ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ရွေးကောက်ပွဲစည်းရုံးရေး စပြီ

သမ္မတဦးဝင်းမြင့် (ဝဲ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ)။ (မတ် ၃၀၊ ၂၀၁၈)
(Unicode)⤵⤵⤵
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဒီနေ့က စတင်လိုက်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီက ဒီနေ့ ကြေငြာလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီရဲ့ ကြေငြာချက်။ (ဇူလိုင် ၀၂၊ ၂၀၂၀)
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ဇူလိုင်လ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အထူးကြေငြာချက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒု-ဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့ဟာ ဒီနေ့ကစပြီး ပါတီစည်းရုံရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်သွားမယ်ဆိုပြီး ပြောကြားထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မနေ့က ကြေငြာခဲ့ပြီးတဲ့နောက် NLD ပါတီရဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။

ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာတဲ့နေ့ကစပြီး သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေတွေနဲ့ ကိုက်ညီရင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အခုချိန်ထိတော့ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်တွေကို မကြေငြာသေးသလို ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ပါတီအသီးသီးကနေ ဝင်ရောက်ယှဉ်ပြိင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ တင်သွင်းရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့ပြီး သမ္မတဦးဝင်းမြင့်ကတော့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဝင်အရွေးခံခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္ ေ႐ြးေကာက္ပြဲစည္း႐ုံးေရး စၿပီ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ဟာ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းေတြကို ဒီေန႔က စတင္လိုက္ၿပီလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ NLD ပါတီက ဒီေန႔ ေၾကျငာလိုက္ပါတယ္။

NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ဒီေန႔ ဇူလိုင္လ ၂ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္လိုက္တဲ့ အထူးေၾကျငာခ်က္ထဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒု-ဥကၠ႒ (၁) ဦးဝင္းျမင့္တို႔ဟာ ဒီေန႔ကစၿပီး ပါတီစည္း႐ုံေရးနဲ႔ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္သြားမယ္ဆိုၿပီး ေျပာၾကားထားပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ တနဂၤေႏြေန႔မွာ က်င္းပမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ မေန႔က ေၾကျငာခဲ့ၿပီးတဲ့ေနာက္ NLD ပါတီရဲ႕ အခုထုတ္ျပန္ခ်က္ ထြက္လာတာပါ။

ေကာ္မရွင္က ေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ ေၾကျငာတဲ့ေန႔ကစၿပီး သတ္မွတ္ထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြ၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ဥပေဒေတြနဲ႔ ကိုက္ညီရင္ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ နယ္ေျမစည္း႐ုံေရးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ႏိုင္တယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

အခုခ်ိန္ထိေတာ့ မဲဆႏၵနယ္ေျမအလိုက္ ကိုယ္စားလွယ္ေတြကို မေၾကျငာေသးသလို ေဒၚေအာင္ဆန္းစုၾကည္ ဝင္ၿပိဳင္မယ္၊ မၿပိဳင္ဘူးဆိုတာကိုလည္း အတိအက် မသိရေသးပါဘူး။

ပါတီအသီးသီးကေန ဝင္ေရာက္ယွဥ္ၿပိင္မယ့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြကို ဇူလိုင္လ ၂၀ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔အထိ တင္သြင္းရမယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာတုန္းကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေကာ့မႉးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္အေ႐ြးခံခဲ့ၿပီး သမၼတဦးဝင္းျမင့္ကေတာ့ တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္နဲ႔ ဝင္အေ႐ြးခံခဲ့တာျဖစ္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-election-assk-uwinmyint/5486099.html
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ရွေးကောက်ပွဲစည်းရုံးရေး စပြီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ရွေးကောက်ပွဲစည်းရုံးရေး စပြီ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.