မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝင်းအတွင်းဓားထိုးမှုဖြစ်ပွားပြီးလူသေဆုံး


(Unicode)⤵⤵⤵
 မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်မှာဇူလိုင်လ ၉ရက် ညနေပိုင်းက ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး ဓားထိုးခံရသူ သေဆုံးသွားတယ်လို့ မကွေးမြို့ နယ်အုပ်ချုပ်မှူး ဦးသက်လွင်ကပြောပါတယ်။

မကွေးမြို့ ၊ အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ရွှေဗဟိုရ်စည်လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည်သောက်နေသူ ကိုလက်ဖက်ရည်ဆိုင်ဖျော်ဆရာက သူ့ကိုစနောက်တယ်လို့ဆိုပြီး ဓားဦးချွန်နဲ့ထိုးခဲ့တာပါ။
"ဖြစ်စဉ်ဖြစ်သွားတာတော့ ဟုတ်တယ်။ သူငယ်ချင်းချင်း အစလွန်ပြီးတော့ လက်လွန်သွားလားမသိဘူး။ မတော်တဆလား ၊ တစ်ကယ်လားတော့ စစ်မှသိမယ်။ ဓားနဲ့ထိုးမိတယ်လို့ ပြောတယ်။ ဆုံးသွားတယ် "လို့ ဦးသက်လွင်က ဆိုပါတယ်။

ဓားထိုးခံရသူကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တဲ့အတွက် မကွေးမြို့မရဲစခန်း (ပ)၆၈၂/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-စိုးစိုးဦး၊သက်ခိုင်မိုး
----------------------------------

(Zawgyi)⤵⤵⤵




https://www.facebook.com/onenewsmyan
မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝင်းအတွင်းဓားထိုးမှုဖြစ်ပွားပြီးလူသေဆုံး မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝင်းအတွင်းဓားထိုးမှုဖြစ်ပွားပြီးလူသေဆုံး Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.