ကမ္ဘာကြီးအတွက် အလွန်အရေးကြီးတဲ့ သန့်ရှင်းစွမ်းအင်

အန်တိုနီယိုဂုတာရက်စ်
(Unicode)⤵⤵⤵
ကမ္ဘာကြီးဟာ သန့်ရှင်းစွမ်းအင်ဆီကူးပြောင်းဖို့ အလွန်အရေးကြီးနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာရက်စ်က ပြောလိုက်ပါတယ်။

ကိုဗစ်ပြန်လည် နာလန်ထူရေးဗျူဟာတွေထဲမှာ ရေရှည်ခိုင်မာတဲ့ အနာဂတ်ဆီ ကူးပြောင်းရေးကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့သူက ဆိုပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ရဲ့သန့်ရှင်းစွမ်းအင်ကူးပြောင်းရေး ထိပ်သီးညီလာခံမှာ နိုင်ငံတကာဝန်ကြီးတွေကို သူက ပြောလိုက်တာပါ။

အခုလုပ်တဲ့ အွန်လိုင်းဗီဒီယိုအစည်းအဝေးဟာ ဒီနှစ်အတွက် စွမ်းအင်နဲ့ ရာသီဥတုဆိုင်ရာ အကြီးဆုံးအစည်းအဝေးဖြစ်ပါတယ်။

“ရေနံ၊ သဘာဝဓာတ်ငွေ့ အစရှိတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ထောက်ပံ့ကြေးပေး ငွေဖြုန်းတီးနေတာကို ရပ်ပြီး ကာဘွန်ထုတ်ရင် ဒဏ်ကြေးသတ်မှတ်တာမျိုးလုပ်ကြပါ” လို့ မစ္စတာ ဂုတာရက်စ်က တိုက်တွန်းပါတယ်။

အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဗြိတိန်တို့ အစည်းအဝေးတက်ရောက်ကြပါတယ်။

စက်မှုနိုင်ငံကြီး ၂၀ G20 ရဲ့ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို ကြည့်ရင် သန့်ရှင်းစွမ်းအင်ထက် ရုပ်ကြွင်းလောင်စာအပေါ်မှာ ငွေကြေးနှစ်ဆလောက်အထိ များများစားစား ပိုသုံးထားတာ တွေ့ရတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ နိုင်ဂျီးရီးယားနိုင်ငံတို့ရဲ့ အသစ်ပြန်ဖြည့်စွမ်းအင်သုံးစွဲရေး အားပေးဆောင်ရွက်မှုတွေကို မစ္စတာဂုတာရက်စ်က ချီးကျူးပြောဆိုပါတယ်။ ဒါပေမယ့် နိုင်ငံအများအပြားဟာ ဒီအချက်ကို သဘောမပေါက်ကြသေးဘူးလို့ ဆိုပါတယ်။

တချို့တိုင်းပြည်တွေဟာ ဘဏ္ဍာရေး အကျပ်တွေ့နေတဲ့ ရေနံနဲ့ဓာတ်ငွေ့ ကုမ္ပဏီတွေကို ထောက်ပံ့အားပေးတဲ့ အစီအစဉ်တွေ လုပ်နေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ တချို့နိုင်ငံတွေကတော့ ဘဏ္ဍာရေးအရရော၊ ပတ်ဝန်းကျင်အတွက်ပါ အဓိပ္ပာယ်မရှိတဲ့ ကျောက်မီးသွေးအသုံးပြုစွမ်းအင် ထုတ်လုပ်ဖို့ ရွေးချယ်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတွေကို အတွင်းရေးမှူးချုပ်က နာမည်တပ် မပြောပါဘူး။ ဒါပေမယ့် အမေရိကန်ဟာ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေကို ဖြတ်တောက်လျှော့ချနေပြီး တရုတ်နိုင်ငံက ကျောက်မီးသွေး စက်ရုံအသစ်တွေကို မီးစိမ်းပြ ခွင့်ပြုနေပါတယ်။

သန့်ရှင်းစွမ်းအင်ကို အသုံးပြုသင့်တဲ့ အရေးကြီးအချက်ကြီး ၃ ချက်ရှိတယ်လို့ သူက ဆိုပါတယ်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ကိုးသန်းဟာ အရွယ်မတိုင်မီသေဆုံးနေသလို လူ့သက်တမ်းဟာလည်း ၃ နှစ်တိုနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဆေးလိပ်သောက်လို့ဖြစ်တဲ့ ဆိုးကျိုးထက်ပိုတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

သိပ္ပံပညာရှင်တွေ သက်သေအထောက်အထားနဲ့ ပြောဆိုနေကြတဲ့ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပျက်ပြားမှုဟာ ဒုတိယအချက်ကြီးတချက်လို့ဆိုပါတယ်။

နောက်ဆုံး တချက်ကတော့ ကမ္ဘာကြီးဟာ စီးပွားရေးအကြောင်းအရကို ရုပ်ကြွင်းလောင်စာကနေ စွန့်ခွာပြောင်းလဲသင့်ပြီဆိုတဲ့ အချက်ပဲလို့ ဆိုပါတယ်။

“စီးပွားရေး အရပြောမယ်ဆိုရင်လည်း အသစ်ပြန်ဖြည့်စွမ်းအင်ဟာ ဘယ်ဈေးကွက်မှာမဆို ကျောက်မီးသွေးထက် ဈေးချိုပါတယ်”လို့ သူက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ နောက်ထပ် ကျောက်မီးသွေး စက်ရုံအသစ်ထပ်မတည်တော့ဖို့နဲ့ ကျောက်မီးသွေးသုံးတဲ့သူတွေကို ဘဏ္ဍာရေး ထောက်ပံ့တာတွေ နိုင်ငံတိုင်းက ရပ်တန့်ကြဖို့ သူက နိဂုံးချုပ်ပြောကြားသွားပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
ကမာၻႀကီးအတြက္ အလြန္အေရးႀကီးတဲ့ သန္႔ရွင္းစြမ္းအင္

ကမာၻႀကီးဟာ သန္႔ရွင္းစြမ္းအင္ဆီကူးေျပာင္းဖို႔ အလြန္အေရးႀကီးေနၿပီလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂုတာရက္စ္က ေျပာလိုက္ပါတယ္။

ကိုဗစ္ျပန္လည္ နာလန္ထူေရးဗ်ဴဟာေတြထဲမွာ ေရရွည္ခိုင္မာတဲ့ အနာဂတ္ဆီ ကူးေျပာင္းေရးကိုလည္း ထည့္သြင္းစဥ္းစားရမယ္လို႔သူက ဆိုပါတယ္။

ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ IEA ရဲ႕သန္႔ရွင္းစြမ္းအင္ကူးေျပာင္းေရး ထိပ္သီးညီလာခံမွာ ႏိုင္ငံတကာဝန္ႀကီးေတြကို သူက ေျပာလိုက္တာပါ။

အခုလုပ္တဲ့ အြန္လိုင္းဗီဒီယိုအစည္းအေဝးဟာ ဒီႏွစ္အတြက္ စြမ္းအင္နဲ႔ ရာသီဥတုဆိုင္ရာ အႀကီးဆုံးအစည္းအေဝးျဖစ္ပါတယ္။

“ေရနံ၊ သဘာဝဓာတ္ေငြ႕ အစရွိတဲ့ ႐ုပ္ႂကြင္းေလာင္စာေတြအတြက္ ေထာက္ပံ့ေၾကးေပး ေငြျဖဳန္းတီးေနတာကို ရပ္ၿပီး ကာဘြန္ထုတ္ရင္ ဒဏ္ေၾကးသတ္မွတ္တာမ်ိဳးလုပ္ၾကပါ” လို႔ မစၥတာ ဂုတာရက္စ္က တိုက္တြန္းပါတယ္။

အေမရိကန္၊ တ႐ုတ္၊ ဥေရာပသမဂၢ၊ ဂ်ပန္၊ ၿဗိတိန္တို႔ အစည္းအေဝးတက္ေရာက္ၾကပါတယ္။

စက္မႈႏိုင္ငံႀကီး ၂၀ G20 ရဲ႕ျပန္လည္ထူေထာင္ေရးအစီအစဥ္ေတြကို ၾကည့္ရင္ သန္႔ရွင္းစြမ္းအင္ထက္ ႐ုပ္ႂကြင္းေလာင္စာအေပၚမွာ ေငြေၾကးႏွစ္ဆေလာက္အထိ မ်ားမ်ားစားစား ပိုသုံးထားတာ ေတြ႕ရတယ္လို႔ အတြင္းေရးမႉးခ်ဳပ္က ေထာက္ျပပါတယ္။

ဥေရာပသမဂၢ၊ ေတာင္ကိုရီးယား၊ ႏိုင္ဂ်ီးရီးယားႏိုင္ငံတို႔ရဲ႕ အသစ္ျပန္ျဖည့္စြမ္းအင္သုံးစြဲေရး အားေပးေဆာင္႐ြက္မႈေတြကို မစၥတာဂုတာရက္စ္က ခ်ီးက်ဴးေျပာဆိုပါတယ္။ ဒါေပမယ့္ ႏိုင္ငံအမ်ားအျပားဟာ ဒီအခ်က္ကို သေဘာမေပါက္ၾကေသးဘူးလို႔ ဆိုပါတယ္။

တခ်ိဳ႕တိုင္းျပည္ေတြဟာ ဘ႑ာေရး အက်ပ္ေတြ႕ေနတဲ့ ေရနံနဲ႔ဓာတ္ေငြ႕ ကုမၸဏီေတြကို ေထာက္ပံ့အားေပးတဲ့ အစီအစဥ္ေတြ လုပ္ေနတာကိုလည္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြကေတာ့ ဘ႑ာေရးအရေရာ၊ ပတ္ဝန္းက်င္အတြက္ပါ အဓိပၸာယ္မရွိတဲ့ ေက်ာက္မီးေသြးအသုံးျပဳစြမ္းအင္ ထုတ္လုပ္ဖို႔ ေ႐ြးခ်ယ္ေနၾကတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေတြကို အတြင္းေရးမႉးခ်ဳပ္က နာမည္တပ္ မေျပာပါဘူး။ ဒါေပမယ့္ အေမရိကန္ဟာ ပတ္ဝန္းက်င္ကာကြယ္ထိန္းသိမ္းေရး လုပ္ေဆာင္ခ်က္ေတြကို ျဖတ္ေတာက္ေလွ်ာ့ခ်ေနၿပီး တ႐ုတ္ႏိုင္ငံက ေက်ာက္မီးေသြး စက္႐ုံအသစ္ေတြကို မီးစိမ္းျပ ခြင့္ျပဳေနပါတယ္။

သန္႔ရွင္းစြမ္းအင္ကို အသုံးျပဳသင့္တဲ့ အေရးႀကီးအခ်က္ႀကီး ၃ ခ်က္ရွိတယ္လို႔ သူက ဆိုပါတယ္။

ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္လူဦးေရ ကိုးသန္းဟာ အ႐ြယ္မတိုင္မီေသဆုံးေနသလို လူ႔သက္တမ္းဟာလည္း ၃ ႏွစ္တိုေနတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေဆးလိပ္ေသာက္လို႔ျဖစ္တဲ့ ဆိုးက်ိဳးထက္ပိုတယ္လို႔ အတြင္းေရးမႉးခ်ဳပ္က ေထာက္ျပပါတယ္။

သိပၸံပညာရွင္ေတြ သက္ေသအေထာက္အထားနဲ႔ ေျပာဆိုေနၾကတဲ့ကမာၻလုံးဆိုင္ရာ ရာသီဥတုပ်က္ျပားမႈဟာ ဒုတိယအခ်က္ႀကီးတခ်က္လို႔ဆိုပါတယ္။

ေနာက္ဆုံး တခ်က္ကေတာ့ ကမာၻႀကီးဟာ စီးပြားေရးအေၾကာင္းအရကို ႐ုပ္ႂကြင္းေလာင္စာကေန စြန္႔ခြာေျပာင္းလဲသင့္ၿပီဆိုတဲ့ အခ်က္ပဲလို႔ ဆိုပါတယ္။

“စီးပြားေရး အရေျပာမယ္ဆိုရင္လည္း အသစ္ျပန္ျဖည့္စြမ္းအင္ဟာ ဘယ္ေစ်းကြက္မွာမဆို ေက်ာက္မီးေသြးထက္ ေစ်းခ်ိဳပါတယ္”လို႔ သူက ဆိုပါတယ္။

ကမာၻေပၚမွာ ေနာက္ထပ္ ေက်ာက္မီးေသြး စက္႐ုံအသစ္ထပ္မတည္ေတာ့ဖို႔နဲ႔ ေက်ာက္မီးေသြးသုံးတဲ့သူေတြကို ဘ႑ာေရး ေထာက္ပံ့တာေတြ ႏိုင္ငံတိုင္းက ရပ္တန္႔ၾကဖို႔ သူက နိဂုံးခ်ဳပ္ေျပာၾကားသြားပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53371291
ကမ္ဘာကြီးအတွက် အလွန်အရေးကြီးတဲ့ သန့်ရှင်းစွမ်းအင် ကမ္ဘာကြီးအတွက် အလွန်အရေးကြီးတဲ့ သန့်ရှင်းစွမ်းအင် Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.