ဖားကန့်မြေပြိုမူ သေဆုံးသူ ၁၆၂ ဦးထိရှိလာ


(Unicode)⤵⤵⤵
ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်းလုပ်ကွက်တွေအတွင်း ဇူလိုင် ၂ရက် မနက်က မြေစာပုံတွေ ပြိုကျမှုကြောင့် သေဆုံးသူဟာ ၁၆၂ ဦးထိ ရှိလာပြီလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ ည၇ နာရီအချိန်အထိ သေဆုံးသူ ၁၆၂ဦး ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း၅၄ဦးကို ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ပါရှိပါတယ်။

၂၀၁၅ ခုနှစ်က လူ ၁၀၀ ကျော်သေဆုံးတဲ့ မြေပြိုမှု ရဲ့နောက်ပိုင်းမှာ အခု မြေပြိုမှုဟာ သေဆုံးသူအလောင်းတွေ အများဆုံးပြန်လည်ရရှိတဲ့ မြေပြိုမှု ဖြစ်ပါတယ်။
နောက်ထပ်ပြိုကျမှုတွေကို သတိပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေရတယ်
ကျောက်ရှာနေချိန်မှာ ဖြစ်တဲ့အတွက် လူ ၂၀၀ လောက် ပါသွားနိုင်တယ်လို့ ရေမဆေးကျောက်ရှာဖွေသူတချို့ကို မေးမြန်းသိရှိရပါတယ်။

ဘီဘီစီနဲ့ ဆက်သွယ်မှုရရှိတဲ့အချိန်ထိ မြေစာပုံပြိုကျတဲ့နေရာမှာ မိုးရွာနေတာမို့ ကယ်ဆယ်ရေးသမားတွေလည်း နောက်ထပ်ပြိုကျမှုတွေကို သတိပြုကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေရတယ်လို့ သိရပါတယ်။

မနက်ပိုင်းကတော့ မြေတွေပြိုသလို မိုးရွာထားချိန်မှာ စုနေတဲ့ ရေကန်တွေလည်း ပြိုကျတာကြောင့် ရေလှိုင်းရိုက်ခတ်ပြီး ပါကြတာတွေလည်း အများစုရှိတယ်လို့ လက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေထံက သိရပါတယ်။

အခုမြေပြိုကျမှုဟာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာတွေမှာ ရေမဆေးသမားတွေ ရေမဆေးကျောက် ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပြီး နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားကာ ရေမဆေးကျောက်ရှာဖွေသူတွေ နွံနစ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ နွံကန်ပေါက်တာ လုပ်ကွက်မြေပြိုတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး လူသေဆုံးမူတွေမကြာခဏဖြစ်လေ့ရှိပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ေျမၿပိဳမူ ေသဆုံးသူ ၁၆၂ ဦးထိရွိလာ

ဖားကန႔္ေဒသ၊ ေဝွခါေက်ာက္စိမ္းလုပ္ကြက္ေတြအတြင္း ဇူလိုင္ ၂ရက္ မနက္က ေျမစာပုံေတြ ၿပိဳက်မႈေၾကာင့္ ေသဆုံးသူဟာ ၁၆၂ ဦးထိ ရွိလာၿပီလို႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

ဇူလိုင္လ ၂ ရက္ေန႔ ည၇ နာရီအခ်ိန္အထိ ေသဆုံးသူ ၁၆၂ဦး ရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဒဏ္ရာရရွိသူ စုစုေပါင္း၅၄ဦးကို ဖားကန႔္ေဆး႐ုံနဲ႔ ေဝွခါတိုက္နယ္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း အဲဒီသတင္းမွာ ပါရွိပါတယ္။

၂၀၁၅ ခုႏွစ္က လူ ၁၀၀ ေက်ာ္ေသဆုံးတဲ့ ေျမၿပိဳမႈ ရဲ႕ေနာက္ပိုင္းမွာ အခု ေျမၿပိဳမႈဟာ ေသဆုံးသူအေလာင္းေတြ အမ်ားဆုံးျပန္လည္ရရွိတဲ့ ေျမၿပိဳမႈ ျဖစ္ပါတယ္။

ေက်ာက္ရွာေနခ်ိန္မွာ ျဖစ္တဲ့အတြက္ လူ ၂၀၀ ေလာက္ ပါသြားႏိုင္တယ္လို႔ ေရမေဆးေက်ာက္ရွာေဖြသူတခ်ိဳ႕ကို ေမးျမန္းသိရွိရပါတယ္။

ဘီဘီစီနဲ႔ ဆက္သြယ္မႈရရွိတဲ့အခ်ိန္ထိ ေျမစာပုံၿပိဳက်တဲ့ေနရာမွာ မိုး႐ြာေနတာမို႔ ကယ္ဆယ္ေရးသမားေတြလည္း ေနာက္ထပ္ၿပိဳက်မႈေတြကို သတိျပဳကာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို လုပ္ေနရတယ္လို႔ သိရပါတယ္။

မနက္ပိုင္းကေတာ့ ေျမေတြၿပိဳသလို မိုး႐ြာထားခ်ိန္မွာ စုေနတဲ့ ေရကန္ေတြလည္း ၿပိဳက်တာေၾကာင့္ ေရလႈိင္း႐ိုက္ခတ္ၿပီး ပါၾကတာေတြလည္း အမ်ားစုရွိတယ္လို႔ လက္ရွိကယ္ဆယ္ေရးလုပ္ေနတဲ့ အဖြဲ႕ေတြထံက သိရပါတယ္။

အခုေျမၿပိဳက်မႈဟာ ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာ၊ လခူးေခ်ာင္ရပ္ကြက္ရွိ တစ္သုံးလုံး ၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္ ၊ ဧရာရတနာစုေပါင္းလုပ္ကြက္ေဟာင္းေနရာေတြမွာ ေရမေဆးသမားေတြ ေရမေဆးေက်ာက္ ဝင္ေရာက္တူးေဖာ္ေနစဥ္ မိုး႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ၿပီး ႏြံလႈိင္း႐ိုက္ခတ္မႈျဖစ္ပြားကာ ေရမေဆးေက်ာက္ရွာေဖြသူေတြ ႏြံနစ္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္စဥ္ ႏွစ္တိုင္း ကခ်င္ျပည္နယ္က ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ ႏြံကန္ေပါက္တာ လုပ္ကြက္ေျမၿပိဳတာေတြ ဆက္တိုက္ျဖစ္ေပၚေနၿပီး လူေသဆုံးမူေတြမၾကာခဏျဖစ္ေလ့ရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53267527
ဖားကန့်မြေပြိုမူ သေဆုံးသူ ၁၆၂ ဦးထိရှိလာ ဖားကန့်မြေပြိုမူ သေဆုံးသူ ၁၆၂ ဦးထိရှိလာ Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.