ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစိုးရရုံးရှေ့မှာ ဓာတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၀) |
ဆန္ဒပြတဲ့သူတွေက ထိုင်းအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့နဲ့ လက်ရှိရှိနေတဲ့ ၂၀ ခုမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပြီး အခုလက်ရှိ အခြေခံဥပဒေနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။
ဘန်ကောက်မြို့ အစိုးရရုံးရှေ့မှာ ဓာတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၀) |
ထိုင်းနိုင်ငံတဝန်းမှာ အရေးပေါ်အခြေအနေကို လာမယ့် သြဂုတ်လအထိ ကြေငြာထားပေမယ့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကတော့ အဲဒီလိုအရေးပေါ်အခြေအနေကြေငြာထားတာဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွက် မဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဖမ်းဆီးတာ မရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thailand-protests/5515956.html
ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဓာတ်ပုံ မီးရှို့ပြီး ဘန်ကောက်မှာ ဆန္ဒပြ
Reviewed by THITHTOOLWIN
on
20:25
Rating: