ဖိုလ်ဝင်တောင်အနီး သတ္တုရှာဖွေမယ့်အစီအစဉ် ဖျက်သိမ်း

(Zawgyi)⤵⤵⤵
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ဖိုလ်ဝင်တောင် ယဉ်ကျေးမှုဒေသ အနီးတဝိုက်မှာ တရုတ်ကုမ္ပဏီတခုရဲ့ သတ္တုစမ်းသပ်ရှာဖွေမယ့်ကိစ္စကို ဒေသခံတွေက သဘောမကျလို့ ဝေဖန်ကန့်ကွက်မှုတွေရှိလာပြီးနောက်မှာ စမ်းသပ်ရှာဖွေမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

ဖိုလ်ဝင်တောင် ယဉ်ကျေးမှုဒေသမှာ သတ္တုစမ်းသပ်ရှာဖွေ ခွင့်တင်ပြထားတဲ့ Kincaid Exploration ကုမ္ပဏီက စမ်းသပ်ရှာဖွေခွင့်ကို ပြန်လည်စွန့်လွှတ်လိုက်ပြီလို့ ကုမ္ပဏီဘက်က ဖုန်းဆက်လာကြောင်း  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက RFA ကို ဇူလိုင် ၈ ရက်နေ့က  ပြောပါတယ်။

"အထောက်အထားစာရွက်က နောက်နှစ်ရက် သုံးရက်လောက်ဆို ရမှာပါ။ သေချာအောင် ပြန်တောင်းမှာ၊ ကာယကံရှင်က ဖုန်းဆက်တာ။ စစ်ကိုင်းတိုင်းမှာတော့ ကောလင်းတို့ဘက်မှာတော့ နေရာတော့ ရှာဦးမှာပေါ့"
အဲ့ဒီကုမ္ပဏီဟာ ဧကတစ်သောင်းဝန်းကျင် ကျယ်ဝန်းတဲ့ မြေနေရာမှာ ကြေးနီနဲ့ ဆက်စပ်သတ္တုပစ္စည်းတွေ ရှာဖွေဖို့ ပြည်ထောင်စု အစိုးရကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

၀န်ကြီးဌာန လုပ်ကွက်စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ပြီး ဧပြီနဲ့ မေလက ကျင်းပတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက အကြီးစားသတ်မှတ်ထားတဲ့ ဧရိယာအတွင်းကျရောက်ပြီး လုပ်ကွက်ကင်းလွတ်မှုရှိတယ်ဆိုပြီး စစ်ကိုင်းတိုင်းအစိုးရကို သဘောထားတောင်းခံထားတာပါ။

စမ်းသပ်လုပ်ဆောင်မယ့် နေရာမှာ ရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုဖြစ်တဲ့ ဖိုလ်ဝင်တောင်ဒေသ ပါဝင်လာတာကြောင့် ဒေသခံတွေဘက်လည်း ကန့်ကွက်နေပါတယ်။

ယင်းမာပင်မြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဆန်းဝင်းမောင်က ဒီဒေသမှာ ဒီလိုစီမံကိန်းမျိုး မရှိသင့်ဘူးလို့ ပြောပါတယ်။
“ဖျက်သိမ်းသွားရင်တော့ ဝမ်းသာတယ်။ ယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်တယ်။ ရွာတွေနဲ့လည်း မဝေးဘူး။ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းတယ်။ မရုပ်သိမ်းရင်တော့ လက်မခံနိုင်ကြောင်း ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်”
မုံရွာမြို့ဒေသခံ ကိုကျော်မိုးလှိုင်ကတော့ ရွေးကောက်ပွဲနီးလာပြီဖြစ်လို့ အစိုးရရဲ့ လုပ်ရပ်ကို အများက ပိုမို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“ ရှေးဟောင်းနယ်မြေက သတ္တုတူးဖော်ရမယ့် နေရာ မဟုတ်ဘူး။ ပျူခေတ်ကတည်းက နေရာ၊ တိုင်းအစိုးရကလည်း သဘောတူ လက်ခံမယ် မထင်ဘူး။ ပေးလိုက်မယ်ဆိုရင် ရွေးကောက်ပွဲလည်း နီးနေပြီ။ ပေးလိုက်မယ်ဆိုရင် မလိုလားတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ရှိလာမယ်”
ယင်းမာပင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီကို ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ လက်တလော အခြေအနေတွေ သေချာမသိရသေးကြောင်းနဲ့ သိလာရင်လည်း ဒါကို တရားဝင်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

Kincaid Exploration ကုမ္ပဏီက သတ္တုစမ်းသပ်ရှာဖွေခွင့် တင်ပြထားတဲ့ နေရာအနီးမှာ တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီက သတ္တု အကြီးအကျယ်တူးဖော်နေတာ ကာလအတန် ကြာပါပြီ။ ပြီးခဲ့တဲ့နှစ်ကလည်း အဲ့ဒီနေရာ အနီးတဝိုက်မှာ  ဝါးစိမ်းတောင်ကုမ္ပဏီက သတ္တုစမ်းသပ်တူးဖော်ခွင့် တောင်းခံရာမှာ  အများပြည်သူက ကန့်ကွက်ခဲ့သလို  တိုင်းအစိုးရကလည်း  စမ်းသပ်ခွင့်ကို   ငြင်းပယ်ခဲ့ပါတယ်။

တရုတ်အခြေစိုက် Kincaid ကုမ္ပဏီအုပ်စုရဲ့ အင်တာနက်စာမျက်နှာမှာတော့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ရုံးခွဲ ၇ ခု ရှိကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို စီမံကိန်းကြီးတချို့ လုပ်ကိုင်နိုင်ဖို့ လျှောက်ထားခဲ့ကြောင်း၊ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း သတ္တုရင်းမြစ်တွေ ရှာဖွေတွေ့ရှိနိုင်မယ်လို့ ရေးသားဖော်ပြထားပါတယ်။

ခေမဏီဝင်း / RFA Burmese
------------------------------------
(Unicode)⤵⤵⤵
ဖိုလ္ဝင္ေတာင္အနီး သတၱဳရွာေဖြမယ့္အစီအစဥ္ ဖ်က္သိမ္း

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းက ဖိုလ္ဝင္ေတာင္ ယဥ္ေက်းမႈေဒသ အနီးတဝိုက္မွာ တ႐ုတ္ကုမၸဏီတခုရဲ႕ သတၱဳစမ္းသပ္ရွာေဖြမယ့္ကိစၥကို ေဒသခံေတြက သေဘာမက်လို႔ ေဝဖန္ကန႔္ကြက္မႈေတြရွိလာၿပီးေနာက္မွာ စမ္းသပ္ရွာေဖြမယ့္ အစီအစဥ္ကို ဖ်က္လိုက္တယ္လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျပာပါတယ္။

ဖိုလ္ဝင္ေတာင္ ယဥ္ေက်းမႈေဒသမွာ သတၱဳစမ္းသပ္ရွာေဖြ ခြင့္တင္ျပထားတဲ့ Kincaid Exploration ကုမၸဏီက စမ္းသပ္ရွာေဖြခြင့္ကို ျပန္လည္စြန႔္လႊတ္လိုက္ၿပီလို႔ ကုမၸဏီဘက္က ဖုန္းဆက္လာေၾကာင္း  စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ဝင္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးလာလ္ေထာင္ထန္းက RFA ကို ဇူလိုင္ ၈ ရက္ေန႔က  ေျပာပါတယ္။

"အေထာက္အထားစာ႐ြက္က ေနာက္ႏွစ္ရက္ သုံးရက္ေလာက္ဆို ရမွာပါ။ ေသခ်ာေအာင္ ျပန္ေတာင္းမွာ၊ ကာယကံရွင္က ဖုန္းဆက္တာ။ စစ္ကိုင္းတိုင္းမွာေတာ့ ေကာလင္းတို႔ဘက္မွာေတာ့ ေနရာေတာ့ ရွာဦးမွာေပါ့"
အဲ့ဒီကုမၸဏီဟာ ဧကတစ္ေသာင္းဝန္းက်င္ က်ယ္ဝန္းတဲ့ ေျမေနရာမွာ ေၾကးနီနဲ႔ ဆက္စပ္သတၱဳပစၥည္းေတြ ရွာေဖြဖို႔ ျပည္ေထာင္စု အစိုးရကို တင္ျပခဲ့တာ ျဖစ္ပါတယ္။

၀န္ႀကီးဌာန လုပ္ကြက္စိစစ္ေရးအဖြဲ႕က စိစစ္ခဲ့ၿပီး ဧၿပီနဲ႔ ေမလက က်င္းပတဲ့ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးက အႀကီးစားသတ္မွတ္ထားတဲ့ ဧရိယာအတြင္းက်ေရာက္ၿပီး လုပ္ကြက္ကင္းလြတ္မႈရွိတယ္ဆိုၿပီး စစ္ကိုင္းတိုင္းအစိုးရကို သေဘာထားေတာင္းခံထားတာပါ။

စမ္းသပ္လုပ္ေဆာင္မယ့္ ေနရာမွာ ေရွးေဟာင္းယဥ္ေက်းမႈေဒသတစ္ခုျဖစ္တဲ့ ဖိုလ္ဝင္ေတာင္ေဒသ ပါဝင္လာတာေၾကာင့္ ေဒသခံေတြဘက္လည္း ကန႔္ကြက္ေနပါတယ္။

ယင္းမာပင္ၿမိဳ႕ ေဒသခံတစ္ဦးျဖစ္တဲ့ ကိုဆန္းဝင္းေမာင္က ဒီေဒသမွာ ဒီလိုစီမံကိန္းမ်ိဳး မရွိသင့္ဘူးလို႔ ေျပာပါတယ္။
“ဖ်က္သိမ္းသြားရင္ေတာ့ ဝမ္းသာတယ္။ ယဥ္ေက်းမႈ အေမြအႏွစ္လည္း ျဖစ္တယ္။ ႐ြာေတြနဲ႔လည္း မေဝးဘူး။ သဘာဝပတ္ဝန္းက်င္အတြက္လည္း ေကာင္းတယ္။ မ႐ုပ္သိမ္းရင္ေတာ့ လက္မခံႏိုင္ေၾကာင္း ေဒသခံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္”
မုံ႐ြာၿမိဳ႕ေဒသခံ ကိုေက်ာ္မိုးလႈိင္ကေတာ့ ေ႐ြးေကာက္ပြဲနီးလာၿပီျဖစ္လို႔ အစိုးရရဲ႕ လုပ္ရပ္ကို အမ်ားက ပိုမို ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

“ ေရွးေဟာင္းနယ္ေျမက သတၱဳတူးေဖာ္ရမယ့္ ေနရာ မဟုတ္ဘူး။ ပ်ဴေခတ္ကတည္းက ေနရာ၊ တိုင္းအစိုးရကလည္း သေဘာတူ လက္ခံမယ္ မထင္ဘူး။ ေပးလိုက္မယ္ဆိုရင္ ေ႐ြးေကာက္ပြဲလည္း နီးေနၿပီ။ ေပးလိုက္မယ္ဆိုရင္ မလိုလားတဲ့ ျပႆနာေတြ၊ စိန္ေခၚမႈေတြ ရွိလာမယ္”
ယင္းမာပင္ၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ႏွင္းရီကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ သူ႔အေနနဲ႔ လက္တေလာ အေျခအေနေတြ ေသခ်ာမသိရေသးေၾကာင္းနဲ႔ သိလာရင္လည္း ဒါကို တရားဝင္ကန႔္ကြက္သြားမယ္လို႔ ေျပာပါတယ္။

Kincaid Exploration ကုမၸဏီက သတၱဳစမ္းသပ္ရွာေဖြခြင့္ တင္ျပထားတဲ့ ေနရာအနီးမွာ တ႐ုတ္ႏိုင္ငံက ကုမၸဏီတစ္ခုျဖစ္တဲ့ ဝမ္ေပါင္ကုမၸဏီက သတၱဳ အႀကီးအက်ယ္တူးေဖာ္ေနတာ ကာလအတန္ ၾကာပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ကလည္း အဲ့ဒီေနရာ အနီးတဝိုက္မွာ  ဝါးစိမ္းေတာင္ကုမၸဏီက သတၱဳစမ္းသပ္တူးေဖာ္ခြင့္ ေတာင္းခံရာမွာ  အမ်ားျပည္သူက ကန႔္ကြက္ခဲ့သလို  တိုင္းအစိုးရကလည္း  စမ္းသပ္ခြင့္ကို   ျငင္းပယ္ခဲ့ပါတယ္။

တ႐ုတ္အေျခစိုက္ Kincaid ကုမၸဏီအုပ္စုရဲ႕ အင္တာနက္စာမ်က္ႏွာမွာေတာ့ ျမန္မာႏိုင္ငံမွာ သူတို႔ရဲ႕ ႐ုံးခြဲ ၇ ခု ရွိေၾကာင္း၊ လြန္ခဲ့တဲ့ ၂ ႏွစ္ ကတည္းက သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနကို စီမံကိန္းႀကီးတခ်ိဳ႕ လုပ္ကိုင္ႏိုင္ဖို႔ ေလွ်ာက္ထားခဲ့ေၾကာင္း၊ ေဒၚလာသန္းေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံမွာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံအတြင္း သတၱဳရင္းျမစ္ေတြ ရွာေဖြေတြ႕ရွိႏိုင္မယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။

ေခမဏီဝင္း / RFA Burmese
https://www.rfa.org/burmese/news/metal-project-in-sagaing-07082020195209.html
ဖိုလ်ဝင်တောင်အနီး သတ္တုရှာဖွေမယ့်အစီအစဉ် ဖျက်သိမ်း ဖိုလ်ဝင်တောင်အနီး သတ္တုရှာဖွေမယ့်အစီအစဉ် ဖျက်သိမ်း Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.