နေပြည်တော်က ကြည်ညိုဖွယ်မရှိတဲ့ ရုပ်ပွားတော် ၆၇ ဆူကို ဖျက်သိမ်းဖို့ သာသနာရေးဌာန ညွှန်ကြား


(Unicode)⤵⤵⤵
 နေပြည်တော်၊ ပျဉ်းမနားမြို့က စိန္တာမုနိကျောင်း ဆရာတော် တည်ထားတဲ့ ရုပ်ပွားတော် ၆၇ ဆူဟာ ကြည်ညိုဖွယ်မဆောင်တဲ့အတွက် ဖျက်သိမ်းဖို့အတွက် နေပြည်တော်သံဃနာယကအဖွဲ့က ဆရာတော်ကို သြဝါဒပေးခဲ့တယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ထုဆစ်ထားတဲ့ ရုပ်ပွားတော်ပုံတွေဟာ ကြည်ညိုလေ့ရှိတဲ့ မုဒြာ ၅၅ မျိုးမှာပါဝင်တဲ့ ပုံစံမဟုတ်ပဲ ဆံတော်နေရာမှာ ကြာပန်းပြုလုပ်တာ၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နဲ့ ဦးခေါင်းအနောက်ဘက်မှာ ခရုပတ်ထည့်သွင်းထားတာ၊ ညာလက်တော်က ရှေ့ကိုချထားပြီး ဘယ်ဘက်လက်တော်က နောက်ဘက်ကို ဖြန့်ချထားတာတွေက ဥဒ္ဒိသက စေတီတော်အဖြစ် ထားရှိကြည်ညိုဖို့ မသင့်တော်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီရုပ်ပွားတော်တွေဟာ အေးချမ်းတဲ့ပုံရိပ်တွေနဲ့  ဆန့်ကျင်နေတယ်လို့လည်း ဆိုထားပါတယ်။ ရုပ်ပွားတော်တွေနဲ့ ပတ်သက်ပြီး အင်တာနက်စာမျက်နှာတွေမှာလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီရုပ်ပွားတော်တွေကို ဦးဆောင်ထုဆစ်တဲ့ ဆရာတော်ဟာ တောထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေ တက်ကျွမ်းမှု မရှိသလို အလှူရှင်ကိုယ်ကျိုးစီးပွားအတွက် လောကီအစီအမံတွေပေါင်းပြီး ပြုလုပ်ထားတဲ့ ရုပ်ပွားတော်တွေဖြစ်လို့ ဇူလိုင် ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ရုပ်ပွားတော်တွေ တည်ထားတာ မသင့်တော်တဲ့အတွက် အရေးယူပေးဖို့ ရေးသားထားတာတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံနှံလာတဲ့နောက် အခုလို အရေးယူတဲ့ဖြစ်စဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္က ၾကည္ညိဳဖြယ္မရွိတဲ့ ႐ုပ္ပြားေတာ္ ၆၇ ဆူကို ဖ်က္သိမ္းဖို႔ သာသနာေရးဌာန ၫႊန္ၾကား

 ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕က စိႏၲာမုနိေက်ာင္း ဆရာေတာ္ တည္ထားတဲ့ ႐ုပ္ပြားေတာ္ ၆၇ ဆူဟာ ၾကည္ညိဳဖြယ္မေဆာင္တဲ့အတြက္ ဖ်က္သိမ္းဖို႔အတြက္ ေနျပည္ေတာ္သံဃနာယကအဖြဲ႕က ဆရာေတာ္ကို ၾသဝါဒေပးခဲ့တယ္လို႔ သာသနာေရးဝန္ႀကီးဌာနက ဒီကေန႔ သတင္း ထုတ္ျပန္ပါတယ္။

ထုဆစ္ထားတဲ့ ႐ုပ္ပြားေတာ္ပုံေတြဟာ ၾကည္ညိဳေလ့ရွိတဲ့ မုျဒာ ၅၅ မ်ိဳးမွာပါဝင္တဲ့ ပုံစံမဟုတ္ပဲ ဆံေတာ္ေနရာမွာ ၾကာပန္းျပဳလုပ္တာ၊ လက္ေမာင္းေတာ္၊ ခ်က္ေတာ္၊ ဒူးေတာ္၊ ေက်ာဘက္နဲ႔ ဦးေခါင္းအေနာက္ဘက္မွာ ခ႐ုပတ္ထည့္သြင္းထားတာ၊ ညာလက္ေတာ္က ေရွ႕ကိုခ်ထားၿပီး ဘယ္ဘက္လက္ေတာ္က ေနာက္ဘက္ကို ျဖန႔္ခ်ထားတာေတြက ဥဒၵိသက ေစတီေတာ္အျဖစ္ ထားရွိၾကည္ညိဳဖို႔ မသင့္ေတာ္ဘူးလို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

အဲဒီ႐ုပ္ပြားေတာ္ေတြဟာ ေအးခ်မ္းတဲ့ပုံရိပ္ေတြနဲ႔  ဆန႔္က်င္ေနတယ္လို႔လည္း ဆိုထားပါတယ္။ ႐ုပ္ပြားေတာ္ေတြနဲ႔ ပတ္သက္ၿပီး အင္တာနက္စာမ်က္ႏွာေတြမွာလည္း ေဝဖန္မႈေတြရွိခဲ့ပါတယ္။

ဒီ႐ုပ္ပြားေတာ္ေတြကို ဦးေဆာင္ထုဆစ္တဲ့ ဆရာေတာ္ဟာ ေတာထြက္ရဟန္းတစ္ပါးျဖစ္ၿပီး ပိဋကတ္စာေပ တက္ကြၽမ္းမႈ မရွိသလို အလႉရွင္ကိုယ္က်ိဳးစီးပြားအတြက္ ေလာကီအစီအမံေတြေပါင္းၿပီး ျပဳလုပ္ထားတဲ့ ႐ုပ္ပြားေတာ္ေတြျဖစ္လို႔ ဇူလိုင္ ၆ ရက္ေန႔ ေနာက္ဆုံးထား ဖယ္ရွားဖို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလို ႐ုပ္ပြားေတာ္ေတြ တည္ထားတာ မသင့္ေတာ္တဲ့အတြက္ အေရးယူေပးဖို႔ ေရးသားထားတာေတြ လူမႈကြန္ရက္စာမ်က္ႏွာမွာ ပ်ံႏွံလာတဲ့ေနာက္ အခုလို အေရးယူတဲ့ျဖစ္စဥ္ ထြက္ေပၚလာတာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
နေပြည်တော်က ကြည်ညိုဖွယ်မရှိတဲ့ ရုပ်ပွားတော် ၆၇ ဆူကို ဖျက်သိမ်းဖို့ သာသနာရေးဌာန ညွှန်ကြား နေပြည်တော်က ကြည်ညိုဖွယ်မရှိတဲ့ ရုပ်ပွားတော် ၆၇ ဆူကို ဖျက်သိမ်းဖို့ သာသနာရေးဌာန ညွှန်ကြား Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.