မိုးများပြီး လမ်းပျက်တာကြောင့် ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပို့ ကားတွေ ပိတ်မိနေ


(Unicode)⤵⤵⤵
ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာပို့တဲ့ ကားတွေ မိုးအရမ်းရွာတာကြောင့် လမ်းချော်ပြီး ဝါယုချောင်းရွာနဲ့ သရွက်ရွာကြား တောထဲမှာ သောင်တင်နေတာ တစ်ပတ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကားတွေ ဆမီးကို သွားနိုင်ဖို့အတွက် ရာသီဥတုအခြေအနေကို စောင့်ဆိုင်းနေရပြီး လမ်းတွေပြန်ခြောက်သွားဖို့ စောင့်နေရတာ ဖြစ်ပါတယ်။

“ပလက်ဝနဲ့ ဆမီးဒေသရှိ စစ်ဘေးဒုက္ခသည်တွေအတွက် GRET MYANMAR နဲ့ PHCD တို့ ထောက်ပံ့အကူညီ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်ကားတွေ မတူပီမြို့နဲ့ ဆမီးမြို့ကြား ဝါယုချောင်းရွာနှင့်သရက်ရွာကြားမှာ WHP ကားရော၊ တခြားကယ်ဆယ်ရေးကား ပစ္စည်သယ်နေတဲ့ ကားရော နောက်ပြီးတော့ အရပ်ဖက်က ကုန်ကားတွေရော အဲဒီနေရာမှာ သောင်တင်နေပါတယ်ဗျ။ သောင်တင်နေတာ တစ်ပတ်လောက်ဖြစ်သွားပြီ။ မိုးတအားရွာလို့ မိုးအရမ်းများလို့ လမ်းတွေချော်လို့ ကားတွေက မရုန်းနိုင်လို့ အခုဆို သူတို့က ရာသီဥတု အခြေအနေကို စောင့်နေရတဲ့ အနေအထားမှာ ရှိပြီးတော့ လမ်းတွေပြန်ခြောက်လာဖို့ စောင့်နေရတယ်” လို့ ဆမီး ဒေသခံ ဦးပြည်ဆုက RFA ကို ပြောပါတယ်။

လက်ရှိ ဆမီးနဲ့ ပလက်ဝဘက်ကို ရိက္ခာပို့နေတဲ့ ကားတွေရော၊ တခြား အရပ်ဖက်က ကုန်ကားတွေ တန်းစီပြီး တောထဲမှာ သောင်တင်နေတာကြောင့် ဆောက်လုပ်ရေးဌာန လမ်းဖောက်လုပ်ရေး မော်တော်ယာဉ်နဲ့တွန်းဖို့ အကူအညီတောင်းထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ WFP က ဆမီးဒေသကို ရိက္ခာပို့တဲ့ကား သုံးစီလောက် ဆမီးကို ရောက်နေပေမယ့် လမ်းမှာတော့ ကားလမ်းချော်တာကြောင့် ၇ စီးလောက် ကျန်သေးတယ်လို့ ဆိုပါတယ်။

RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
မိုးမ်ားၿပီး လမ္းပ်က္တာေၾကာင့္ ပလက္ဝ စစ္ေဘးဒုကၡသည္ေတြ ရိကၡာပို႔ ကားေတြ ပိတ္မိေန

ခ်င္းျပည္နယ္ ပလက္ဝနဲ႔ ဆမီးေဒသက စစ္ေဘးဒုကၡသည္ေတြအတြက္ ရိကၡာပို႔တဲ့ ကားေတြ မိုးအရမ္း႐ြာတာေၾကာင့္ လမ္းေခ်ာ္ၿပီး ဝါယုေခ်ာင္း႐ြာနဲ႔ သ႐ြက္႐ြာၾကား ေတာထဲမွာ ေသာင္တင္ေနတာ တစ္ပတ္ေလာက္ရွိၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

ကားေတြ ဆမီးကို သြားႏိုင္ဖို႔အတြက္ ရာသီဥတုအေျခအေနကို ေစာင့္ဆိုင္းေနရၿပီး လမ္းေတြျပန္ေျခာက္သြားဖို႔ ေစာင့္ေနရတာ ျဖစ္ပါတယ္။

“ပလက္ဝနဲ႔ ဆမီးေဒသရွိ စစ္ေဘးဒုကၡသည္ေတြအတြက္ GRET MYANMAR နဲ႔ PHCD တို႔ ေထာက္ပံ့အကူညီ ပစၥည္းေတြ တင္ေဆာင္လာတဲ့ ကုန္ကားေတြ မတူပီၿမိဳ႕နဲ႔ ဆမီးၿမိဳ႕ၾကား ဝါယုေခ်ာင္း႐ြာႏွင့္သရက္႐ြာၾကားမွာ WHP ကားေရာ၊ တျခားကယ္ဆယ္ေရးကား ပစၥည္သယ္ေနတဲ့ ကားေရာ ေနာက္ၿပီးေတာ့ အရပ္ဖက္က ကုန္ကားေတြေရာ အဲဒီေနရာမွာ ေသာင္တင္ေနပါတယ္ဗ်။ ေသာင္တင္ေနတာ တစ္ပတ္ေလာက္ျဖစ္သြားၿပီ။ မိုးတအား႐ြာလို႔ မိုးအရမ္းမ်ားလို႔ လမ္းေတြေခ်ာ္လို႔ ကားေတြက မ႐ုန္းႏိုင္လို႔ အခုဆို သူတို႔က ရာသီဥတု အေျခအေနကို ေစာင့္ေနရတဲ့ အေနအထားမွာ ရွိၿပီးေတာ့ လမ္းေတြျပန္ေျခာက္လာဖို႔ ေစာင့္ေနရတယ္” လို႔ ဆမီး ေဒသခံ ဦးျပည္ဆုက RFA ကို ေျပာပါတယ္။

လက္ရွိ ဆမီးနဲ႔ ပလက္ဝဘက္ကို ရိကၡာပို႔ေနတဲ့ ကားေတြေရာ၊ တျခား အရပ္ဖက္က ကုန္ကားေတြ တန္းစီၿပီး ေတာထဲမွာ ေသာင္တင္ေနတာေၾကာင့္ ေဆာက္လုပ္ေရးဌာန လမ္းေဖာက္လုပ္ေရး ေမာ္ေတာ္ယာဥ္နဲ႔တြန္းဖို႔ အကူအညီေတာင္းထားတယ္လို႔ ေျပာပါတယ္။

လက္ရွိမွာ WFP က ဆမီးေဒသကို ရိကၡာပို႔တဲ့ကား သုံးစီေလာက္ ဆမီးကို ေရာက္ေနေပမယ့္ လမ္းမွာေတာ့ ကားလမ္းေခ်ာ္တာေၾကာင့္ ၇ စီးေလာက္ က်န္ေသးတယ္လို႔ ဆိုပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
မိုးများပြီး လမ်းပျက်တာကြောင့် ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပို့ ကားတွေ ပိတ်မိနေ မိုးများပြီး လမ်းပျက်တာကြောင့် ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပို့ ကားတွေ ပိတ်မိနေ Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.