တပ်ကပစ်လို့ သေဆုံးတယ်ဆိုတဲ့အမှုအတွက် ကျောက်မဲမှာ ဆန္ဒပြ

(Unicode)⤵⤵⤵
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း တိုက်ပွဲတစ်ခုမှာ တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့ဆိုပြီး အရပ်သားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရတဲ့အပေါ် တရားမျှတမှုရရှိရေးအတွက် ဒေသခံတွေ ဒီကနေ့မနက်ပိုင်းက ကျောက်မဲမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

တပ်မတော်ကတော့ ကပ်ဘေးကာလ ခွင့်ပြုချက်မရတဲ့ ဒီဆန္ဒပြပွဲ တာဝန်ရှိသူတွေကို သက်ဆိုင်ရာက အရေးယူ မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကျေးရွာအတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအတွက် တရားမျှတမှုရဖို့ အခုလို ဆန္ဒထုတ်ဖော် တာလို့ ဆန္ဒပြတာမှာပါဝင်တဲ့ လုပ်ပါကျေးရွာက စိုင်းစုကြာလင်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ တပ်မတော်က ပစ်လိုက်လို့ သေဆုံးသူ၊ ဒဏ်ရာရသူ၊ ရိုက်နှက်ခံရလို့ ဒဏ်ရာရသွားသူတွေရဲ့ ဗီနိုင်းနဲ့ အပြစ်မဲ့ပြည်သူကိုသတ်သည့် တပ်မတော်အလိုမရှိ ဆိုတဲ့ဗီနိုင်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ကျောက်မဲမြို့ကနေ နောင်ချိုမြို့ဘက်ကိုအထွက် နှစ်မိုင်လောက်အကွာက ခိုမုန်းရွာ ဆီဆိုင် တန်းကနေ ဆန္ဒပြဖို့ စတင်စုဝေးခဲ့တာပါ။ အဲဒီနေရာမှာပဲ ရဲတပ်ဖွဲ့က တားဆီးခဲ့ပေမယ့် ညှိနှိုင်းလို့မရတဲ့ နောက်ပိုင်း သူတို့ကို လမ်းဖွင့်ပေးခဲ့ပါတယ်။

ကျောက်မဲမြို့အဝင်မှာတော့  ကိုရိုနာဗိုင်းရပ်စ် ကာလဖြစ်နေလို့ လူစုလူဝေးမလုပ်ဖို့ နိုင်ငံတော်အဆင့်က ဥပဒေပြဌာန်းထားတာကြောင့် ခွင့်ပြုချက်မရှိတဲ့ ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းပေးဖို့ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးက တားမြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ပစ်ခတ်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလဲ ဗျူဟာမှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦးကို ဦးဆောင်စေပြီး စုံးစမ်းမှုတွေလုပ်ဖို့ ပြောဆိုထားတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့နယ် ပါကျန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မနက် ရှစ်နာရီလောက်မှာ တပ်မတော်စစ် ကြောင်းက ကျေးရွာထဲကို သေနတ်နဲ့ပစ်ခတ် ဝင်ရောက်လာချိန် အသက် ၆၀ အရွယ် လုံဆု ဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ငါးဆယ်ကျော်အရွယ် ပါဆိုင်မွန်းဆိုတဲ့ အမျိုးသမီးက တင်ပါးမှာ ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက RFA ကို ပြောထားပါတယ်။

အက်ကြီးကျေးရွာက အမျိုးသားတစ်ဦးကတော့ ဇွန်လ၂၇ ရက်နေ့မှာ တပ်မတော်စစ်ကြောင်း ကပန်ကျိန်ရွာ ဘက်ကို ခေါ်သွားခဲ့ပြီး ရိုက်နှက်ခဲ့လို့ ဇွန်လ ၂၈ ရက်နေ့မှာ ကျောက်မဲဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရတယ်လို့လည်း ပြောကြပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ပေးနိုင်ဖို့ ကျောက်မဲမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်ကို ဇူလိုင် ၂ ရက်နေ့က တိုင်ကြားထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောပါတယ်။

တပ်မတော်ဘက်ကတော့ ဒီနေ့ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ ဆန္ဒပြမှု ဦးဆောင်သူတွေဖြစ်တဲ့ ဟဲကွီကျေးရွာက ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနဲ့ ဦးအာလိယျတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ တို့နဲ့ သက်ဆိုင်ရာက အရေးယူမယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်း ရာမှာ ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့ ဒီနေ့ ဆန္ဒပြမှုမှာ သူတို့အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို ရွာသားတွေကို ဖိအားပေးတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ကြရာမှာ ကျောက်မဲမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ခိုမုန်း ဆီဆိုင်တန်းကနေ ကျောက်မဲမြို့ ရန်ကင်းလမ်းအထွက်အထိ မြို့တွင်းကို လှည့်လည်စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ကံသာ / RFA Burmese
-----------------------------------

(Zawgyi)⤵⤵⤵
တပ္ကပစ္လို႔ ေသဆုံးတယ္ဆိုတဲ့အမႈအတြက္ ေက်ာက္မဲမွာ ဆႏၵျပ

ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕နယ္ ပန္က်န္ေက်း႐ြာအတြင္းမွာ ၿပီးခဲ့တဲ့ ဇြန္လကုန္ပိုင္း တိုက္ပြဲတစ္ခုမွာ တပ္မေတာ္ စစ္ေၾကာင္းက ပစ္ခတ္လို႔ဆိုၿပီး အရပ္သားတစ္ဦး ေသဆုံး၊ ႏွစ္ဦး ဒဏ္ရာရတဲ့အေပၚ တရားမွ်တမႈရရွိေရးအတြက္ ေဒသခံေတြ ဒီကေန႔မနက္ပိုင္းက ေက်ာက္မဲမွာ ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။

တပ္မေတာ္ကေတာ့ ကပ္ေဘးကာလ ခြင့္ျပဳခ်က္မရတဲ့ ဒီဆႏၵျပပြဲ တာဝန္ရွိသူေတြကို သက္ဆိုင္ရာက အေရးယူ မယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

ေက်း႐ြာအတြင္းမွာ တိုက္ပြဲေၾကာင့္ ေသဆုံးသူနဲ႔ ဒဏ္ရာရသူေတြအတြက္ တရားမွ်တမႈရဖို႔ အခုလို ဆႏၵထုတ္ေဖာ္ တာလို႔ ဆႏၵျပတာမွာပါဝင္တဲ့ လုပ္ပါေက်း႐ြာက စိုင္းစုၾကာလင္းက ေျပာပါတယ္။

ဆႏၵျပသူေတြဟာ တပ္မေတာ္က ပစ္လိုက္လို႔ ေသဆုံးသူ၊ ဒဏ္ရာရသူ၊ ႐ိုက္ႏွက္ခံရလို႔ ဒဏ္ရာရသြားသူေတြရဲ႕ ဗီႏိုင္းနဲ႔ အျပစ္မဲ့ျပည္သူကိုသတ္သည့္ တပ္မေတာ္အလိုမရွိ ဆိုတဲ့ဗီႏိုင္းေတြကို ကိုင္ေဆာင္ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပသူေတြဟာ ေက်ာက္မဲၿမိဳ႕ကေန ေနာင္ခ်ိဳၿမိဳ႕ဘက္ကိုအထြက္ ႏွစ္မိုင္ေလာက္အကြာက ခိုမုန္း႐ြာ ဆီဆိုင္ တန္းကေန ဆႏၵျပဖို႔ စတင္စုေဝးခဲ့တာပါ။ အဲဒီေနရာမွာပဲ ရဲတပ္ဖြဲ႕က တားဆီးခဲ့ေပမယ့္ ညႇိႏႈိင္းလို႔မရတဲ့ ေနာက္ပိုင္း သူတို႔ကို လမ္းဖြင့္ေပးခဲ့ပါတယ္။

ေက်ာက္မဲၿမိဳ႕အဝင္မွာေတာ့  ကို႐ိုနာဗိုင္းရပ္စ္ ကာလျဖစ္ေနလို႔ လူစုလူေဝးမလုပ္ဖို႔ ႏိုင္ငံေတာ္အဆင့္က ဥပေဒျပဌာန္းထားတာေၾကာင့္ ခြင့္ျပဳခ်က္မရွိတဲ့ ဆႏၵထုတ္ေဖာ္မႈကို ရပ္ဆိုင္းေပးဖို႔ ဒုျပည္နယ္ရဲတပ္ဖြဲ႕မႉးက တားျမစ္ခဲ့ပါတယ္။

ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕က ဒုျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဗညားဦးက ပစ္ခတ္မႈေၾကာင့္ ေသဆုံးတယ္ဆိုတဲ့ အမႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဘက္ကလဲ ဗ်ဴဟာမႉးအဆင့္ရွိတဲ့ အရာရွိတစ္ဦးကို ဦးေဆာင္ေစၿပီး စုံးစမ္းမႈေတြလုပ္ဖို႔ ေျပာဆိုထားတယ္လို႔ ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္ ပါက်န္ေက်း႐ြာမွာ ၿပီးခဲ့တဲ့ ဇြန္လ ၂၉ ရက္ေန႔မနက္ ရွစ္နာရီေလာက္မွာ တပ္မေတာ္စစ္ ေၾကာင္းက ေက်း႐ြာထဲကို ေသနတ္နဲ႔ပစ္ခတ္ ဝင္ေရာက္လာခ်ိန္ အသက္ ၆၀ အ႐ြယ္ လုံဆု ဆိုတဲ့ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ၿပီး အသက္ ငါးဆယ္ေက်ာ္အ႐ြယ္ ပါဆိုင္မြန္းဆိုတဲ့ အမ်ိဳးသမီးက တင္ပါးမွာ ဒဏ္ရာရခဲ့တယ္လို႔ ႐ြာသားေတြက RFA ကို ေျပာထားပါတယ္။

အက္ႀကီးေက်း႐ြာက အမ်ိဳးသားတစ္ဦးကေတာ့ ဇြန္လ၂၇ ရက္ေန႔မွာ တပ္မေတာ္စစ္ေၾကာင္း ကပန္က်ိန္႐ြာ ဘက္ကို ေခၚသြားခဲ့ၿပီး ႐ိုက္ႏွက္ခဲ့လို႔ ဇြန္လ ၂၈ ရက္ေန႔မွာ ေက်ာက္မဲေဆး႐ုံမွာ တက္ေရာက္ေဆးကုသမႈ ခံယူခဲ့ရတယ္လို႔လည္း ေျပာၾကပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြကို အေရးယူေဆာင္႐ြက္ေပးႏိုင္ဖို႔ ေက်ာက္မဲၿမိဳ႕နယ္က ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ SNLD ပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ျမန္မာႏိုင္ငံ လူ႔အခြင့္ေရး ေကာ္မရွင္ကို ဇူလိုင္ ၂ ရက္ေန႔က တိုင္ၾကားထားတယ္လို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းထြန္းဉာဏ္က ေျပာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဒီေန႔ ဆႏၵျပမႈနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ရာမွာ ဆႏၵျပမႈ ဦးေဆာင္သူေတြျဖစ္တဲ့ ဟဲကြီေက်း႐ြာက ဦးစိုင္းသန္းေမာင္၊ ဦးေဇာတိကနဲ႔ ဦးအာလိယ်တို႔ကို ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ ၁၉၊ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရးဥပေဒပုဒ္မ ၁၈ တို႔နဲ႔ သက္ဆိုင္ရာက အေရးယူမယ္လို႔ သိရေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေမးျမန္း ရာမွာ ေျပာပါတယ္။

RCSS ေျပာခြင့္ရ ဒုတိယဗိုလ္မႉးႀကီး စိုင္းအြမ္ေခးကေတာ့ ဒီေန႔ ဆႏၵျပမႈမွာ သူတို႔အဖြဲ႕နဲ႔ ပတ္သက္မႈ မရွိသလို ႐ြာသားေတြကို ဖိအားေပးတာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။

ဒီကေန႔ ဆႏၵထုတ္ေဖာ္ၾကရာမွာ ေက်ာက္မဲၿမိဳ႕နဲ႔ ႏွစ္မိုင္ေလာက္ေဝးတဲ့ ခိုမုန္း ဆီဆိုင္တန္းကေန ေက်ာက္မဲၿမိဳ႕ ရန္ကင္းလမ္းအထြက္အထိ ၿမိဳ႕တြင္းကို လွည့္လည္စီတန္းလမ္းေလွ်ာက္ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/protest-in-kyaukme-07102020070258.html
တပ်ကပစ်လို့ သေဆုံးတယ်ဆိုတဲ့အမှုအတွက် ကျောက်မဲမှာ ဆန္ဒပြ တပ်ကပစ်လို့ သေဆုံးတယ်ဆိုတဲ့အမှုအတွက် ကျောက်မဲမှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.