မြန်မာမှာ ကိုဗစ်လူနာ ၅ ဦးထပ်တိုး၊ စုစုပေါင်း ၃၇၄ ဦးရှိ


မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၅ ဦး နောက်ထပ် အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၃၇၄ ယောက် ရှိပြီ ဖြစ်ပါတယ်။ မနေ့က ဓါတ်ခွဲ နမူနာ ၁၄၆၈ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅ ယောက်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက် ညပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့အားလုံးက ပြည်ပက ပြန်ရောက်လာသူ တွေဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူတွေလည်း ဖြစ်ပါတယ်။


မနေ့က အတည်ပြုလူနာ အမျိုးသား ၅ ဦးမှာ အမေရိကန်နိုင်ငံက ပြန်လာသူ ၁ ဦး၊ ယူအေအီးနိုင်ငံ က ၁ ဦးနဲ့ ကျန် ၃ ဦးက အိန္ဒိယက ပြန်လာ တာဖြစ်ပါတယ်။COVID-19 အတည်ပြုလူနာဟောင်းတွေထဲ ရောဂါပိုးကင်းစင်လာသူ ၃၂၂ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိပါတယ်။ အခုထိ COVID-19 ဓါတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ သိန်း ၃ သောင်းနီးပါးပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။


လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုကို အတိုင်းအတာ တခုထိထိန်းချုပ်ထားနိုင်ပေမဲ့ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေဘဲ ချမှတ် ထားတဲ့ စည်းကမ်း လမ်းညွှန်ချက်တွေကို ဆက်လက် လိုက်နာကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကသတိပေးထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-case-374-/5544215.html

မြန်မာမှာ ကိုဗစ်လူနာ ၅ ဦးထပ်တိုး၊ စုစုပေါင်း ၃၇၄ ဦးရှိ မြန်မာမှာ ကိုဗစ်လူနာ ၅ ဦးထပ်တိုး၊ စုစုပေါင်း ၃၇၄ ဦးရှိ Reviewed by THITHTOOLWIN on 18:29 Rating: 5

No comments:

Powered by Blogger.