ဒေါ်လာဈေးထပ်ကျရင် ပို့ကုန်လုပ်ငန်း ထိခိုက်နိုင်


(Unicode)⤵⤵⤵
မကြာသေးခင်ကစလို့ အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်း ကျဆင်းလာနေတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေမှာ ထိခိုက်လာမှာ စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတဲ့အကြောင်း တင်ပြချင်ပါတယ်။ VOA သတင်းထောက် ကိုဇော်ထက် က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒီနေ့ ဒေါ်လာနဲ့ကျပ်ငွေ လဲလှယ်နှုန်း ရည်ညွှန်းတန်ဖိုးဟာ ၁၃၇၁.၁ ကျပ်ဖြစ်ပြီး ပြင်ပ ဘဏ်တွေမှာတော့ တဒေါ်လာကို ၁၃၆၀ ကျပ်လောက်သာ ဈေးပေါက်ပါတယ်။ ဗဟိုဘဏ်က ကြားဝင်ထိန်းဖို့ ကြိုးပမ်းနေတဲ့ ကြားက ဒေါ်လာဈေး တဖြည်းဖြည်းကျလာတဲ့ အပေါ်မှာတော့ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာန သင်တန်းကျောင်းတာဝန်ခံ ဦးသိန်းမြင့်ဝေကတော့ ငွေလဲနှုန်း ကျပ်ငွေ ၁၂၀၀ အောက်အထိ ကျဆင်းမသွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ အခုလက်ရှိကတော့ ဗဟိုဘဏ်က ဝင်ရောက်ထိန်းကြောင်းနေတာပဲပေါ့၊ ဒါကတော့ သိသာထင်ရှားတဲ့ အချက်ကလေးပေါ့။ အဲဒီလို ဝင်ရောက် ထိန်းကြောင်းပေးလို့လည်း ကျသင့်ကျထိုက်တာထက် ပိုမကျဘူးလို့လည်း မြင်တာပေါ့နော်၊ ပထမ တချက်ကတော့။ ဒုတိယက အဲလို ၁၂၀၀ ( ကျပ်) အောက် ရောက်သွားမယ်ဆို သိပ်မကြိုက်ဘူးပေါ့ ကျနော်တို့ အမြင်ကတော့။ ဒီ ၁၄၀၀ ပတ်ဝန်းကျင်လောက်ကတော့ reasonable exchange rate ဖြစ်မယ်လို့တော့ မြင်တာပေါ့။”

ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေဟာ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာနဲ့ရပြီး ဝန်ထမ်းတွေကို လစာရှင်းတဲ့အခါမှာ ကျပ်ငွေလဲလှယ်ရသလို ၊ လစာတိုးပေးညှိနှိုင်းတာတွေလည်းရှိလို့ ဒေါ်လာဈေး ဆက်ကျမယ်ဆိုရင်တော့ ကုန်ထုတ်လုပ်ငန်းတွေအတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ ရွှေလင်ပန်းစက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံရဲ့ export ( ပို့ကုန်) structure ကတော့ ပြောင်းတာပေါ့ဗျာ။ အထူးသဖြင့် သီလဝါ SEZ ပေါ့၊ ကျနော်တို့ အားကိုးစရာ။ သူတင်ပို့နိုင်သလိုပဲ ကျန်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာပေါ့ သူတို့တွေကလည်း ကျန်တဲ့ နိုင်ငံတွေနဲ့ ကူးလူးချိတ်ဆက်တာတွေ များတဲ့ အခါကျတော့ ကျနော်တို့ ထုတ်လုပ်မှုပုံစံတွေ ပြောင်းလာတာကို တွေ့ရပါတယ်ဗျ။ ပြောင်းလာတာနဲ့အမျှ ခုနက ကျနော်တို့ အညွှန်းကိန်းတွေလည်း ပြောင်းလာတယ်ပေါ့။”

ဒေါ်လာဈေးကျလို့ ပို့ကုန်လုပ်ငန်းရှင်တွေ စိုးရိမ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အညွှန်းကိန်းဟာ မေလထဲမှာ ၃၈.၉ ရှိနေရာကနေ ၄၈.၇ အထိ တိုးလာကြောင်း လန်ဒန်အခြေစိုက် စီးပွားရေးအကဲဖြတ်အဖွဲ့ IHS Markit ရဲ့ ဇူလိုင် ၂ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလို တိုးတက်လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ကုန်သွယ်ရေးပညာရှင် ဦးသိန်းမြင့်ဝေက အခုလို သုံးသပ်ပါတယ်။

“ ၁၃၀၀ အောက်ရောက်သွားရင်တော့ နည်းနည်းလေးတော့ ဒုက္ခတွေ့နိုင်တာပေါ့နော်၊ အဓိက COVID လည်းဖြစ်နေတယ်၊ အခုအလုပ်သမားတွေကလည်း လုပ်ခလစာ တိုးတောင်းနေတယ်၊ order ( ကုန်အမှာ) တွေကလည်း မငြိမ်ဘူး၊ ရတဲ့ order ကလည်း ပို့ဖို့က နည်းနည်းခက်နေတယ်။ အဲဒီတော့ ကျနော်တို့ ဆီမှာက အစအဆုံး ဘာမှမရှိနိုင်ဘူးလေ၊ ပိတ်ကအစ။ ဆိုးဆိုးရွားရွားကြီး ဖြစ်လှချည်လို့ မပြောသေးပါဘူး၊ တာစူနေပြီပေါ့။ တည်ငြိမ်နေတဲ့ဟာလေး ဖြစ်ရင် ပိုကောင်းတာပေါ့။ တချို့ကိစ္စက ထိန်းလို့မရဘူးလေ ဒါပေမယ့် နိုင်ငံတော်မှာ ငွေရှိတဲ့အခါကျတော့ လုပ်လို့ရတာတွေ အများကြီးရှိတာပေါ့။ ဆိုးဆိုးရွားရွားမဖြစ်ခင် အခြေအနေမှန်ကို သိဖို့တော့ လိုတာပေါ့။”

မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန အချက်အရဆိုရင် ၂၀၁၉ ကနေ ၂၀၂၀ ဧပြီလအထိ ပုံမှန်နဲ့ နယ်စပ်ကုန်သွယ်ရေး ပို့ကုန်နဲ့သွင်းကုန် နှစ်ခုပေါင်းမှာ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၂၂၆၅၁. ၄၂၇ သန်းဖိုး ကုန်သွယ်ထားပြီး သွင်းကုန်ကတော့ အနည်းငယ်ပိုများနေတာလည်းဖြစ်ပါတယ်။

 ဇော်ထက်  / ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ေဒၚလာေဈးထပ္က်ရင္ ပို႔ကုန္လုပ္ငန္း ထိခိုက္ႏိုင္

မၾကာေသးခင္ကစလို႔ အေမရိကန္ ေဒၚလာနဲ႔ ျမန္မာက်ပ္ေငြလဲႏႈန္း က်ဆင္းလာေနတဲ့အတြက္ ကုန္ထုတ္လုပ္ငန္းေတြမွာ ထိခိုက္လာမွာ စိုးရိမ္မႈေတြ ထြက္ေပၚလာေနတဲ့အေၾကာင္း တင္ျပခ်င္ပါတယ္။ VOA သတင္းေထာက္ ကိုေဇာ္ထက္ က ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံ ဗဟိုဘဏ္ရဲ႕ ဒီေန႔ ေဒၚလာနဲ႔က်ပ္ေငြ လဲလွယ္ႏႈန္း ရည္ၫႊန္းတန္ဖိုးဟာ ၁၃၇၁.၁ က်ပ္ျဖစ္ၿပီး ျပင္ပ ဘဏ္ေတြမွာေတာ့ တေဒၚလာကို ၁၃၆၀ က်ပ္ေလာက္သာ ေဈးေပါက္ပါတယ္။ ဗဟိုဘဏ္က ၾကားဝင္ထိန္းဖို႔ ႀကိဳးပမ္းေနတဲ့ ၾကားက ေဒၚလာေဈး တျဖည္းျဖည္းက်လာတဲ့ အေပၚမွာေတာ့ ျပည္တြင္း ကုန္ထုတ္လုပ္ငန္းရွင္ေတြ စိုးရိမ္ေနၾကပါတယ္။ ကုန္သြယ္ေရးဝန္ႀကီးဌာန သင္တန္းေက်ာင္းတာဝန္ခံ ဦးသိန္းျမင့္ေဝကေတာ့ ေငြလဲႏႈန္း က်ပ္ေငြ ၁၂၀၀ ေအာက္အထိ က်ဆင္းမသြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“ အခုလက္ရွိကေတာ့ ဗဟိုဘဏ္က ဝင္ေရာက္ထိန္းေၾကာင္းေနတာပဲေပါ့၊ ဒါကေတာ့ သိသာထင္ရွားတဲ့ အခ်က္ကေလးေပါ့။ အဲဒီလို ဝင္ေရာက္ ထိန္းေၾကာင္းေပးလို႔လည္း က်သင့္က်ထိုက္တာထက္ ပိုမက်ဘူးလို႔လည္း ျမင္တာေပါ့ေနာ္၊ ပထမ တခ်က္ကေတာ့။ ဒုတိယက အဲလို ၁၂၀၀ ( က်ပ္) ေအာက္ ေရာက္သြားမယ္ဆို သိပ္မႀကိဳက္ဘူးေပါ့ က်ေနာ္တို႔ အျမင္ကေတာ့။ ဒီ ၁၄၀၀ ပတ္ဝန္းက်င္ေလာက္ကေတာ့ reasonable exchange rate ျဖစ္မယ္လို႔ေတာ့ ျမင္တာေပါ့။”

ျပည္တြင္း ကုန္ထုတ္လုပ္ငန္းေတြ အထူးသျဖင့္ အထည္ခ်ဳပ္လုပ္ငန္းေတြဟာ ပို႔ကုန္အတြက္ အေမရိကန္ေဒၚလာနဲ႔ရၿပီး ဝန္ထမ္းေတြကို လစာရွင္းတဲ့အခါမွာ က်ပ္ေငြလဲလွယ္ရသလို ၊ လစာတိုးေပးညႇိႏႈိင္းတာေတြလည္းရွိလို႔ ေဒၚလာေဈး ဆက္က်မယ္ဆိုရင္ေတာ့ ကုန္ထုတ္လုပ္ငန္းေတြအတြက္ အဆင္ေျပမွာ မဟုတ္ဘူးလို႔ ေ႐ႊလင္ပန္းစက္မႈဇုံ ဥကၠ႒ ဦးေအးေသာင္းက ဗြီအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔ ႏိုင္ငံရဲ႕ export ( ပို႔ကုန္) structure ကေတာ့ ေျပာင္းတာေပါ့ဗ်ာ။ အထူးသျဖင့္ သီလဝါ SEZ ေပါ့၊ က်ေနာ္တို႔ အားကိုးစရာ။ သူတင္ပို႔ႏိုင္သလိုပဲ က်န္တဲ့ လႈိင္သာယာ၊ ေ႐ႊျပည္သာေပါ့ သူတို႔ေတြကလည္း က်န္တဲ့ ႏိုင္ငံေတြနဲ႔ ကူးလူးခ်ိတ္ဆက္တာေတြ မ်ားတဲ့ အခါက်ေတာ့ က်ေနာ္တို႔ ထုတ္လုပ္မႈပုံစံေတြ ေျပာင္းလာတာကို ေတြ႕ရပါတယ္ဗ်။ ေျပာင္းလာတာနဲ႔အမွ် ခုနက က်ေနာ္တို႔ အၫႊန္းကိန္းေတြလည္း ေျပာင္းလာတယ္ေပါ့။”

ေဒၚလာေဈးက်လို႔ ပို႔ကုန္လုပ္ငန္းရွင္ေတြ စိုးရိမ္ေနတဲ့ တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈ အၫႊန္းကိန္းဟာ ေမလထဲမွာ ၃၈.၉ ရွိေနရာကေန ၄၈.၇ အထိ တိုးလာေၾကာင္း လန္ဒန္အေျခစိုက္ စီးပြားေရးအကဲျဖတ္အဖြဲ႕ IHS Markit ရဲ႕ ဇူလိုင္ ၂ရက္က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီလို တိုးတက္လာတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ေတာ့ ကုန္သြယ္ေရးပညာရွင္ ဦးသိန္းျမင့္ေဝက အခုလို သုံးသပ္ပါတယ္။

“ ၁၃၀၀ ေအာက္ေရာက္သြားရင္ေတာ့ နည္းနည္းေလးေတာ့ ဒုကၡေတြ႕ႏိုင္တာေပါ့ေနာ္၊ အဓိက COVID လည္းျဖစ္ေနတယ္၊ အခုအလုပ္သမားေတြကလည္း လုပ္ခလစာ တိုးေတာင္းေနတယ္၊ order ( ကုန္အမွာ) ေတြကလည္း မၿငိမ္ဘူး၊ ရတဲ့ order ကလည္း ပို႔ဖို႔က နည္းနည္းခက္ေနတယ္။ အဲဒီေတာ့ က်ေနာ္တို႔ ဆီမွာက အစအဆုံး ဘာမွမရွိႏိုင္ဘူးေလ၊ ပိတ္ကအစ။ ဆိုးဆိုး႐ြား႐ြားႀကီး ျဖစ္လွခ်ည္လို႔ မေျပာေသးပါဘူး၊ တာစူေနၿပီေပါ့။ တည္ၿငိမ္ေနတဲ့ဟာေလး ျဖစ္ရင္ ပိုေကာင္းတာေပါ့။ တခ်ိဳ႕ကိစၥက ထိန္းလို႔မရဘူးေလ ဒါေပမယ့္ ႏိုင္ငံေတာ္မွာ ေငြရွိတဲ့အခါက်ေတာ့ လုပ္လို႔ရတာေတြ အမ်ားႀကီးရွိတာေပါ့။ ဆိုးဆိုး႐ြား႐ြားမျဖစ္ခင္ အေျခအေနမွန္ကို သိဖို႔ေတာ့ လိုတာေပါ့။”

ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာန အခ်က္အရဆိုရင္ ၂၀၁၉ ကေန ၂၀၂၀ ဧၿပီလအထိ ပုံမွန္နဲ႔ နယ္စပ္ကုန္သြယ္ေရး ပို႔ကုန္နဲ႔သြင္းကုန္ ႏွစ္ခုေပါင္းမွာ ျမန္မာႏိုင္ငံက အေမရိကန္ေဒၚလာ ၂၂၆၅၁. ၄၂၇ သန္းဖိုး ကုန္သြယ္ထားၿပီး သြင္းကုန္ကေတာ့ အနည္းငယ္ပိုမ်ားေနတာလည္းျဖစ္ပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-us-dollar-exchange-rate-can-affect-on-the-export-porduct-/5492156.html
ဒေါ်လာဈေးထပ်ကျရင် ပို့ကုန်လုပ်ငန်း ထိခိုက်နိုင် ဒေါ်လာဈေးထပ်ကျရင် ပို့ကုန်လုပ်ငန်း ထိခိုက်နိုင် Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.