မင်းသားကြီး ဦးကျော်ဟိန်း ကွယ်လွန်သွားပြီ


(Unicode)⤵⤵⤵
မြန်မာနိုင်ငံက စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ နာမည်ကျော်မင်းသားကြီး ဦးကျော်ဟိန်း ဒီနေ့ပဲ ကွယ်လွန်သွားပါပြီ။

မင်းသားကြီး ဦးကျော်ဟိန်းတဖြစ်လဲ ဦးပ ဉ္ဇင်း ဦးကိတ္တိသာရဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်မှာ ရဟန်းအဖြစ်နဲ့ သီတင်းသုံး နေထိုင်နေတာဖြစ်ပြီး ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့ သြစတြေးလျနိုင်ငံ ဒေသစံတော်ချိန် မနက်ပိုင်းက သက်တော် ၇၃ နှစ်အရွယ်မှာ သင်္ကန်းဝတ်နဲ့ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။

ဦးကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ် အသက် ၆၁ နှစ်အရွယ်မှာ အနုပညာလောကကို စွန့်ပြီး ရဟန်းဘောင် ဝင်သွားခဲ့တာပါ။

မြန်မာ့ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံး မင်းသားတယောက်လို့ ဆိုရမယ့် ဦးကျော်ဟိန်းဟာ အကာကအချစ် အနှစ်ကမေတ္တာ၊ မွန်းတည့်ချိန်မှာ နေဝင်သည်၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ဝေလည်းမွှေး ကြွေလည်းမွှေး၊ နေကမွေးတဲ့လ ရုပ်ရှင်တွေနဲ့ အကယ်ဒမီ ၅ ဆု ရခဲ့တာဖြစ်ပါတယ်။

ကျီးယောင်ဆောင်သောဒေါင်း၊ ပန်းစကား၊ မီလာရှီကာ စိုင်းဗေဒါ၊ အကြွေး၊ လွမ်းနေမယ်မမ၊ လူဇော်၊ ရိုက်စား စတဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဒါရိုက်တာလည်း လုပ်ခဲ့သူတဦး ဖြစ်ပါတယ်။

ဒါ့အပြင် စင်ပေါ်ကသီချင်းများ၊ အဓိပ္ပာယ်ရှိသောလူ အပါအဝင် တခြား တကိုယ်တော်တေးစီးရီးတွေ၊ တခြားသူတွေနဲ့တွဲပြီး ထုတ်ဝေတဲ့ တေးစီးရီးခွေတွေ အတော်များများလည်း သီဆိုခဲ့ပါတယ်။

ကျော်ဟိန်းရဲ့ သရုပ်ဆောင် အမူအရာတွေ၊ စကားပြောဟန်တွေနဲ့ စတိတ်ရှိုးတွေမှာ သူ့ရဲ့ သီဆိုဖျော်ဖြေဟန်တွေဟာ အဲဒီခေတ်က လူငယ်ထုအပေါ် အတော်လေး လွှမ်းမိုးမှုရှိခဲ့သလို လူကြီးလူငယ်မရွေး နှစ်ခြိုက်အားပေးမှုကို တခဲနက် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ရုပ်ရှင်မင်းသား ကျော်သူနဲ့ တွဲရိုက်ခဲ့တဲ့ အကြွေး ဗွီဒီယိုဇတ်ကားထဲက “၁၀ နှစ်၊ ၁၀ နှစ်” ဆိုတဲ့ သူပြောခဲ့တဲ့စကားဟာ လူတွေကြားမှာ အခုချိန်ထိ ပြောနေ၊ စွဲထင်ကျန်ရစ်နေဆဲ စကားလည်း ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ဦးကျော်ဟိန်း ကွယ်လွန်တဲ့နေ့ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က သူ့ရဲ့တူဖြစ်တဲ့ နိုင်ငံကျော်မင်းသား ဒွေး ကွယ်လွန်တဲ့နေ့နဲ့လည်း တရက်တည်း ဖြစ်ပါတယ်။

ဦးကျော်ဟိန်းဟာ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး နှလုံးသွေးကြောပိတ်တဲ့ရောဂါကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------
(Zawgyi)⤵⤵⤵
မင္းသားႀကီး ဦးေက်ာ္ဟိန္း ကြယ္လြန္သြားၿပီ

ျမန္မာႏိုင္ငံက စြယ္စုံရ အႏုပညာရွင္တဦးျဖစ္တဲ့ နာမည္ေက်ာ္မင္းသားႀကီး ဦးေက်ာ္ဟိန္း ဒီေန႔ပဲ ကြယ္လြန္သြားပါၿပီ။

မင္းသားႀကီး ဦးေက်ာ္ဟိန္းတျဖစ္လဲ ဦးပ ၪၨင္း ဦးကိတၱိသာရဟာ ၾသစေၾတးလ်ႏိုင္ငံ ကင္ဘာရာၿမိဳ႕ေတာ္မွာ ရဟန္းအျဖစ္နဲ႔ သီတင္းသုံး ေနထိုင္ေနတာျဖစ္ၿပီး ဒီေန႔ ဇူလိုင္ ၁၁ ရက္ေန႔ ၾသစေၾတးလ်ႏိုင္ငံ ေဒသစံေတာ္ခ်ိန္ မနက္ပိုင္းက သက္ေတာ္ ၇၃ ႏွစ္အ႐ြယ္မွာ သကၤန္းဝတ္နဲ႔ ပ်ံလြန္ေတာ္မူသြားတာ ျဖစ္ပါတယ္။

ဦးေက်ာ္ဟိန္းဟာ ၂၀၀၈ ခုႏွစ္ အသက္ ၆၁ ႏွစ္အ႐ြယ္မွာ အႏုပညာေလာကကို စြန႔္ၿပီး ရဟန္းေဘာင္ ဝင္သြားခဲ့တာပါ။

ျမန္မာ့႐ုပ္ရွင္ေလာကမွာ အေအာင္ျမင္ဆုံး မင္းသားတေယာက္လို႔ ဆိုရမယ့္ ဦးေက်ာ္ဟိန္းဟာ အကာကအခ်စ္ အႏွစ္ကေမတၱာ၊ မြန္းတည့္ခ်ိန္မွာ ေနဝင္သည္၊ ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး၊ ေဝလည္းေမႊး ေႂကြလည္းေမႊး၊ ေနကေမြးတဲ့လ ႐ုပ္ရွင္ေတြနဲ႔ အကယ္ဒမီ ၅ ဆု ရခဲ့တာျဖစ္ပါတယ္။

က်ီးေယာင္ေဆာင္ေသာေဒါင္း၊ ပန္းစကား၊ မီလာရွီကာ စိုင္းေဗဒါ၊ အေႂကြး၊ လြမ္းေနမယ္မမ၊ လူေဇာ္၊ ႐ိုက္စား စတဲ့ ႐ုပ္ရွင္နဲ႔ ဗြီဒီယိုဇာတ္ကားေပါင္း မ်ားစြာကို ႐ိုက္ခဲ့ၿပီး ေနာက္ပိုင္းမွာ ႐ုပ္ရွင္ဒါ႐ိုက္တာလည္း လုပ္ခဲ့သူတဦး ျဖစ္ပါတယ္။

ဒါ့အျပင္ စင္ေပၚကသီခ်င္းမ်ား၊ အဓိပၸာယ္ရွိေသာလူ အပါအဝင္ တျခား တကိုယ္ေတာ္ေတးစီးရီးေတြ၊ တျခားသူေတြနဲ႔တြဲၿပီး ထုတ္ေဝတဲ့ ေတးစီးရီးေခြေတြ အေတာ္မ်ားမ်ားလည္း သီဆိုခဲ့ပါတယ္။

ေက်ာ္ဟိန္းရဲ႕ သ႐ုပ္ေဆာင္ အမူအရာေတြ၊ စကားေျပာဟန္ေတြနဲ႔ စတိတ္ရႈိးေတြမွာ သူ႔ရဲ႕ သီဆိုေဖ်ာ္ေျဖဟန္ေတြဟာ အဲဒီေခတ္က လူငယ္ထုအေပၚ အေတာ္ေလး လႊမ္းမိုးမႈရွိခဲ့သလို လူႀကီးလူငယ္မေ႐ြး ႏွစ္ၿခိဳက္အားေပးမႈကို တခဲနက္ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

၁၉၉၀ ျပည့္လြန္ႏွစ္ေတြက ႐ုပ္ရွင္မင္းသား ေက်ာ္သူနဲ႔ တြဲ႐ိုက္ခဲ့တဲ့ အေႂကြး ဗြီဒီယိုဇတ္ကားထဲက “၁၀ ႏွစ္၊ ၁၀ ႏွစ္” ဆိုတဲ့ သူေျပာခဲ့တဲ့စကားဟာ လူေတြၾကားမွာ အခုခ်ိန္ထိ ေျပာေန၊ စြဲထင္က်န္ရစ္ေနဆဲ စကားလည္း ျဖစ္ပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ပဲ ဒီေန႔ ဦးေက်ာ္ဟိန္း ကြယ္လြန္တဲ့ေန႔ဟာ လြန္ခဲ့တဲ့ ၁၃ ႏွစ္က သူ႔ရဲ႕တူျဖစ္တဲ့ ႏိုင္ငံေက်ာ္မင္းသား ေဒြး ကြယ္လြန္တဲ့ေန႔နဲ႔လည္း တရက္တည္း ျဖစ္ပါတယ္။

ဦးေက်ာ္ဟိန္းဟာ ၂၀၁၇ ခုႏွစ္ ႏွစ္ဆန္းပိုင္းကစၿပီး ႏွလုံးေသြးေၾကာပိတ္တဲ့ေရာဂါကို ခံစားေနခဲ့ရတာ ျဖစ္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/kyaw-hein-passed-away/5498846.html
မင်းသားကြီး ဦးကျော်ဟိန်း ကွယ်လွန်သွားပြီ မင်းသားကြီး ဦးကျော်ဟိန်း ကွယ်လွန်သွားပြီ Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.