ဖားကန့်မှာ ဆူနာမီပုံစံ မိုးရေနဲ့အတူ မြေစာပုံပြိုကျတာကြောင့် ရေမဆေး အနည်းဆုံး ၁၅၀ လောက်သေဆုံးနိုင်

"အဲဒီနေရာမှာ အနည်းဆုံး ၅ဦးကနေ ၁၀ဦးတဖွဲ့ အဖွဲ့ ၃၀ လောက်ရှိတယ်" လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။
(Unicode)⤵⤵⤵
ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်းလုပ်ကွက်တွေအတွင်း ဇူလိုင် ၂ရက် မနက်ခင်းလောက်မှာ မိုးရေနဲ့အတူ မြေစာပုံတွေပြိုကျပြီး ဆူနာမီပုံစံ ဖြစ်ခဲ့တာကြောင့် အဲဒီတဝိုက်နေထိုင်နေကြတဲ့ ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၅၀ လောက်ပါနိုင်တယ်လို့ ကချင်ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလာဆိုင်းက ဘီဘီစီကိုပြောပါတယ်။

အလောင်း ၆၀ ကျော်ကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဆယ်ယူရရှိထားပြီလို့ သူကပြောပါတယ်။

လက်ရှိကယ်ဆယ်ရေးလုပ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်မှုရရှိတဲ့ နေ့လယ် ၁၂ နာရီကျော်အထိမှာတော့ ရုပ်အလောင်း ၁၁၀ ကျော်အထိကို ဆယ်ယူရရှိပြီးပြီလို့ သိရပါတယ်။

မနက် ၆ နာရီကျော်မှာ မိုးရေနဲ့အတူ စွန့်ပစ်မြေစာပုံတွေကိုတိုက်စားပြီး ရေနဲ့ မြေရောပါတဲ့ လှိုင်းတွေရိုက် ခတ်မှုကြောင့် မြေစာပုံတွေအပေါ်နေထိုင်ကာ ရေးမဆေးကျောက် ရှာဖွေနေကြသူ ၁၅၀လောက် ပါသွားတာလို့ ဦးဒါရှီလာဆိုင်းက ဘီဘီစီကို ပြောပါတယ်။

"အဲဒီနေရာမှာ အနည်းဆုံး ၅ဦးကနေ ၁၀ဦးတဖွဲ့ အဖွဲ့ ၃၀ လောက်ရှိတယ်" လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

ကျောက်ရှာနေချိန်တုန်းမှာပဲ ဖြစ်ခဲ့တာဖြစ်တဲ့အတွက် လူ ၂၀၀ လောက်ကို ပါသွားနိုင်တယ်လို့ ရေမဆေး ကျောက်ရှာဖွေသူအချို့ကို မေးမြန်းသိရှိရပါတယ်။

ဘီဘီစီနဲ့ ဆက်သွယ်မှုရရှိတဲ့အချိန်ထိ မြေစာပုံပြိုကျတဲ့နေရာမှာ မိုးရွာနေတာမို့ကယ်ဆယ်ရေသမားတွေ လည်း နောက်ထပ်ပြိုကျမှုတွေကို သတိပြုကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေရတယ်လို့ သိရပါတယ်။

မနက်ပိုင်းကတော့ မြေတွေပြိုသလို၊ မိုးရွာထားချိန်မှာ စုနေတဲ့ ရေကန်တွေလည်းပြိုကျတာကြောင့် ရေလှိုင်းရိုတ်ခတ်ပြီး ပါကြတာတွေလည်း အမျာစုရှိတယ်လို့ လက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေ ထံကသိရပါတယ်။
ကျောက်ရှာနေချိန်တုန်းမှာပဲ ဖြစ်ခဲ့တာဖြစ်တဲ့အတွက် လူ ၂၀၀ လောက်ကို ပါသွားနိုင်တယ်လို့ ရေမဆေး ကျောက်ရှာဖွေသူအချို့ကို မေးမြန်းသိရှိရပါတယ်။
ကိုဗစ်ကာလဖြစ်တဲ့အတွက် ၅ ဦးစီသာ စုပေါင်းနေထိုင်ရေး လူမှုခပ်ခွာခွာနေထိုင်ဖို့ အစီအမံတွေကိုလည်း ရေမဆေးအလုပ်သမားတွေကို လိုက်နာနိုင်ရေးဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလ အတွင်းမှာတော့ လုပ်ကွက်တွေကို ပိတ်ပင်ထားတာမျိုးလည်း မရှိဘူးလို့ သူကပြောပါတယ်။

အခုဖြစ်တဲ့ လုပ်ကွက်ကလည်း တူးဖော်ခွင့်သက်တမ်းရှိသေးတဲ့ လုပ်ကွက်အတွင်းမှာအခုလို ရေကြီး၊ မြေပြို ခဲ့တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေကို မိုးရာသီမှာ ရပ်နားထားဖို့ ထုတ်ပြန်ချက်တွေ ရှိပေမယ့် လုပ်ကွက်ရပ်နားခြင်း မရှိတဲ့ ကုမ္ပဏီအများစုရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကလဲ လုပ်ကွက်မြေပြိုလို့ ၂ယောက်သေဆုံးခဲ့ပြီး ၆ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်စဉ် နှစ်တိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ နွံကန်ပေါက်တာ လုပ်ကွက်မြေပြို တာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး လူသေဆုံးမူတွေမကြာခဏဖြစ်နေတာပါ။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္မွာ ဆူနာမီပုံစံ မိုးေရနဲ႔အတူ ေျမစာပုံၿပိဳက်တာေၾကာင့္ ေရမေဆး အနည္းဆုံး ၁၅၀ ေလာက္ေသဆုံးႏိုင္

ဖားကန႔္ေဒသ၊ ေဝွခါေက်ာက္စိမ္းလုပ္ကြက္ေတြအတြင္း ဇူလိုင္ ၂ရက္ မနက္ခင္းေလာက္မွာ မိုးေရနဲ႔အတူ ေျမစာပုံေတြၿပိဳက်ၿပီး ဆူနာမီပုံစံ ျဖစ္ခဲ့တာေၾကာင့္ အဲဒီတဝိုက္ေနထိုင္ေနၾကတဲ့ ေရမေဆးေက်ာက္ရွာသူ အနည္းဆုံး ၁၅၀ ေလာက္ပါႏိုင္တယ္လို႔ ကခ်င္ျပည္နယ္သယံဇာတဝန္ႀကီး ဦးဒါရွီလာဆိုင္းက ဘီဘီစီကိုေျပာပါတယ္။

အေလာင္း ၆၀ ေက်ာ္ကို ဒီေန႔မနက္ ၁၁ နာရီေလာက္မွာ ဆယ္ယူရရွိထားၿပီလို႔ သူကေျပာပါတယ္။

လက္ရွိကယ္ဆယ္ေရးလုပ္ေပးေနတဲ့ အဖြဲ႕ေတြနဲ႔ ဆက္သြယ္မႈရရွိတဲ့ ေန႔လယ္ ၁၂ နာရီေက်ာ္အထိမွာေတာ့ ႐ုပ္အေလာင္း ၁၁၀ ေက်ာ္အထိကို ဆယ္ယူရရွိၿပီးၿပီလို႔ သိရပါတယ္။

မနက္ ၆ နာရီေက်ာ္မွာ မိုးေရနဲ႔အတူ စြန႔္ပစ္ေျမစာပုံေတြကိုတိုက္စားၿပီး ေရနဲ႔ ေျမေရာပါတဲ့ လႈိင္းေတြ႐ိုက္ ခတ္မႈေၾကာင့္ ေျမစာပုံေတြအေပၚေနထိုင္ကာ ေရးမေဆးေက်ာက္ ရွာေဖြေနၾကသူ ၁၅၀ေလာက္ ပါသြားတာလို႔ ဦးဒါရွီလာဆိုင္းက ဘီဘီစီကို ေျပာပါတယ္။

"အဲဒီေနရာမွာ အနည္းဆုံး ၅ဦးကေန ၁၀ဦးတဖြဲ႕ အဖြဲ႕ ၃၀ ေလာက္ရွိတယ္" လို႔ ဦးဒါရွီလာဆိုင္းက ေျပာပါတယ္။

ေက်ာက္ရွာေနခ်ိန္တုန္းမွာပဲ ျဖစ္ခဲ့တာျဖစ္တဲ့အတြက္ လူ ၂၀၀ ေလာက္ကို ပါသြားႏိုင္တယ္လို႔ ေရမေဆး ေက်ာက္ရွာေဖြသူအခ်ိဳ႕ကို ေမးျမန္းသိရွိရပါတယ္။

ဘီဘီစီနဲ႔ ဆက္သြယ္မႈရရွိတဲ့အခ်ိန္ထိ ေျမစာပုံၿပိဳက်တဲ့ေနရာမွာ မိုး႐ြာေနတာမို႔ကယ္ဆယ္ေရသမားေတြ လည္း ေနာက္ထပ္ၿပိဳက်မႈေတြကို သတိျပဳကာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို လုပ္ေနရတယ္လို႔ သိရပါတယ္။

မနက္ပိုင္းကေတာ့ ေျမေတြၿပိဳသလို၊ မိုး႐ြာထားခ်ိန္မွာ စုေနတဲ့ ေရကန္ေတြလည္းၿပိဳက်တာေၾကာင့္ ေရလႈိင္း႐ိုတ္ခတ္ၿပီး ပါၾကတာေတြလည္း အမ်ာစုရွိတယ္လို႔ လက္ရွိကယ္ဆယ္ေရးလုပ္ေနတဲ့ အဖြဲ႕ေတြ ထံကသိရပါတယ္။

ကိုဗစ္ကာလျဖစ္တဲ့အတြက္ ၅ ဦးစီသာ စုေပါင္းေနထိုင္ေရး လူမႈခပ္ခြာခြာေနထိုင္ဖို႔ အစီအမံေတြကိုလည္း ေရမေဆးအလုပ္သမားေတြကို လိုက္နာႏိုင္ေရးေဆာင္႐ြက္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ကိုဗစ္ကာလ အတြင္းမွာေတာ့ လုပ္ကြက္ေတြကို ပိတ္ပင္ထားတာမ်ိဳးလည္း မရွိဘူးလို႔ သူကေျပာပါတယ္။

အခုျဖစ္တဲ့ လုပ္ကြက္ကလည္း တူးေဖာ္ခြင့္သက္တမ္းရွိေသးတဲ့ လုပ္ကြက္အတြင္းမွာအခုလို ေရႀကီး၊ ေျမၿပိဳ ခဲ့တာလည္းျဖစ္ပါတယ္။

ကခ်င္ျပည္နယ္က ေက်ာက္စိမ္းလုပ္ကြက္ေတြကို မိုးရာသီမွာ ရပ္နားထားဖို႔ ထုတ္ျပန္ခ်က္ေတြ ရွိေပမယ့္ လုပ္ကြက္ရပ္နားျခင္း မရွိတဲ့ ကုမၸဏီအမ်ားစုရွိေနတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ကလဲ လုပ္ကြက္ေျမၿပိဳလို႔ ၂ေယာက္ေသဆုံးခဲ့ၿပီး ၆ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ႏွစ္စဥ္ ႏွစ္တိုင္း ကခ်င္ျပည္နယ္က ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ ႏြံကန္ေပါက္တာ လုပ္ကြက္ေျမၿပိဳ တာေတြ ဆက္တိုက္ျဖစ္ေပၚေနၿပီး လူေသဆုံးမူေတြမၾကာခဏျဖစ္ေနတာပါ။

BBC Burmese
https://www.bbc.com/burmese/burma-53261612
ဖားကန့်မှာ ဆူနာမီပုံစံ မိုးရေနဲ့အတူ မြေစာပုံပြိုကျတာကြောင့် ရေမဆေး အနည်းဆုံး ၁၅၀ လောက်သေဆုံးနိုင် ဖားကန့်မှာ ဆူနာမီပုံစံ မိုးရေနဲ့အတူ မြေစာပုံပြိုကျတာကြောင့် ရေမဆေး အနည်းဆုံး ၁၅၀ လောက်သေဆုံးနိုင် Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.