ပုလဲမြို့မှာ ရဲနဲ့ ဒေသခံတချို့ ပဋိပက္ခဖြစ်ပြီး သုံးဦး ဒဏ်ရာရ

(Unicode)⤵⤵⤵
ပုလဲမြို့နယ် မြကုန်းကျေးရွာအနီးမှာ စစ်ဆေးရေးဂိတ် ဆောက်လုပ်ဖို့အတွက် ဆောင်ရွက်နေတာကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၇ ရက်နေ့  ဒီနေ့ မနက် ၇ နာရီလောက်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ငါးဦး ဖမ်း ဆီးခံရကာ သုံးဦး ရာဘာကျည်ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ငါးဦးကို ဒီနေ့ပဲ ပြန်လွှတ်ပေးလိုက်တယ်၊  ရာဘာကျည် ထိမှန်ခဲ့သူတွေရဲ့ ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်က ပဋိပက္ခဖြစ်ပွားချိန်မှာ ဒေသခံရွာသား ၃၀၀ လောက်ရှိနေပြီး ရဲတပ်ဖွဲ့က အင်အား ၅၀ လောက်ရှိ တယ်လို့ပြောတယ်။

အဲဒီစစ်ဆေးရေးဂိတ် ဆောက်လုပ်တာကို မူလက ကျေးရွာမျက်နှာစာမှာရှိတဲ့ မယ်ဇာလီတောထဲလုပ်ဖို့စီစဉ်ရာမှာ ကျေးရွာက ကန့်ကွက်ခဲ့တာကြောင့် မနီးမဝေးက ဆူးတောထဲဆောက်လုပ်ဖို့ လုပ်ဆောင်ရာမှာ ထပ်မံပြီး ကန့် ကွက်ကြတာလို့ ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက် ပြောပါတယ်။

"ကျွန်တော်တို့လည်း အကြိမ်ကြိမ်ခေါ်ညှိပြီးပြီ၊ မူလက ရွာအရှေ့က မယ်ဇလီပင် လေး၊ ငါးပင်လောက်ခုတ် ရမှာ အဆောက်အအုံက ၂၀ x ၄၀ ဆိုတော့ သူတို့က အခုတ်မခံဘူး၊ အဲဒါရဲ့ အရှေ့ဘက် ကန္တာရဆူးတောကြီး မှာ လုပ်ချင်လုပ်ဆိုတော့ အဲနေရာမှာ အခုလုပ်တာမှာ ထပ်ဖြစ်ကြတာပဲ၊ သူတို့လက်မခံတဲ့နေရာမှာ လုပ်တာ မဟုတ်ဘူး။"

အဆောက်အအုံကို ရွာလယ်ကကွင်းပြင်မှာပဲ ဆောက်စေချင်ပြီး ရွာဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့ပေးဖို့ ဒေသခံတွေက တောင်းဆိုနေတာလို့ မြကုန်းကျေးရွာသား ဦးဌေးမောင်က ပြောပါတယ်။

"ရွာက လက်ခံတဲ့နေရာက ရွာလယ်ခေါင်က ရေအိုးစင်ကြီးရှိတယ်၊ မြေကွက်လပ်ကြီး ဘာမှမရှိဘူး၊ မဖြစ်မနေ လုပ်ရမယ်ဆို အဲမှာလုပ်၊ ရွာဖွံ့ဖြိုးရေးအတွက် နဲနဲပါးပါး ထောက်ပံ့ပေးပေါ့၊ သူတို့ဆက်လုပ်နေရင်တော့ ရွာကလက်မခံဘူးတားကြမှာပဲ။"

ကျေးရွာအနီးက ပုလဲ - ဂန့်ဂေါလမ်းဟာ အိန္ဒိယနိုင်ငံဘက်ကို သွားလာတဲ့လမ်းဖြစ်ပြီး မူးယစ်ဆေးဝါး၊ အခွန်မဲ့ ပစ္စည်း၊ လက်နက်တွေကို စစ်ဆေးဖို့ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးရေးဂိတ်တည်ဆောက် မှာ ဖြစ်ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဆောက်ကို တိုင်းဒေသကြီးအစိုးရ ဘက်ဂျက်ကနေ သုံးစွဲဖို့ စီစဉ်ထားတာကြောင့် စက်တင်ဘာလမှာ အစိုးရအနေနဲ့ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတို့ရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဝန်ကြီးက အစည်းအဝေးရှိနေတယ်လို့ ဆိုပြီး  ဖြေကြားခြင်းမရှိပါဘူး။

ဒေသခံတွေကတော့ သူတို့သဘောတူတဲ့နေရာမှာ မတည်ဆောက်ဘူးဆိုရင် ဆက်လက်ကန့်ကွက်သွားမယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဆောက်လုပ်ဖို့အတွက် ဇွန်လကတည်းက ညှိနှိုင်းနေကြတာဖြစ်ပြီး နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
-----------------------------------

(Zawgyi)⤵⤵⤵
ပုလဲၿမိဳ႕မွာ ရဲနဲ႔ ေဒသခံတခ်ိဳ႕ ပဋိပကၡျဖစ္ၿပီး သုံးဦး ဒဏ္ရာရ

ပုလဲၿမိဳ႕နယ္ ျမကုန္းေက်း႐ြာအနီးမွာ စစ္ေဆးေရးဂိတ္ ေဆာက္လုပ္ဖို႔အတြက္ ေဆာင္႐ြက္ေနတာကို ကန႔္ကြက္တဲ့ ေဒသခံေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ဇူလိုင္ ၇ ရက္ေန႔  ဒီေန႔ မနက္ ၇ နာရီေလာက္မွာ ပဋိပကၡျဖစ္ပြားခဲ့ၿပီး ငါးဦး ဖမ္း ဆီးခံရကာ သုံးဦး ရာဘာက်ည္ထိမွန္ ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးခံရသူ ငါးဦးကို ဒီေန႔ပဲ ျပန္လႊတ္ေပးလိုက္တယ္၊  ရာဘာက်ည္ ထိမွန္ခဲ့သူေတြရဲ႕ ဒဏ္ရာေတြကေတာ့ မစိုးရိမ္ရဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီေန႔မနက္က ပဋိပကၡျဖစ္ပြားခ်ိန္မွာ ေဒသခံ႐ြာသား ၃၀၀ ေလာက္ရွိေနၿပီး ရဲတပ္ဖြဲ႕က အင္အား ၅၀ ေလာက္ရွိ တယ္လို႔ေျပာတယ္။

အဲဒီစစ္ေဆးေရးဂိတ္ ေဆာက္လုပ္တာကို မူလက ေက်း႐ြာမ်က္ႏွာစာမွာရွိတဲ့ မယ္ဇာလီေတာထဲလုပ္ဖို႔စီစဥ္ရာမွာ ေက်း႐ြာက ကန႔္ကြက္ခဲ့တာေၾကာင့္ မနီးမေဝးက ဆူးေတာထဲေဆာက္လုပ္ဖို႔ လုပ္ေဆာင္ရာမွာ ထပ္မံၿပီး ကန႔္ ကြက္ၾကတာလို႔ ပုလဲၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ထက္ ေျပာပါတယ္။

"ကြၽန္ေတာ္တို႔လည္း အႀကိမ္ႀကိမ္ေခၚညႇိၿပီးၿပီ၊ မူလက ႐ြာအေရွ႕က မယ္ဇလီပင္ ေလး၊ ငါးပင္ေလာက္ခုတ္ ရမွာ အေဆာက္အအုံက ၂၀ x ၄၀ ဆိုေတာ့ သူတို႔က အခုတ္မခံဘူး၊ အဲဒါရဲ႕ အေရွ႕ဘက္ ကႏၲာရဆူးေတာႀကီး မွာ လုပ္ခ်င္လုပ္ဆိုေတာ့ အဲေနရာမွာ အခုလုပ္တာမွာ ထပ္ျဖစ္ၾကတာပဲ၊ သူတို႔လက္မခံတဲ့ေနရာမွာ လုပ္တာ မဟုတ္ဘူး။"

အေဆာက္အအုံကို ႐ြာလယ္ကကြင္းျပင္မွာပဲ ေဆာက္ေစခ်င္ၿပီး ႐ြာဖြံ႕ၿဖိဳးေရးအတြက္ ေငြေၾကးေထာက္ပံ့ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုေနတာလို႔ ျမကုန္းေက်း႐ြာသား ဦးေဌးေမာင္က ေျပာပါတယ္။

"႐ြာက လက္ခံတဲ့ေနရာက ႐ြာလယ္ေခါင္က ေရအိုးစင္ႀကီးရွိတယ္၊ ေျမကြက္လပ္ႀကီး ဘာမွမရွိဘူး၊ မျဖစ္မေန လုပ္ရမယ္ဆို အဲမွာလုပ္၊ ႐ြာဖြံ႕ၿဖိဳးေရးအတြက္ နဲနဲပါးပါး ေထာက္ပံ့ေပးေပါ့၊ သူတို႔ဆက္လုပ္ေနရင္ေတာ့ ႐ြာကလက္မခံဘူးတားၾကမွာပဲ။"

ေက်း႐ြာအနီးက ပုလဲ - ဂန႔္ေဂါလမ္းဟာ အိႏၵိယႏိုင္ငံဘက္ကို သြားလာတဲ့လမ္းျဖစ္ၿပီး မူးယစ္ေဆးဝါး၊ အခြန္မဲ့ ပစၥည္း၊ လက္နက္ေတြကို စစ္ေဆးဖို႔ အေကာက္ခြန္နဲ႔ လူဝင္မႈႀကီးၾကပ္ေရးဌာနက စစ္ေဆးေရးဂိတ္တည္ေဆာက္ မွာ ျဖစ္ပါတယ္။

အဲဒီစစ္ေဆးေရးဂိတ္ေဆာက္ကို တိုင္းေဒသႀကီးအစိုးရ ဘက္ဂ်က္ကေန သုံးစြဲဖို႔ စီစဥ္ထားတာေၾကာင့္ စက္တင္ဘာလမွာ အစိုးရအေနနဲ႔ အေကာင္အထည္ေပၚေအာင္ ေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေဒသခံတို႔ရဲ႕ ကန႔္ကြက္မႈနဲ႔ ပတ္သက္ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးျမင့္ၾကည္ကို ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းေပမယ့္ ဝန္ႀကီးက အစည္းအေဝးရွိေနတယ္လို႔ ဆိုၿပီး  ေျဖၾကားျခင္းမရွိပါဘူး။

ေဒသခံေတြကေတာ့ သူတို႔သေဘာတူတဲ့ေနရာမွာ မတည္ေဆာက္ဘူးဆိုရင္ ဆက္လက္ကန႔္ကြက္သြားမယ္လို႔ ဆိုၾကပါတယ္။

အဲဒီစစ္ေဆးေရးဂိတ္ေဆာက္လုပ္ဖို႔အတြက္ ဇြန္လကတည္းက ညႇိႏႈိင္းေနၾကတာျဖစ္ၿပီး ႏွစ္ပတ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
https://www.rfa.org/burmese/news/villagers-clash-with-police-in-pearl-township-07072020063901.html
ပုလဲမြို့မှာ ရဲနဲ့ ဒေသခံတချို့ ပဋိပက္ခဖြစ်ပြီး သုံးဦး ဒဏ်ရာရ ပုလဲမြို့မှာ ရဲနဲ့ ဒေသခံတချို့ ပဋိပက္ခဖြစ်ပြီး သုံးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.