မြန်မာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ ၃ သန်း ထပ်မံကူညီ

အိမ်တိုင်ယာရောက် ကျန်းမာရေး စစ်ဆေးပေးဖို့ သွားရန် ပြင်ဆင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့ရှိ နေရာတခုမှာ တွေ့ရ။ (မေ ၁၇၊ ၂၀၂၀)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၃,၀၀၀,၀၀၀ အကူအညီပေးသွားမယ်လို့ အမေရိကန်သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ကပေးတဲ့ အကူအညီ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၆ သန်းခွဲ ရှိသွားပြီဖြစ်ပါတယ်။

အခု နောက်ထပ်ပေးလိုက်တဲ့ အကူအညီတွေကိုတော့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က ပေးတာဖြစ်ပြီး ထိခိုက်ခံစားလွယ်ပြည်သူတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက လူတွေကြားမှာ ရောဂါကူးစက်မှုတွေ မပျံ့နှံ့အောင် ထိန်းချုပ်နိုင်ဖို့ လူသားချင်းစာနာတဲ့ အကူအညီအဖြစ်နဲ့ ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအကူအညီတွေကို မြန်မာနိုင်ငံမှာရှိတဲ့လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပေးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ရေးအတွက် အမေရိကန်အစိုးရက ပေးတာဟာ ၁၆ သန်းခွဲလောက်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတဝန်း ကျန်းမာရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေဖို့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ကြောင်းနဲ့ ဒီအကူအညီတွေကို ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက လူမှုအသိုင်းအဝိုင်းတွေအပါအဝင် နိုင်ငံတဝန်းက လူသန်းပေါင်းများစွာကို ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ George Sibley က ပြောပါတယ်။

အခုပေးတဲ့ အကူအညီဟာ ကျန်းမာရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှာ ကာလရှည်ကြာ အကူအညီနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁.၃ ဘီလီယံအပြင် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ထပ်ပြီးပေးတာဖြစ်တယ်လို့ George Sibley ကပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ ကိုဗစ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ အေမရိကန္က ေဒၚလာ ၃ သန္း ထပ္မံကူညီ

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းအတြက္ အေမရိကန္အစိုးရက ေနာက္ထပ္ ေဒၚလာ ၃,၀၀၀,၀၀၀ အကူအညီေပးသြားမယ္လို႔ အေမရိကန္သံ႐ုံးက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။ ဒါ့ေၾကာင့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကစၿပီး ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ အေမရိကန္ကေပးတဲ့ အကူအညီ စုစုေပါင္းဟာ အေမရိကန္ေဒၚလာ ၁၆ သန္းခြဲ ရွိသြားၿပီျဖစ္ပါတယ္။

အခု ေနာက္ထပ္ေပးလိုက္တဲ့ အကူအညီေတြကိုေတာ့ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (USAID) က ေပးတာျဖစ္ၿပီး ထိခိုက္ခံစားလြယ္ျပည္သူေတြနဲ႔ ပဋိပကၡျဖစ္ေနတဲ့ေဒသေတြက လူေတြၾကားမွာ ေရာဂါကူးစက္မႈေတြ မပ်ံ႕ႏွံ႔ေအာင္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လူသားခ်င္းစာနာတဲ့ အကူအညီအျဖစ္နဲ႔ ေပးတာျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဒီအကူအညီေတြကို ျမန္မာႏိုင္ငံမွာရွိတဲ့လူေတြရဲ႕ အသက္ကို ကယ္တင္ႏိုင္ဖို႔အတြက္ ေပးတာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကာကြယ္ေရးအတြက္ အေမရိကန္အစိုးရက ေပးတာဟာ ၁၆ သန္းခြဲေလာက္ရွိၿပီျဖစ္ေၾကာင္း၊ ႏိုင္ငံတဝန္း က်န္းမာေရးက႑ တိုးတက္ေကာင္းမြန္လာေစဖို႔ ေရရွည္ပူးေပါင္းေဆာင္႐ြက္မႈကို အားျဖည့္တာျဖစ္ေၾကာင္းနဲ႔ ဒီအကူအညီေတြကို ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြက လူမႈအသိုင္းအဝိုင္းေတြအပါအဝင္ ႏိုင္ငံတဝန္းက လူသန္းေပါင္းမ်ားစြာကို ေပးသြားမွာျဖစ္တယ္လို႔ အေမရိကန္သံ႐ုံးရဲ႕ သံ႐ုံးယာယီတာဝန္ခံ George Sibley က ေျပာပါတယ္။

အခုေပးတဲ့ အကူအညီဟာ က်န္းမာေရးက႑မွာ အေမရိကန္ေဒၚလာ ၁၇၆ သန္းအပါအဝင္ လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္း ျမန္မာႏိုင္ငံမွာ ကာလရွည္ၾကာ အကူအညီနဲ႔ ေပးအပ္ခဲ့မႈ စုစုေပါင္း ေဒၚလာ ၁.၃ ဘီလီယံအျပင္ COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ထပ္ၿပီးေပးတာျဖစ္တယ္လို႔ George Sibley ကေျပာပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/us-myanmar-covid-aid-usaid/5497446.html
မြန်မာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ ၃ သန်း ထပ်မံကူညီ မြန်မာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ ၃ သန်း ထပ်မံကူညီ Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.