မဲဆောက်မှာ မြန်မာမိန်းကလေးငယ် မုဒိမ်းကျင့် အသတ်ခံရမှု ၃ ဦးကို ဖမ်းဆီးထား

မြဝတီနှင့် မဲဆောက်မြို့ ကူးသန်းသွားလာသည့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား။ (အောက်တိုဘာ ၃၊ ၂၀၀၇)
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ စနေနေ့ ဇူလိုင်လ ၄ ရက်နေ့က ၅ နှစ်သမီးအရွယ် မြန်မာမိန်းကလေးဟာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရပြီးနောက် အလောင်းကို တာ့ခ်ခရိုင်က တောထဲမှာ သွားတွေ့ပါတယ်။

ရဲတွေက အခင်းဖြစ်ပွားရာ မဲဆောက်ဒေသက နေရာကို အခင်းဖြစ်ပွားတယ်လို့ သိရပြီးနောက် သွားရောက်လေ့လာခဲ့ပါတယ်။ ရဲတွေက ဒီကလေးမလေးရဲ့ ခန္ဓာကိုယ်မှာ လက်နဲ့ ခြေထောက်တွေကို ကြိုးတုပ်ခံထားရပြီး အဝတ်အစားတွေ ဆုတ်ပြဲနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဒီမိန်းကလေးဟာ အဓမ္မပြုကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရတယ်လို့ ယူဆရပါတယ်။ မှုခင်းနဲ့ပတ်သက်တဲ့ ဆေးစစ်ချက်တွေကို စောင့်နေစဉ်မှာ သံသယရှိသူ သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။

မဲဆောက်ဆေးရုံက ဒီမိန်းကလေးဟာ ကိုယ်တွင်း ထိခိုက်ဒဏ်ရာတွေနဲ့ သွေးထွက်မှုတွေကို ခံစားခဲ့ရတယ်လို့ အတည်ပြုပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ပါးစပ်ကို ဆို့ထားတဲ့ အဝတ်စတစကိုပါ တွေ့ရှိခဲ့ပါတယ်။

ဒီသတင်းကြောင့် ဒေသခံ ၁၀၀ လောက် အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။

ဒီမိန်းကလေးက ဇူလိုင်လ ၃ ရက်နေ့ ည ၇ နာရီလောက်မှာ ပျောက်ဆုံးသွားပြီး နောက်နေ့မနက်မှာ အခုလို ပြန်တွေ့ရတယ်လို့ ပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
မဲေဆာက္မွာ ျမန္မာမိန္းကေလးငယ္ မုဒိမ္းက်င့္ အသတ္ခံရမႈ ၃ ဦးကို ဖမ္းဆီးထား

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕နယ္မွာ စေနေန႔ ဇူလိုင္လ ၄ ရက္ေန႔က ၅ ႏွစ္သမီးအ႐ြယ္ ျမန္မာမိန္းကေလးဟာ အဓမၼျပဳက်င့္ခံရၿပီး အသတ္ခံရၿပီးေနာက္ အေလာင္းကို တာ့ခ္ခ႐ိုင္က ေတာထဲမွာ သြားေတြ႕ပါတယ္။

ရဲေတြက အခင္းျဖစ္ပြားရာ မဲေဆာက္ေဒသက ေနရာကို အခင္းျဖစ္ပြားတယ္လို႔ သိရၿပီးေနာက္ သြားေရာက္ေလ့လာခဲ့ပါတယ္။ ရဲေတြက ဒီကေလးမေလးရဲ႕ ခႏၶာကိုယ္မွာ လက္နဲ႔ ေျခေထာက္ေတြကို ႀကိဳးတုပ္ခံထားရၿပီး အဝတ္အစားေတြ ဆုတ္ၿပဲေနတာကိုလည္း ေတြ႕ရွိခဲ့ပါတယ္။

ဒီမိန္းကေလးဟာ အဓမၼျပဳက်င့္ခံရၿပီးေနာက္ အသတ္ခံခဲ့ရတယ္လို႔ ယူဆရပါတယ္။ မႈခင္းနဲ႔ပတ္သက္တဲ့ ေဆးစစ္ခ်က္ေတြကို ေစာင့္ေနစဥ္မွာ သံသယရွိသူ သုံးဦးကို ဖမ္းဆီးခဲ့ပါတယ္။

မဲေဆာက္ေဆး႐ုံက ဒီမိန္းကေလးဟာ ကိုယ္တြင္း ထိခိုက္ဒဏ္ရာေတြနဲ႔ ေသြးထြက္မႈေတြကို ခံစားခဲ့ရတယ္လို႔ အတည္ျပဳပါတယ္။ ဆရာဝန္ေတြက သူ႔ရဲ႕ပါးစပ္ကို ဆို႔ထားတဲ့ အဝတ္စတစကိုပါ ေတြ႕ရွိခဲ့ပါတယ္။

ဒီသတင္းေၾကာင့္ ေဒသခံ ၁၀၀ ေလာက္ အထိတ္တလန႔္ ျဖစ္ကုန္ၾကပါတယ္။

ဒီမိန္းကေလးက ဇူလိုင္လ ၃ ရက္ေန႔ ည ၇ နာရီေလာက္မွာ ေပ်ာက္ဆုံးသြားၿပီး ေနာက္ေန႔မနက္မွာ အခုလို ျပန္ေတြ႕ရတယ္လို႔ ေျပာပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-girl-raped-killed-in-mae-sod/5491167.html
မဲဆောက်မှာ မြန်မာမိန်းကလေးငယ် မုဒိမ်းကျင့် အသတ်ခံရမှု ၃ ဦးကို ဖမ်းဆီးထား မဲဆောက်မှာ မြန်မာမိန်းကလေးငယ် မုဒိမ်းကျင့် အသတ်ခံရမှု ၃ ဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.