမ်းဆီးရရှိခဲ့သော်လည်း အဓိကတရားခံဟု ယူဆရသူနှစ်ဦးဖြစ်ကြသည့်  ညီညီ(ခ) ဝင်းမောင်နှင့် အောင်အောင်(ခ)ငအောင်တို့မှာ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း ၎င်းရဲအုပ်က ပြောသည်။

“ကျွန်တော်တို့ ဒီအမှုကို သြဂုတ် ၃၁ ရက်နေ့ ညနေမှ စ အမှုဖွင့်ပြီး စက်တင်ဘာ ၂ ရက်နေ့ ညနေမှာ ငါးယောက်ဖမ်းမိတာပါ။ အဓိက တရားခံလို့ယူဆရတဲ့ ညီညီနဲ့ နောက်တစ်ယောက်ကို မမိသေးပါဘူး” ဟု သူကပြောသည်။

သေဆုံးသူ ဇော်မျိုးထွန်းက ညီညီ၏ သမီးဖြစ်သူအားမဖွယ်မရာပြောဆိုခဲ့သည့်အတွက် ယခုကဲ့သို့ သတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ သတ်ထားသည့်အလောင်းအား သုံးပိုင်းပိုင်းကာ ဆာလာအိတ်သုံးအိတ်ဖြင့် ငှက်ပျောချောင်းကျေးရွာအနီး မအီကာလမ်းဘေးချောင်းထဲတွင် ကျောက်ခဲများဖြင့် တွဲချည်၍ ချထားခဲ့ကြကြောင်း၊  ရဲတပ်ဖွဲ့မှ လူပျောက်တိုင်တန်းလာ၍ ရှာဖွေရာက အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် အဓိက ပြစ်မှုကျူးလွန်သူများအား အမ်းမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ လွတ်မြောက်နေသူ အဓိက ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိရေး ကြိုးစားနေကြောင်း သိရသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.