ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ စျေးဝယ်စင်တာဆောက်ဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြုပ်နှံမည်

ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ စျေးဝယ်စင်တာဆောက်မည် (ဓါတ်ပုံ-Shwe Taung Co.,Ltd )

ဂျပန် လက်လီဖြန့်ချီရေး စီးပွါးရေးလုပ်ငန်းစု အဖွဲ့ Aeon က ရန်ကုန်မြို့မှာ စျေးဝယ်စင်တာကြီးတခုဆောက်လုပ်သွားဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ အင်္ဂါနေ့ကပြောပါတယ်။ ဒါဟာ Aeon စီးပွားရေး အုပ်စုအနေနဲ့မြန်မာနိုင်ငံ ဈေးကွက်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

ဒီ Aeon Mall shopping complex ကို ရန်ကုန်မြို့လယ်ကနေ သိပ်မဝေးတဲ့နေရာမှာ မြေအကျယ် ၁၈ ဧကလောက်နေရာယူ တည်ဆောက်သွားမယ်လို့ Aeon ကုမ္ပဏီကပြောပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ စနိုင်ဖို့နဲ့ ဈေးဝယ် စင်တာကို ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ရည်မှန်းထားတာပါ။

ဒီစျေးဝယ်စင်တာကြီး တည်ဆောက်ဖို့ကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရွှေတောင် စီးပွါးရေးလုပ်ငန်းစုနဲ့ ဖက်စပ် လုပ်ကိုင်မှာဖြစ်ပါတယ်။ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုမှာ Aeon လုပ်ငန်းစုက ၇၀% ပိုင်ဆိုင်ပြီး ရွှေတောင် ကုမ္ပဏီက ၃၀% ပိုင်ဆိုင်မှာဖြစ်ပါတယ်။

Aeon လုပ်ငန်းစုက ကမ္ဘောဒီးယားနိုင်ငံမှာလည်း စျေးဝယ်စင်တာကြီး ၂ ခု ဖွင့်လှစ်ထားပြီး နောက်ထပ် တစ်ခုထပ်ဖွင့်ဖို့ကိုလည်း ဆုံးဖြတ်ထားတယ်လို့ Nikkei Asian Review သတင်းဌာနက ပြောပါတယ်။ ကမ္ဘောဒီးယားမှာ ဖွင့်ထားတဲ့ စင်တာကြီးတွေမှာ အောင်မြင်မှုတွေရနေတာကြောင့် Aeon ကုမ္မဏီက စျေးကွက်ချုပ်ကိုင်နိုင်တဲ့ ပြိုင်ဘက် မရှိသေးတဲ့ မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံ ဖို့ စတင်လုပ်ဆောင်တာဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ပြော ပါတယ်။

မြန်မာနိုင်ငံက အိမ်ခြံမြေ ရောင်းဝယ်ရေးနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်တဲ့ ရွှေတောင်ကုမ္ပဏီ အုပ်စုက ၁၉၉၉ ခုနှစ် ကစလို့မြန်မာနိုင်ငံတွင်း စျေးဝယ်စင်တာ ၆ ခု တည်ဆောက်လည်ပတ်နေတာဖြစ်ပြီး အဲဒီ အထဲ ၂၀၁၇ ခုနှစ်တုန်းက ဖွင့်လှစ် ခဲ့တဲ့ Junction City shopping complex ပါဝင်ပါတယ်။

အခုဆောက်လုပ်မယ့် Aeon စျေးဝယ်စင်တာက သီလဝါအထူးစီးပွါးရေးဇုံအနားမှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ရွှေတောင်ကုမ္ပဏီ က မြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ကိုင် နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောက်လုပ် သွားမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ စျေးဝယ်စင်တာဆောက်ဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြုပ်နှံမည် ဂျပန် Aeon ကုမ္ပဏီ ရန်ကုန်မှာ စျေးဝယ်စင်တာဆောက်ဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြုပ်နှံမည် Reviewed by THITHTOOLWIN on 06:25 Rating: 5

No comments:

Powered by Blogger.