ကုလားတန်မြစ်အတွင်းက ရေယာဉ်တွေ ပစ်ခတ်ခံရလို့ ခရီးသွားတွေပိတ်မိ


(Unicode)⤵⤵⤵
ချင်းပြည်နယ် ပလက်ဝမြို့အနီး ကုလားတန်မြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်တွေဟာ ကမ်းပေါ်ကနေ ပစ်ခတ်တာခံနေရတဲ့အတွက် ခရီးသွား ၅၀၀ ဝန်းကျင်ဟာ ပလက်ဝမြို့ပေါ်မှာ ပိတ်မိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဒီနေရာဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားတတ်တဲ့နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတေးရာက  ပိတ်မိနေသူတွေထဲမှာ ပလက်ဝမြို့ပေါ်ကိုလာကြတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေ၊ လစာလာထုတ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဈေးလာဝယ်တဲ့ဒေသခံတွေ ပါဝင်ပြီး ပလက်ဝမှာ သောင်တင်နေတာ ၁ဝ ရက်လောက်ရှိပြီလို့ ပြောပါတယ်။

ကုလားတန်မြစ် အထက်ဖက် ပလက်ဝမြို့နယ်က ကျေးရွာ ၆၀ လောက်က လူတွေ လာရောက်ပိတ်မိနေကြတာဖြစ်ပြီး အရင်ကတည်းက ဆန်ရိက္ခာပြတ်လပ်နေတဲ့အတွက် ရက်ကြာလေ အခက်အခဲပိုရှိလေ  ဖြစ်နေကြရပါတယ်။

 ပိတ်မိနေသူတွေဟာ နီးစပ်ရာနေရာတွေမှာ တည်းခိုနေရပြီး လက်ရှိအခြေအနေကိုတော့  အုပ်ချုပ်ရေးမှူးတွေက တာဝန်ရှိသူတွေကို စာတင်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အလာခရီးမှာ အန္တရာယ်ကင်းခဲ့ပြီး  ပလက်ဝမြို့ပေါ်ကနေ ပြန်တက်တဲ့ ရေယာဉ်တွေကို ပစ်ခတ်ခံရတာလို့ သိရကြောင်း ဆလိုင်းတေးရာက ပြောပါတယ်။

RFA Burmese
-----------------------------
(Zawgyi)⤵⤵⤵
ကုလားတန္ျမစ္အတြင္းက ေရယာဥ္ေတြ ပစ္ခတ္ခံရလို႔ ခရီးသြားေတြပိတ္မိ

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕အနီး ကုလားတန္ျမစ္အတြင္း သြားလာေနတဲ့ ေရယာဥ္ေတြဟာ ကမ္းေပၚကေန ပစ္ခတ္တာခံေနရတဲ့အတြက္ ခရီးသြား ၅၀၀ ဝန္းက်င္ဟာ ပလက္ဝၿမိဳ႕ေပၚမွာ ပိတ္မိေနတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕က ေျပာပါတယ္။

ဒီေနရာဟာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားတတ္တဲ့ေနရာမွာ တည္ရွိတာ ျဖစ္ပါတယ္။

ခ်င္းလူ႔အခြင့္အေရးအဖြဲ႕က ဆလိုင္းေတးရာက  ပိတ္မိေနသူေတြထဲမွာ ပလက္ဝၿမိဳ႕ေပၚကိုလာၾကတဲ့ အုပ္ခ်ဳပ္ေရးမႉးေတြ၊ က်မ္းမာေရးဝန္ထမ္းေတြ၊ လစာလာထုတ္တဲ့ ဌာနဆိုင္ရာဝန္ထမ္းေတြ၊ ေဈးလာဝယ္တဲ့ေဒသခံေတြ ပါဝင္ၿပီး ပလက္ဝမွာ ေသာင္တင္ေနတာ ၁ဝ ရက္ေလာက္ရွိၿပီလို႔ ေျပာပါတယ္။

ကုလားတန္ျမစ္ အထက္ဖက္ ပလက္ဝၿမိဳ႕နယ္က ေက်း႐ြာ ၆၀ ေလာက္က လူေတြ လာေရာက္ပိတ္မိေနၾကတာျဖစ္ၿပီး အရင္ကတည္းက ဆန္ရိကၡာျပတ္လပ္ေနတဲ့အတြက္ ရက္ၾကာေလ အခက္အခဲပိုရွိေလ  ျဖစ္ေနၾကရပါတယ္။

 ပိတ္မိေနသူေတြဟာ နီးစပ္ရာေနရာေတြမွာ တည္းခိုေနရၿပီး လက္ရွိအေျခအေနကိုေတာ့  အုပ္ခ်ဳပ္ေရးမႉးေတြက တာဝန္ရွိသူေတြကို စာတင္အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။

အလာခရီးမွာ အႏၲရာယ္ကင္းခဲ့ၿပီး  ပလက္ဝၿမိဳ႕ေပၚကေန ျပန္တက္တဲ့ ေရယာဥ္ေတြကို ပစ္ခတ္ခံရတာလို႔ သိရေၾကာင္း ဆလိုင္းေတးရာက ေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ကုလားတန်မြစ်အတွင်းက ရေယာဉ်တွေ ပစ်ခတ်ခံရလို့ ခရီးသွားတွေပိတ်မိ ကုလားတန်မြစ်အတွင်းက ရေယာဉ်တွေ ပစ်ခတ်ခံရလို့ ခရီးသွားတွေပိတ်မိ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.