ထိပ်တန်းရဲတပ်ဖွဲ့ အရာရှိကြီးတွေနေရာ အစားထိုးခန့်အပ်


(Unicode)⤵⤵⤵
စစ်ဆေးအရေးယူခံထားရတဲ့ ရဲတပ်ဖွဲ့ အကြီးအကဲနေရာတွေဖြစ်တဲ့ ရဲထောက်ချုပ်၊ ရဲရာထူးခန့်ချုပ်နဲ့ မီးရထားရဲတပ်ဖွဲ့ အကြီးအကဲနေရာတွေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အစားထိုးခန့်အပ်လိုက်ပါတယ်။

ရဲမေတွေအပေါ်  လိင်အမြတ်ထုတ်ခဲ့တယ်ဆိုပြီး တိုင်ကြားခံရလို့ ရာထူးကထုတ်ပယ်ပြီး ရဲစည်းကမ်း ဥပဒေအရ အရေးယူခံထားရတဲ့ ရဲမှူးချုပ် ဇော်မိုးသန်းရဲ့နေရာကို ရဲမှူးချုပ် အောင်အောင်၊ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံထားရတဲ့ ရဲထောက်ချုပ်ဖြစ်တဲ့  ရဲမှူးချုပ် ဇော်ခင်အောင် နေရာမှာ  ရဲမှူးချုပ် မြင့်တိုး နဲ့ မီးရထားရဲတပ်ဖွဲ့အကြီးအကဲ  ရဲမှူးချုပ် မိုးသန်းအောင် နေရာအတွက်  ရဲမှူးကြီး စိုးမြင့်ဦးတို့ကို အစားထိုး ခန့်အပ်လိုက်တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက RFA ကို အတည် ပြုပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လက်ထက်မှာ ထိပ်တန်းရဲအရာရှိ သုံးဦးဖြစ်တဲ့ ရဲမှူးချုပ် ဇော်မိုးသန်း၊ ရထားရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် မိုးသန်းအောင်နဲ့ ရဲထောက်ချုပ် ရဲမှူးချုပ် ဇော်ခင်အောင် တို့ကို အရေးယူခဲ့တာ ဖြစ်ပါတယ်။
ရထားရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် မိုးသန်းအောင်ကို ရာထူးက ထုတ်ပယ်ပြီး ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပါတယ်။

ရဲထောက်ချုပ်ဖြစ်တဲ့ ရဲမှူးချုပ် ဇော်ခင်အောင်ကို ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီး ရဲမှူးချုပ် ဇော်မိုးသန်းကိုတော့ ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ပါတယ်။ အဲဒီသတင်းတွေက ပြင်ပမှာ ပြန့်နေပေမယ့်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်ကတော့ အတည်ပြုပြောတာမရှိသေးပါဘူး။

RFA Burmese
--------------------------------------
(Zawgyi)⤵⤵⤵
ထိပ္တန္းရဲတပ္ဖြဲ႕ အရာရွိႀကီးေတြေနရာ အစားထိုးခန႔္အပ္

စစ္ေဆးအေရးယူခံထားရတဲ့ ရဲတပ္ဖြဲ႕ အႀကီးအကဲေနရာေတြျဖစ္တဲ့ ရဲေထာက္ခ်ဳပ္၊ ရဲရာထူးခန႔္ခ်ဳပ္နဲ႔ မီးရထားရဲတပ္ဖြဲ႕ အႀကီးအကဲေနရာေတြအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က အစားထိုးခန႔္အပ္လိုက္ပါတယ္။

ရဲေမေတြအေပၚ  လိင္အျမတ္ထုတ္ခဲ့တယ္ဆိုၿပီး တိုင္ၾကားခံရလို႔ ရာထူးကထုတ္ပယ္ၿပီး ရဲစည္းကမ္း ဥပေဒအရ အေရးယူခံထားရတဲ့ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းရဲ႕ေနရာကို ရဲမႉးခ်ဳပ္ ေအာင္ေအာင္၊ ရဲတပ္ဖြဲ႕ကေန ထုတ္ပယ္ခံထားရတဲ့ ရဲေထာက္ခ်ဳပ္ျဖစ္တဲ့  ရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္ ေနရာမွာ  ရဲမႉးခ်ဳပ္ ျမင့္တိုး နဲ႔ မီးရထားရဲတပ္ဖြဲ႕အႀကီးအကဲ  ရဲမႉးခ်ဳပ္ မိုးသန္းေအာင္ ေနရာအတြက္  ရဲမႉးႀကီး စိုးျမင့္ဦးတို႔ကို အစားထိုး ခန႔္အပ္လိုက္တာလို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕  ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟက RFA ကို အတည္ ျပဳေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီးအသစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ လက္ထက္မွာ ထိပ္တန္းရဲအရာရွိ သုံးဦးျဖစ္တဲ့ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္း၊ ရထားရဲတပ္ဖြဲ႕ အႀကီးအကဲ ရဲမႉးခ်ဳပ္ မိုးသန္းေအာင္နဲ႔ ရဲေထာက္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္ တို႔ကို အေရးယူခဲ့တာ ျဖစ္ပါတယ္။
ရထားရဲတပ္ဖြဲ႕ အႀကီးအကဲ ရဲမႉးခ်ဳပ္ မိုးသန္းေအာင္ကို ရာထူးက ထုတ္ပယ္ၿပီး ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္လိုက္ပါတယ္။

ရဲေထာက္ခ်ဳပ္ျဖစ္တဲ့ ရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္ကို ရဲတပ္ဖြဲ႕ကေန ထုတ္ပယ္လိုက္ၿပီး ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကိုေတာ့ ေထာင္ဒဏ္ သုံးႏွစ္ခ်မွတ္လိုက္ပါတယ္။ အဲဒီသတင္းေတြက ျပင္ပမွာ ျပန႔္ေနေပမယ့္လည္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဘက္ကေတာ့ အတည္ျပဳေျပာတာမရွိေသးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
ထိပ်တန်းရဲတပ်ဖွဲ့ အရာရှိကြီးတွေနေရာ အစားထိုးခန့်အပ် ထိပ်တန်းရဲတပ်ဖွဲ့ အရာရှိကြီးတွေနေရာ အစားထိုးခန့်အပ် Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.