ကျောက်စိမ်းတွင်း မြေပြိုမှုနဲ့ လုပ်ငန်းရှင် သုံးဦးကို ဖမ်းဆီးထား


(Unicode)⤵⤵⤵
 ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုကျမှုနဲ့ ပတ်သက်ပြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ကော်မတီက စုံစမ်းစစ်ဆေးပြီးနောက် ရေမဆေးကျောက် လုပ်ငန်းရှင် (ဒေသအခေါ်) ရေမဆေးလောပန်း သုံးဦးကို ဖမ်းဆီးထားပြီး နောက်ထပ်လုပ်ငန်းရှင်တွေကိုလည်း အရေးယူသွားဖို့ ရှိတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

စုံစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးမှုအရ ပြန်လည် အသက်ရှင် လွတ်မြောက်လာသူတွေဟာ ရေမဆေးကျောက် လုပ်ငန်းရှင်တွေက ဝင်ရောက်ရှာဖွေခိုင်းတာ ဖြစ်တယ်ဆိုပြီး ပြောတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဝှေခါကျေးရွာ မြေပြိုမှုကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစစ်ရေး အဖွဲ့ဟာ ဖားကန့်မြို့နယ်မှာ သုံး ရက်ကြာ စစ်ဆေးခဲ့ပြီး သေဆုံးသွားသူတွေ ဒဏ်ရာရရှိသွားသူတွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။

ဖားကန့်မြေပြိုမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနဲ့ တပ်မှူး တစ်ဦးကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေဆိုပြီး အရေးယူခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကျောက်စိမ်းလုပ်ငန်းကရတဲ့ ဝင်ငွေဟာ ၂ဝ၁၄ တစ်နှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံနဲ့ ညီမျှပြီး တစ်နိုင်ငံလုံးရဲ့ တရားဝင် ကုန်ထုတ်တန်ဖိုး GDP ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

၁၉၉ဝ ပြည့်လွန် နှစ်တွေကစလို့ ကျောက်စိမ်းလုပ်ငန်းနဲ့ သယံဇာတလုပ်ငန်း အမြတ်အစွန်းတွေကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေက လက်ဝါးကြီးအုပ် ရယူပိုင်ဆိုင်ခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် တစ်နှစ်တည်းမှာတင် အကျိုးအမြတ် ဒေါ်လာသန်း ၂၂ဝ ရခဲ့ကြတယ်လို့ ဖော်ပြထား ပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္စိမ္းတြင္း ေျမၿပိဳမႈနဲ႔ လုပ္ငန္းရွင္ သုံးဦးကို ဖမ္းဆီးထား

 ကခ်င္ျပည္နယ္၊ ဖားကန႔္ ေက်ာက္စိမ္းတြင္း ေျမၿပိဳက်မႈနဲ႔ ပတ္သက္ၿပီး သယံဇာတနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္းဦးေဆာင္တဲ့ ျပည္ေထာင္စုအဆင့္ ေကာ္မတီက စုံစမ္းစစ္ေဆးၿပီးေနာက္ ေရမေဆးေက်ာက္ လုပ္ငန္းရွင္ (ေဒသအေခၚ) ေရမေဆးေလာပန္း သုံးဦးကို ဖမ္းဆီးထားၿပီး ေနာက္ထပ္လုပ္ငန္းရွင္ေတြကိုလည္း အေရးယူသြားဖို႔ ရွိတယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင့္စိုးက ေျပာပါတယ္။

စုံစစ္ေဆးေရးအဖြဲ႕ရဲ႕ စစ္ေဆးမႈအရ ျပန္လည္ အသက္ရွင္ လြတ္ေျမာက္လာသူေတြဟာ ေရမေဆးေက်ာက္ လုပ္ငန္းရွင္ေတြက ဝင္ေရာက္ရွာေဖြခိုင္းတာ ျဖစ္တယ္ဆိုၿပီး ေျပာတဲ့အတြက္ ဖမ္းဆီးတာျဖစ္တယ္လို႔ ဦးတင့္စိုးက ေျပာပါတယ္။

ဇူလိုင္လ ၂ ရက္ေန႔ မနက္ပိုင္းက ဖားကန႔္ၿမိဳ႕နယ္ ေဝွခါေက်း႐ြာ ေျမၿပိဳမႈေၾကာင့္ လူေပါင္း ၁၇၀ ေက်ာ္ ေသဆုံးၿပီး ၆၀ ေက်ာ္ဒဏ္ရာရခဲ့ပါတယ္။

အဲဒီေနာက္ ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းေပးလိုက္တဲ့ စုံစစ္ေရး အဖြဲ႕ဟာ ဖားကန႔္ၿမိဳ႕နယ္မွာ သုံး ရက္ၾကာ စစ္ေဆးခဲ့ၿပီး ေသဆုံးသြားသူေတြ ဒဏ္ရာရရွိသြားသူေတြကို ေငြေၾကးေထာက္ပံ့လႉဒါန္းခဲ့ၾကပါတယ္။

ဖားကန႔္ေျမၿပိဳမႈနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာန ဝန္ႀကီးနဲ႔ တပ္မႉး တစ္ဦးကို မူလစစ္ဘက္တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ေစဆိုၿပီး အေရးယူခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာထားပါတယ္။

ၿဗိတိန္ႏိုင္ငံအေျခစိုက္ Global Witness အဖြဲ႕က ထုတ္ျပန္တဲ့ ၂၀၁၅ ခုႏွစ္ အစီရင္ခံစာအရ ျမန္မာႏိုင္ငံမွာ ေက်ာက္စိမ္းလုပ္ငန္းကရတဲ့ ဝင္ေငြဟာ ၂ဝ၁၄ တစ္ႏွစ္တည္းမွာတင္ အေမရိကန္ ေဒၚလာ ၃၁ ဘီလီယံနဲ႔ ညီမွ်ၿပီး တစ္ႏိုင္ငံလုံးရဲ႕ တရားဝင္ ကုန္ထုတ္တန္ဖိုး GDP ရဲ႕ ၄၈ ရာခိုင္ႏႈန္းရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

၁၉၉ဝ ျပည့္လြန္ ႏွစ္ေတြကစလို႔ ေက်ာက္စိမ္းလုပ္ငန္းနဲ႔ သယံဇာတလုပ္ငန္း အျမတ္အစြန္းေတြကို အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ အပါအဝင္ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ မိသားစုေတြက လက္ဝါးႀကီးအုပ္ ရယူပိုင္ဆိုင္ခဲ့ၾကၿပီး၊ ၂ဝ၁၄ ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ အက်ိဳးအျမတ္ ေဒၚလာသန္း ၂၂ဝ ရခဲ့ၾကတယ္လို႔ ေဖာ္ျပထား ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ကျောက်စိမ်းတွင်း မြေပြိုမှုနဲ့ လုပ်ငန်းရှင် သုံးဦးကို ဖမ်းဆီးထား ကျောက်စိမ်းတွင်း မြေပြိုမှုနဲ့ လုပ်ငန်းရှင် သုံးဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.