တပ်မတော်စုံစမ်းရေးခုံရုံးဖွဲ့မှု လူ့အခွင့်အရေးသမားတွေ ကြိုဆို

ရခိုင်ပြည်နယ် မောင်တောမြို့အနီးမှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (စက်တင်ဘာ ၂၇၊ ၂၀၁၇)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တပ်ဖွဲ့ဝင်တချို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ တပ်မတော်က အရေးယူဖို့ စီစဉ်နေတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခုံရုံးဖွဲ့ စစ်ဆေးမယ့်အကြောင်း တပ်မတော်ရဲ့ ကြေညာချက်အပေါ်မှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။

ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်ပွားခဲ့တဲ့ ချွတ်ပြင်နဲ့ မောင်နုကျေးရွာတွေက ဖြစ်ရပ်တွေအတွက် ဇူလိုင်လ ၂ ရက်နေ့ကပဲ အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့ အပေါ်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က မှန်ကန်တဲ့ ခြေလှမ်းတရပ်အဖြစ် ကြိုဆိုလိုက်ပါတယ်။

“တချို့သောပုဂ္ဂိုလ်တွေကတော့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းနဲ့ ကြည့်ပြီးတော့ ဒါတွေဟာ အပေါ်ယံလုပ်တာပါ၊ ပြည်ပဖိအားကိုရှောင်ချင်လို့ လုပ်တာပါ။ ဒါတွေကိုမဟုတ်ဘူးလို့တော့ မပြောချင်ဘူး။ သို့သော်လည်းပဲ အရင်ကထက်စာရင် ကျနော်နှိုင်းယှဉ်ပြီးတော့ ဒီလုပ်ငန်းတွေသည် မှန်ကန်သောလမ်းကြောင်းကို ဦးတည်နေတဲ့အတွက် ကျနော်ကတော့ အားပေးချင်တယ် သူတို့ကို။ ဆက်လက်ပြီးတော့ ဒါကိုလုပ်တာကို အားပေးချင်တဲ့အတွက် ကျနော်ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်က လူ့အခွင့်ရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် ခုံရုံးဖွဲ့စုံစမ်းမယ့် ကြေညာချက် ထွက်ပေါ်မလာခင်မှာပဲ လူပေါင်း ၁၇၀ ကျောက်ထက်မနည်း သေဆုံးခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်က မြေပြိုမှုနဲ့ ပတ်သက်လို့လည်း တပ်မတော် အဆင့်မြင့် အရာရှိ ၂ ဦးကို အရေးယူလိုက်ကြောင်း ကြေညာခဲ့တာပါ။

ဒီလို တပ်မတော်ဘက်က အရေးယူဖို့ ကြိုးပမ်းမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေတဲ့ အပေါ်မှာတော့ လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့လည်း ထောက်ပြခဲ့တာပါ။

“ဘာကြောင့်လဲဆိုတော့ အရေးယူတယ်ပြောပေမဲ့ ဘယ်လောက်ထိအရေးယူနေလဲ။ နောက် အရေးယူခံထိတဲ့သူတွေက ဘယ်သူတွေလည်းဆိုတာကို တိတိကျကျ ဖော်ပြခြင်းမရှိခြင်းက စိုးရိမ်စရာတခုဖြစ်ပါတယ်။ တပ်မတော်ရဲ့ စည်းကမ်းအရ ဒီကိစ္စတွေက အများသိခွင့်မရှိဘူးဆိုပေမယ့် ဒါကနိုင်ငံတော်လုံခြုံရေးလည်း မဟုတ်ပါဘူး။ ဒီကျူးလွန်တဲ့သူတွေကို အရေးယူတဲ့အရာမျိုး ဖြစ်တဲ့အတွက်ကြောင့် အများပြည်သူ သိရှိသင့်သလို နောက်ထပ်မကျူးလွန်ဖို့အတွက် တပ်မတော်အတွင်းမှာလည်း ထိရောက်စွာ သတိပေးသလို ဖြစ်သွားနိုင်တဲ့အတွက် ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိပြီးတော့ အများပြည်သူ သိသင့်သိထိုက်သောအချက်တွေကို ထုတ်ပြန်ပေးရင်တော့ ပိုမိုကောင်းပါလိမ့်မယ်ခင်ဗျ။”

ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး တပ်မတော်သား ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ဖူးပေမဲ့ တနှစ်လောက်အကြာမှာပဲ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာအစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း တိုက်တွန်းနေကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျုးလွန်ခဲ့ကြောင်း ပြောဆိုထားသလို၊ ကျုးလွန်ခဲ့တာတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိကြောင်းလည်း ပြောဆိုထားကြပါတယ်။

စုစု  / ဗွီအိုအေ ( မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
တပ္မေတာ္စုံစမ္းေရးခုံ႐ုံးဖြဲ႕မႈ လူ႔အခြင့္အေရးသမားေတြ ႀကိဳဆို

ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြအပါအဝင္ တပ္ဖြဲ႕ဝင္တခ်ိဳ႕ရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္က အေရးယူဖို႔ စီစဥ္ေနတဲ့အေပၚ လူ႔အခြင့္အေရး လႈပ္ရွားသူေတြရဲ႕ အျမင္ေတြကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာ ၂၀၁၇ တုန္းက ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ခုံ႐ုံးဖြဲ႕ စစ္ေဆးမယ့္အေၾကာင္း တပ္မေတာ္ရဲ႕ ေၾကညာခ်က္အေပၚမွာေတာ့ အေပါင္းလကၡဏာေဆာင္တဲ့ ေျခလွမ္းအျဖစ္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ႀကိဳဆိုလိုက္ၾကပါတယ္။

ARSA ႐ိုဟင္ဂ်ာအစြန္းေရာက္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြနဲ႔ ဆက္စပ္ျဖစ္ပြားခဲ့တဲ့ ခြၽတ္ျပင္နဲ႔ ေမာင္ႏုေက်း႐ြာေတြက ျဖစ္ရပ္ေတြအတြက္ ဇူလိုင္လ ၂ ရက္ေန႔ကပဲ အထူးစုံစမ္းစစ္ေဆးေရး ခုံ႐ုံးဖြဲ႕လိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့တဲ့ အေပၚမွာေတာ့ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္အႀကံေပးေကာ္မရွင္ အဖြဲ႕ဝင္ ဦးေအးလြင္က မွန္ကန္တဲ့ ေျခလွမ္းတရပ္အျဖစ္ ႀကိဳဆိုလိုက္ပါတယ္။

“တခ်ိဳ႕ေသာပုဂၢိဳလ္ေတြကေတာ့ တင္းျပည့္က်ပ္ျပည့္ ဒီမိုကေရစီစံႏႈန္းနဲ႔ ၾကည့္ၿပီးေတာ့ ဒါေတြဟာ အေပၚယံလုပ္တာပါ၊ ျပည္ပဖိအားကိုေရွာင္ခ်င္လို႔ လုပ္တာပါ။ ဒါေတြကိုမဟုတ္ဘူးလို႔ေတာ့ မေျပာခ်င္ဘူး။ သို႔ေသာ္လည္းပဲ အရင္ကထက္စာရင္ က်ေနာ္ႏႈိင္းယွဥ္ၿပီးေတာ့ ဒီလုပ္ငန္းေတြသည္ မွန္ကန္ေသာလမ္းေၾကာင္းကို ဦးတည္ေနတဲ့အတြက္ က်ေနာ္ကေတာ့ အားေပးခ်င္တယ္ သူတို႔ကို။ ဆက္လက္ၿပီးေတာ့ ဒါကိုလုပ္တာကို အားေပးခ်င္တဲ့အတြက္ က်ေနာ္ႀကိဳဆိုတယ္လို႔ ေျပာခ်င္ပါတယ္။”

ရခိုင္ျပည္နယ္က လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြအတြက္ ခုံ႐ုံးဖြဲ႕စုံစမ္းမယ့္ ေၾကညာခ်က္ ထြက္ေပၚမလာခင္မွာပဲ လူေပါင္း ၁၇၀ ေက်ာက္ထက္မနည္း ေသဆုံးခဲ့တဲ့ ကခ်င္ျပည္နယ္ ဖားကန႔္ေဒသ ေက်ာက္စိမ္းလုပ္ကြက္က ေျမၿပိဳမႈနဲ႔ ပတ္သက္လို႔လည္း တပ္မေတာ္ အဆင့္ျမင့္ အရာရွိ ၂ ဦးကို အေရးယူလိုက္ေၾကာင္း ေၾကညာခဲ့တာပါ။

ဒီလို တပ္မေတာ္ဘက္က အေရးယူဖို႔ ႀကိဳးပမ္းမႈေတြ ဆက္တိုက္ဆိုသလို ထြက္ေပၚလာေနတဲ့ အေပၚမွာေတာ့ လူ႔အခြင့္အေရးလႈပ္ရွားသူ ညီမွ်ျခင္းျမန္မာအဖြဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကလည္း ႀကိဳဆိုလိုက္ပါတယ္။ ဒါေပမဲ့လည္း စုံစမ္းစစ္ေဆးတဲ့ လုပ္ငန္းစဥ္ေတြဟာ ပြင့္လင္းျမင္သာမႈ ရွိဖို႔လိုတယ္လို႔လည္း ေထာက္ျပခဲ့တာပါ။

“ဘာေၾကာင့္လဲဆိုေတာ့ အေရးယူတယ္ေျပာေပမဲ့ ဘယ္ေလာက္ထိအေရးယူေနလဲ။ ေနာက္ အေရးယူခံထိတဲ့သူေတြက ဘယ္သူေတြလည္းဆိုတာကို တိတိက်က် ေဖာ္ျပျခင္းမရွိျခင္းက စိုးရိမ္စရာတခုျဖစ္ပါတယ္။ တပ္မေတာ္ရဲ႕ စည္းကမ္းအရ ဒီကိစၥေတြက အမ်ားသိခြင့္မရွိဘူးဆိုေပမယ့္ ဒါကႏိုင္ငံေတာ္လုံၿခဳံေရးလည္း မဟုတ္ပါဘူး။ ဒီက်ဴးလြန္တဲ့သူေတြကို အေရးယူတဲ့အရာမ်ိဳး ျဖစ္တဲ့အတြက္ေၾကာင့္ အမ်ားျပည္သူ သိရွိသင့္သလို ေနာက္ထပ္မက်ဴးလြန္ဖို႔အတြက္ တပ္မေတာ္အတြင္းမွာလည္း ထိေရာက္စြာ သတိေပးသလို ျဖစ္သြားႏိုင္တဲ့အတြက္ ဒီထက္ပိုၿပီးေတာ့ ပြင့္လင္းျမင္သာမႈရွိၿပီးေတာ့ အမ်ားျပည္သူ သိသင့္သိထိုက္ေသာအခ်က္ေတြကို ထုတ္ျပန္ေပးရင္ေတာ့ ပိုမိုေကာင္းပါလိမ့္မယ္ခင္ဗ်။”

ရခိုင္ျပည္နယ္ အင္းဒင္ေက်း႐ြာမွာ ၂၀၁၇ တုန္းက ႐ိုဟင္ဂ်ာေတြကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈနဲ႔ ဆက္ႏြယ္ၿပီး တပ္မေတာ္သား ၇ ဦးကို ေထာင္ဒဏ္ ၁၀ ႏွစ္စီ ခ်မွတ္ခဲ့ဖူးေပမဲ့ တႏွစ္ေလာက္အၾကာမွာပဲ ျပန္လႊတ္ေပးလိုက္တဲ့အတြက္ ေဝဖန္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။

၂၀၁၇ ၾသဂုတ္လထဲ ရခိုင္ျပည္နယ္က လုံၿခဳံေရးကင္းစခန္းေတြကို စီးနင္းတိုက္ခိုက္ခဲ့တဲ့ ARSA ႐ိုဟင္ဂ်ာအစြန္းေရာက္အုပ္စုကို လိုက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ေတြက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆိုးဆိုး႐ြား႐ြား က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက စြပ္စြဲထားၿပီး၊ က်ဳးလြန္သူေတြကို စုံစမ္းေဖာ္ထုတ္ဖို႔လည္း တိုက္တြန္းေနၾကတာပါ။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရားဝင္ အသိအမွတ္မျပဳတဲ့ ျမန္မာအစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ႏိုင္ငံတကာနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မက်ဳးလြန္ခဲ့ေၾကာင္း ေျပာဆိုထားသလို၊ က်ဳးလြန္ခဲ့တာေတြကို စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြ ရွိေၾကာင္းလည္း ေျပာဆိုထားၾကပါတယ္။

စုစု  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-human-rights-court-of-inquiry/5492949.html
တပ်မတော်စုံစမ်းရေးခုံရုံးဖွဲ့မှု လူ့အခွင့်အရေးသမားတွေ ကြိုဆို တပ်မတော်စုံစမ်းရေးခုံရုံးဖွဲ့မှု လူ့အခွင့်အရေးသမားတွေ ကြိုဆို Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.