ရိုးမဘဏ်ကို အကောင်းဆုံး လက်တွဲဖော်ဘဏ်အဖြစ် IFC ရွေးချယ်

ရိုးမဘဏ်ရဲ့ မန္တလေးမြို့ က Business Center (ဓါတ်ပုံ Credit -www.YomaBank .com)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံက ရိုးမဘဏ်ဟာ ၂၀၁၉ ခုနှစ်အတွင်း အပြည်ပြည်ဆိုင် ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ရွေးချယ်တဲ့ အကောင်းဆုံး လက်တွဲဖော်ဘဏ်တွေထဲ ပါဝင်တယ်လို့ မနေ့ တနင်္လာနေ့က IFC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုထဲ က အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင် ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ကမ္ဘာပေါ်က ဘဏ်ပေါင်း ၄၇ ဘဏ်ကို ၉ ကြိမ်မြောက် နှစ်စဉ် ကုန်သွယ်ရေးဆိုင်ရာ ဆုချီးမြှင့်ရာမှာ ရိုးမဘဏ် အခုလို ချီးမြှင့်ခံရတာလည်းဖြစ်ပါတယ်။ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ ရောပြွန်းနေပြီးစီးပွားရေးအခြေခိုင်မာမှုမရှိတဲ့နိုင်ငံ Fragile Statesတွေထဲက အရှေ့အာရှနဲ့ ပစိဖိတ်ဒေက ရွေးချယ်ခံရတဲ့ လက်တွဲဖော် အကောင်းဆုံး ဘဏ် ၇ ဘဏ်ထဲမှာ ရိုးမဘဏ်ကို အခုလို ထည့်သွင်း ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုဂ္ဂလိက ကဏ္ဍကို အဓိက အကူအညီပေး ငွေထုတ်ချေးတဲ့ IFC က ချီးမြှင့်တဲ့ တခြား ဆုအမျိုးအစားတွေထဲ ကုန်သွယ်ရေး လုပ်ငန်း လုပ်ကိုင်မှုအကောင်းဆုံး လက်တွဲဖော်ဘဏ်၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အကောင်းဆုံး လက်တွေဖော်ဘဏ် စတဲ့ အမျိုးအစားတွေလည်း ပါဝင်ပါတယ်။

IFC ရဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး (Trade and Finance) ဌာနကအဆင့်မြင့် မန်နေဂျာ Hyung Ahn က တိုးတက်မှု ဖြစ်ထွန်းစ နိုင်ငံတွေ Emerging Markets ထဲက ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေအတွက် ဈေးကွက်တွေကို ဖန်တီးပေးရာမှာ IFC နဲ့ တွဲဖက် ပူးပေါင်း ဆောင်ရွက်နေတဲ့ဆုချီးမြှင့်ခံရတဲ့ ဘဏ်အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အထူးသဖြင့် အခုလို ခက်ခဲတဲ့အချိန်မှာ ဝင်ငွေနည်းပြီး မတည်ငြိမ်တဲ့ နိုင်ငံတွေရဲ့ ကုန်သွယ်ရေးကဏ္ဍကို အကူအညီပေးနေတဲ့ ဘဏ်ပေါင်း ၅၀၀ ကျော်ရဲ့ လုပ်ငန်း ဆောင်တာတွေကို တန်ဖိုး ထားတယ် လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ငွေထုတ်ချေးရာမှာ အကူအညီရစေဖို့ IFC က ၂၀၁၄ ခုနှစ်က ရိုးမ ဘဏ်ကို ငွေထုတ်ချေးခဲ့တယ်လို့ IFC ရဲ့ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ရိုးမဘဏ်က မြန်မာနိုင်ငံထဲက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို အမေရိကန် ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိတဲ့ ချေးငွေစုစုပေါင်း ၇၀၀၀ ကျော်ကိုပေးအပ်နိုင်အောင် IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့က အကူအညီပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ IFC ရဲ့ ချေးငွေတွေကို ရိုးမဘဏ်ရဲ့ ရှယ်ယာ ၅ ရာခိုင် နှုန်း အဖြစ် အသွင်ပြောင်းလဲခဲ့တာကြောင့် IFC ဟာ မြန်မာနိုင်ငံက ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်မှာ ပထမဦးဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
႐ိုးမဘဏ္ကို အေကာင္းဆုံး လက္တြဲေဖာ္ဘဏ္အျဖစ္ IFC ေ႐ြးခ်ယ္

ျမန္မာႏိုင္ငံက ႐ိုးမဘဏ္ဟာ ၂၀၁၉ ခုႏွစ္အတြင္း အျပည္ျပည္ဆိုင္ ဘ႑ာေရး ေကာ္ပိုေရးရွင္း (IFC) က ေ႐ြးခ်ယ္တဲ့ အေကာင္းဆုံး လက္တြဲေဖာ္ဘဏ္ေတြထဲ ပါဝင္တယ္လို႔ မေန႔ တနလၤာေန႔က IFC က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။ ကမာၻ႔ဘဏ္အုပ္စုထဲ က အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ အျပည္ျပည္ဆိုင္ ဘ႑ာေရး ေကာ္ပိုေရးရွင္း (IFC) က ကမာၻေပၚက ဘဏ္ေပါင္း ၄၇ ဘဏ္ကို ၉ ႀကိမ္ေျမာက္ ႏွစ္စဥ္ ကုန္သြယ္ေရးဆိုင္ရာ ဆုခ်ီးျမႇင့္ရာမွာ ႐ိုးမဘဏ္ အခုလို ခ်ီးျမႇင့္ခံရတာလည္းျဖစ္ပါတယ္။ မတည္ၿငိမ္မႈနဲ႔ ပဋိပကၡေတြ ေရာႁပြန္းေနၿပီးစီးပြားေရးအေျခခိုင္မာမႈမရွိတဲ့ႏိုင္ငံ Fragile Statesေတြထဲက အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒက ေ႐ြးခ်ယ္ခံရတဲ့ လက္တြဲေဖာ္ အေကာင္းဆုံး ဘဏ္ ၇ ဘဏ္ထဲမွာ ႐ိုးမဘဏ္ကို အခုလို ထည့္သြင္း ခ်ီးျမႇင့္ခဲ့တာလည္း ျဖစ္ပါတယ္။

ပုဂၢလိက က႑ကို အဓိက အကူအညီေပး ေငြထုတ္ေခ်းတဲ့ IFC က ခ်ီးျမႇင့္တဲ့ တျခား ဆုအမ်ိဳးအစားေတြထဲ ကုန္သြယ္ေရး လုပ္ငန္း လုပ္ကိုင္မႈအေကာင္းဆုံး လက္တြဲေဖာ္ဘဏ္၊ အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြအတြက္ အေကာင္းဆုံး လက္ေတြေဖာ္ဘဏ္ စတဲ့ အမ်ိဳးအစားေတြလည္း ပါဝင္ပါတယ္။

IFC ရဲ႕ ကုန္သြယ္ေရးနဲ႔ ဘ႑ာေရး (Trade and Finance) ဌာနကအဆင့္ျမင့္ မန္ေနဂ်ာ Hyung Ahn က တိုးတက္မႈ ျဖစ္ထြန္းစ ႏိုင္ငံေတြ Emerging Markets ထဲက ပို႔ကုန္ သြင္းကုန္ လုပ္ငန္းရွင္ေတြအတြက္ ေဈးကြက္ေတြကို ဖန္တီးေပးရာမွာ IFC နဲ႔ တြဲဖက္ ပူးေပါင္း ေဆာင္႐ြက္ေနတဲ့ဆုခ်ီးျမႇင့္ခံရတဲ့ ဘဏ္အားလုံးကို ေက်းဇူးတင္ေၾကာင္းနဲ႔ အထူးသျဖင့္ အခုလို ခက္ခဲတဲ့အခ်ိန္မွာ ဝင္ေငြနည္းၿပီး မတည္ၿငိမ္တဲ့ ႏိုင္ငံေတြရဲ႕ ကုန္သြယ္ေရးက႑ကို အကူအညီေပးေနတဲ့ ဘဏ္ေပါင္း ၅၀၀ ေက်ာ္ရဲ႕ လုပ္ငန္း ေဆာင္တာေတြကို တန္ဖိုး ထားတယ္ လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္းက အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြကို ေငြထုတ္ေခ်းရာမွာ အကူအညီရေစဖို႔ IFC က ၂၀၁၄ ခုႏွစ္က ႐ိုးမ ဘဏ္ကို ေငြထုတ္ေခ်းခဲ့တယ္လို႔ IFC ရဲ႕ ၂၀၁၉ ခုႏွစ္က ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ႐ိုးမဘဏ္က ျမန္မာႏိုင္ငံထဲက အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြကို အေမရိကန္ ေဒၚလာ သန္း ၈၀၀ တန္ဖိုးရွိတဲ့ ေခ်းေငြစုစုေပါင္း ၇၀၀၀ ေက်ာ္ကိုေပးအပ္ႏိုင္ေအာင္ IFC ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အႀကံေပးအဖြဲ႕က အကူအညီေပးႏိုင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

အဲဒီေနာက္ ၂၀၁၉ ခုႏွစ္မွာ IFC ရဲ႕ ေခ်းေငြေတြကို ႐ိုးမဘဏ္ရဲ႕ ရွယ္ယာ ၅ ရာခိုင္ ႏႈန္း အျဖစ္ အသြင္ေျပာင္းလဲခဲ့တာေၾကာင့္ IFC ဟာ ျမန္မာႏိုင္ငံက ကူးသန္းေရာင္းဝယ္ေရး ဘဏ္တစ္မွာ ပထမဦးဆုံး ရင္းႏွီးျမႇဳပ္ႏွံတဲ့ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႕အစည္းတစ္ခုျဖစ္လာခဲ့ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-yomabank-ifc-/5493744.html
ရိုးမဘဏ်ကို အကောင်းဆုံး လက်တွဲဖော်ဘဏ်အဖြစ် IFC ရွေးချယ် ရိုးမဘဏ်ကို အကောင်းဆုံး လက်တွဲဖော်ဘဏ်အဖြစ် IFC ရွေးချယ် Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.