နယ်မြေရှင်းလင်းရေး သတင်းကြောင့် ရခိုင်မှာ ရွာလုံးကျွတ် ထွက်ပြေးတာတွေ ရှိနေ

ရသေ့တောင်မြို့နယ် ကျေးရွာတွေက ထွက်ပြေးလာသူများ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဇွန်လ တတိယအပတ် အတွင်းက စတင်ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့တဲ့ အတွက် ကျေးရွာတွေက ဒေသခံပြည်သူတွေ အလုံးအရင်းနဲ့ ထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ရသေ့တောင်အပြင် အမ်း၊ မြောက်ဦး စတဲ့မြို့နယ်တွေက ဒေသခံတွေလည်း စစ်ဆင်ရေး သတင်းတွေကြောင့် ထောင်နဲ့ချီပြီး ထွက်ပြေး နေကြတာတွေ ရှိနေပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အဲ့ဒီ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုနေကြပေမဲ့ လက်တွေ့ မြေပြင်အခြေအနေမှာတော့ ဒေသခံ ကျေးရွာသား အများအပြားဟာ နေရပ် စွန့်ခွာမှုတွေ ဖြစ်ပွား နေကြတာပဲ ဖြစ်ပါတယ်။

နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်နေကြပြီး တပ်မတော် စစ်ကြောင်းတွေ ရွာထဲ ဝင်ရောက်လာလို့ရှိရင် အခုလိုမျိုး ထွက်ပြေး နေကြရတယ်လို့ ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

"အခုက မိုးတွင်းလဲ ဖြစ်တယ်။ ရခိုင်မှာ စပါးစိုက်ပျိုးတဲ့ ရာသီလည်းဖြစ်တယ်ဆိုတော့ ခုလို ရွာသားတွေ ထွက်ပြေးနေရတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ကိုဗစ်လည်းရှိနေတော့ ဒါတွေနဲ့ ပတ်သက်လို့ အရေးပေါ်လွှတ်တော် အစည်းအဝေးတွေ ရှိလာရင် အစိုးရကို တင်ပြ တောင်းဆိုသွားဖို့ရှိပါတယ်"လို့ မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းက ပြောပါတယ်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်လက်ဖြစ်ပွားနေ
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မိုးရာသီ ကျရောက်နေပြီ ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါနဲ့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားတာတွေလည်း ရှိနေပြီး အခုလိုမျိုး တပ်မတော် စစ်ကြောင်းတွေကို စိုးရိမ် ကြောက်လန့်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေ ဆက်လက် ဖြစ်ပွားလာပါက အဲ့ဒီရောဂါတွေနဲ့ ပိုမို ရင်ဆိုင် လာရနိုင်တယ်လို့ သူကပြောဆိုသွားပါတယ်။

တပ်မတော် စစ်ဆင်ရေးသတင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ အမ်းနဲ့ မြောက်ဦးမြို့နယ်တွေမှာ နေရပ်စွန့်ခွာ နေကြသူတွေ နေ့တိုင်းလိုလို ရှိနေပြီး ဇွန်လ နောက်ဆုံးပတ်နဲ့ ဇူလိုင်လ ပထမပတ်တွေမှာ အဲ့ဒီသုံးမြို့နယ်အတွင်း နေရပ်စွန့်ခွာသူ သုံးသောင်းလောက် အထိရှိခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့နယ် တောင်ပိုင်းဒေသက တန်းပျင်းကြီးကျေးရွာကို ဇူလိုင်လ ၃ရက်နေ့ နေ့လယ်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခု ရွာအနောက်ဘက်ကနေ သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့တဲ့ အတွက် ရွာသားတွေ ကြောက်ရွံ့ ထွက်ပြေးခဲ့ကြရတယ်လို့ တန်းပျင်းကြီးကျေးရွာသူ ဒေါ်မီမီလှိုင်က ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂ ရက်နေ့မှာ ပေါင်းတုတ်ရွာဘက်ကနေ မြောင်းဘွေ တိုက်နယ်ကျေးရွာကို ရောက်ရှိလာခဲ့ကြပြီး ၃ ရက်နေ့မှာ တန်းပျင်းကြီးကျေးရွာကို ရွာအနောက်ဘက် ကွမ်းသီးခြံတွေရှိတဲ့ ဥယျာဉ်ခင်းတွေဘက်ကနေ သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဝင်ရောက် လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့တဲ့အချိန်မှာ ရွာအဝင် လမ်းမဘက်ကနေ ဝင်လာတာမျိုး မဟုတ်ဘဲ နောက်ဘက်က ဝင်လာတာဖြစ်သလို သေနတ်ပစ်ဖောက်ပြီး ဝင်လာတာ ဖြစ်တဲ့အတွက် ရွာသားတွေ ကြောက်ရွံ့ခဲ့ရသလို အစပိုင်းမှာ ရွာခံတချို့သာ ထွက်ပြေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ထပ်မံပစ်ခတ်တာတွေ ရှိလာတဲ့အတွက် တစ်ရွာလုံး ထွက်ပြေးခဲ့ကြရတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။
မြောက်ဦးမြို့နယ်ထဲက ရွာတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေ
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်းတွေ ပစ်ခတ် ဝင်ရောက်တာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

မြောက်ဦးမြို့နယ်ထဲက တန်းပျင်းကြီး အပြင် ကျွဲတဲ၊ မောင်ညိုကျွန်း၊ ခမောင်းတက်၊ လက်သန်းချီ စတဲ့ ကျေးရွာတွေကလည်း ထွက်ပြေးခဲ့ကြပြီး ကျွဲတဲနဲ့ တန်းပျင်းကြီးကတော့ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတယ် လို့သိရပါတယ်။

ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရတဲ့ တန်းပျင်းကြီးကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး ကျွဲတဲရွာမှာတော့ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ကျေးရွာတွေ ဖြစ်ကြပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တပ်တော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်နှစ်ကျော်အကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ စစ်ဘေး ဒုက္ခသည်ပေါင်း ၂ သိန်းဝန်းကျင်အထိရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
နယ္ေျမရွင္းလင္းေရး သတင္းေၾကာင့္ ရခိုင္မွာ ႐ြာလုံးကြၽတ္ ထြက္ေျပးတာေတြ ရွိေန

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဇြန္လ တတိယအပတ္ အတြင္းက စတင္ၿပီး တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ ျပဳလုပ္မယ္လို႔ ထုတ္ျပန္ခဲ့တဲ့ အတြက္ ေက်း႐ြာေတြက ေဒသခံျပည္သူေတြ အလုံးအရင္းနဲ႔ ထြက္ေျပးတာေတြ ရွိခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္း ရေသ့ေတာင္အျပင္ အမ္း၊ ေျမာက္ဦး စတဲ့ၿမိဳ႕နယ္ေတြက ေဒသခံေတြလည္း စစ္ဆင္ေရး သတင္းေတြေၾကာင့္ ေထာင္နဲ႔ခ်ီၿပီး ထြက္ေျပး ေနၾကတာေတြ ရွိေနပါတယ္။

အစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ အဲ့ဒီ စစ္ဆင္ေရးေတြကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ေျပာဆိုေနၾကေပမဲ့ လက္ေတြ႕ ေျမျပင္အေျခအေနမွာေတာ့ ေဒသခံ ေက်း႐ြာသား အမ်ားအျပားဟာ ေနရပ္ စြန႔္ခြာမႈေတြ ျဖစ္ပြား ေနၾကတာပဲ ျဖစ္ပါတယ္။

နယ္ေျမ ရွင္းလင္းေရး လုပ္မယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ေဒသခံေတြကေတာ့ စိုးရိမ္ေၾကာက္လန႔္ေနၾကၿပီး တပ္မေတာ္ စစ္ေၾကာင္းေတြ ႐ြာထဲ ဝင္ေရာက္လာလို႔ရွိရင္ အခုလိုမ်ိဳး ထြက္ေျပး ေနၾကရတယ္လို႔ ရေသ့ေတာင္ေဒသခံ ကိုေက်ာ္မင္းခိုင္က ေျပာပါတယ္။

"အခုက မိုးတြင္းလဲ ျဖစ္တယ္။ ရခိုင္မွာ စပါးစိုက္ပ်ိဳးတဲ့ ရာသီလည္းျဖစ္တယ္ဆိုေတာ့ ခုလို ႐ြာသားေတြ ထြက္ေျပးေနရေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္တယ္။ ကိုဗစ္လည္းရွိေနေတာ့ ဒါေတြနဲ႔ ပတ္သက္လို႔ အေရးေပၚလႊတ္ေတာ္ အစည္းအေဝးေတြ ရွိလာရင္ အစိုးရကို တင္ျပ ေတာင္းဆိုသြားဖို႔ရွိပါတယ္"လို႔ ေျမာက္ဦးၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ေျမ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးေက်ာ္ဝင္းက ေျပာပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္အတြင္း မိုးရာသီ က်ေရာက္ေနၿပီ ျဖစ္တဲ့အတြက္ ရာသီတုပ္ေကြးေရာဂါ၊ ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါနဲ႔ ကိုဗစ္ ၁၉ ေရာဂါ ျဖစ္ပြားတာေတြလည္း ရွိေနၿပီး အခုလိုမ်ိဳး တပ္မေတာ္ စစ္ေၾကာင္းေတြကို စိုးရိမ္ ေၾကာက္လန႔္ၿပီး အိုးအိမ္စြန႔္ခြာ ထြက္ေျပးမႈေတြ ဆက္လက္ ျဖစ္ပြားလာပါက အဲ့ဒီေရာဂါေတြနဲ႔ ပိုမို ရင္ဆိုင္ လာရႏိုင္တယ္လို႔ သူကေျပာဆိုသြားပါတယ္။

တပ္မေတာ္ စစ္ဆင္ေရးသတင္းေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္ေတြျဖစ္တဲ့ ရေသ့ေတာင္၊ အမ္းနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ ေနရပ္စြန႔္ခြာ ေနၾကသူေတြ ေန႔တိုင္းလိုလို ရွိေနၿပီး ဇြန္လ ေနာက္ဆုံးပတ္နဲ႔ ဇူလိုင္လ ပထမပတ္ေတြမွာ အဲ့ဒီသုံးၿမိဳ႕နယ္အတြင္း ေနရပ္စြန႔္ခြာသူ သုံးေသာင္းေလာက္ အထိရွိခဲ့တယ္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာဆိုၾကပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္ ေတာင္ပိုင္းေဒသက တန္းပ်င္းႀကီးေက်း႐ြာကို ဇူလိုင္လ ၃ရက္ေန႔ ေန႔လယ္ပိုင္းမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခု ႐ြာအေနာက္ဘက္ကေန ေသနတ္ပစ္ေဖာက္ ဝင္ေရာက္လာခဲ့တဲ့ အတြက္ ႐ြာသားေတြ ေၾကာက္႐ြံ႕ ထြက္ေျပးခဲ့ၾကရတယ္လို႔ တန္းပ်င္းႀကီးေက်း႐ြာသူ ေဒၚမီမီလႈိင္က ဘီဘီစီကို ေျပာပါတယ္။

အဲ့ဒီစစ္ေၾကာင္းဟာ ဇူလိုင္လ ၂ ရက္ေန႔မွာ ေပါင္းတုတ္႐ြာဘက္ကေန ေျမာင္းေဘြ တိုက္နယ္ေက်း႐ြာကို ေရာက္ရွိလာခဲ့ၾကၿပီး ၃ ရက္ေန႔မွာ တန္းပ်င္းႀကီးေက်း႐ြာကို ႐ြာအေနာက္ဘက္ ကြမ္းသီးၿခံေတြရွိတဲ့ ဥယ်ာဥ္ခင္းေတြဘက္ကေန ေသနတ္ေတြ ပစ္ေဖာက္ၿပီးေတာ့ ဝင္ေရာက္ လာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ေက်း႐ြာအတြင္းကို တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာခဲ့တဲ့အခ်ိန္မွာ ႐ြာအဝင္ လမ္းမဘက္ကေန ဝင္လာတာမ်ိဳး မဟုတ္ဘဲ ေနာက္ဘက္က ဝင္လာတာျဖစ္သလို ေသနတ္ပစ္ေဖာက္ၿပီး ဝင္လာတာ ျဖစ္တဲ့အတြက္ ႐ြာသားေတြ ေၾကာက္႐ြံ႕ခဲ့ရသလို အစပိုင္းမွာ ႐ြာခံတခ်ိဳ႕သာ ထြက္ေျပးခဲ့ၾကေပမဲ့ ေနာက္ပိုင္းမွာေတာ့ ထပ္မံပစ္ခတ္တာေတြ ရွိလာတဲ့အတြက္ တစ္႐ြာလုံး ထြက္ေျပးခဲ့ၾကရတယ္လို႔ ႐ြာသားေတြက ေျပာဆိုၾကပါတယ္။

တိုက္ပြဲ ျဖစ္ပြားျခင္းမရွိဘဲ ေက်း႐ြာအတြင္းကို တပ္မေတာ္စစ္ေၾကာင္းေတြ ပစ္ခတ္ ဝင္ေရာက္တာနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

ေျမာက္ဦးၿမိဳ႕နယ္ထဲက တန္းပ်င္းႀကီး အျပင္ ကြၽဲတဲ၊ ေမာင္ညိဳကြၽန္း၊ ခေမာင္းတက္၊ လက္သန္းခ်ီ စတဲ့ ေက်း႐ြာေတြကလည္း ထြက္ေျပးခဲ့ၾကၿပီး ကြၽဲတဲနဲ႔ တန္းပ်င္းႀကီးကေတာ့ ႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ၾကတယ္ လို႔သိရပါတယ္။

႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ၾကရတဲ့ တန္းပ်င္းႀကီးေက်း႐ြာမွာ အိမ္ေျခ ၃၀၀ နီးပါးရွိၿပီး ကြၽဲတဲ႐ြာမွာေတာ့ အိမ္ေျခ ၅၀၀ နီးပါးရွိတဲ့ေက်း႐ြာေတြ ျဖစ္ၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြမွာ တပ္ေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တစ္ႏွစ္ေက်ာ္အၾကာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း အိုးအိမ္စြန႔္ခြာခဲ့ၾကရတဲ့ စစ္ေဘး ဒုကၡသည္ေပါင္း ၂ သိန္းဝန္းက်င္အထိရွိလာေနၿပီလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53300656
နယ်မြေရှင်းလင်းရေး သတင်းကြောင့် ရခိုင်မှာ ရွာလုံးကျွတ် ထွက်ပြေးတာတွေ ရှိနေ နယ်မြေရှင်းလင်းရေး သတင်းကြောင့် ရခိုင်မှာ ရွာလုံးကျွတ် ထွက်ပြေးတာတွေ ရှိနေ Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.