မဲဆောက် မြဝတီ ကုန်သွယ်ရေးလှေဂိတ် ထိုင်းဘက်ခြမ်း ပြန်ဖွင့်

ထိုင်းမြန်မာနယ်စပ်မှာ ကိုဗစ်ကာလမဖြစ်ခင် တပတ်ရစ်ကားတွေတင်သွင်းနေတဲ့ လှေဂိတ်တခု။
(Unicode)⤵⤵⤵
COVID 19 အရေးပေါ်ကာလမှာ ပိတ်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား ကုန်သွယ်ရေးလှေဂိတ်တွေကို ဒီနေ့ပဲ ထိုင်းနိုင်ငံဘက်က ပြန်ဖွင့်လိုက်ပေမဲ့ မြန်မာနိုင်ငံဘက်ကတော့ ဇူလိုင်လကုန်အထိ ပိတ်ထားတဲ့အတွက် အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း တင်ဆက်ပေးလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း - မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့COVID 19 ကပ်ရောဂါ ထိမ်းချုပ်မှုဆိုင်ရာ အစည်းအဝေးကနေ လှေဂိတ်တွေပြန်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ဒီကနေ့ပဲ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဘက်ကတော့ ကပ်ရောဂါကာလ ကန့်သတ်တဲ့အနေနဲ့ ဆက်ပိတ်ထားဦးမှာ ဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

"လောလောဆယ်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာလည်း လှေဂိတ် (ကူးတို့ဆိပ်)တွေ ရှိတယ်။ ကျနော်တို့ဆီမှာလည်း ရှိတယ်။ ဒါပေမဲ့ကျနော်တို့ လှေဂိတ်က ၁၉ ရက် ၃လ ၂၀၂၀ လပိုင်းကတည်းက ပိတ်ထားတယ်။ နယ်စပ်ကူးသန်းရောင်းဝယ်မှုရော နယ်စပ်ဒေသအားလုံး နိုင်ငံတော်ကြေငြာချက်အရ ဇူလိုင်လ ၃၀ အထိပိတ်ထားတာပါ။ နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက် အဝင်အထွက် သွားလာခွင့်အရ ကူးတို့ဆိပ်(လှေဂိတ်)တွေကို ပြန်ဖွင့်လို့မရသေးဘူး။ ကျနော်တို့မှာ စက်လှေတွေ သွားလာမှုကလည်းလောလောဆယ် ကန့်သတ်ချက်ရှိတယ်။ COVID 19 အရ သွားလာနိုင်ပြီး တံတား ၁ ပြန်ဖွင့်ပြီဆိုရင်တော့လည်း လှေဆိပ်တွေလည်း ပြန်ဖွင့်နိုင်ပါတယ်။"

ဂျပန်နိုင်ငံလာတဲ့ တပတ်ရစ်ကားတွေကို ကုန်သွယ်လှေဂိတ်တွေကနေ မြန်မာနိုင်ငံဘက် တင်ပို့နေတဲ့ ကုန်သည်တဦးကတော့ နှစ်ဘက်လုံးက တပြိုင်တည်း မဖွင့်တာကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ၄ လ နီးပါး နယ်စပ်တွေ ပိတ်ထားတာကြောင့် အလုပ်သမားတွေလည်း အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

"မြန်မာပြည်ဘက်မှာ ထားတဲ့သူတွေက ကားလိုချင်လို့ ကားရလို ရငြား စောင့်နေတဲ့သူတွေက လတွေလည်းကြာပြီဆိုတော့ အခုချိန်ရမယ်ဆိုပြီး စောင့်နေတဲ့သူတွေ ရှိသလို ဒီဘက်က ငွေလွှဲပြီး စောင့်နေတဲ့သူတွေလည်း ရှိတယ်။ နိုင်ငံခြားကနေ လာတဲ့ကားကို ပါကင်တွေ၊ လုပ်ကားတွေ ရောင်းပြီး သူတို့ကတော့ ငွေအကြေ ရသွားတဲ့သူတွေ ရှိသလို ကျနော်တို့ဘက်က ကားဝယ်ရောင်းတွေ ကုန်သည်တွေ ပွဲစားတွေကတော့ စကားတွေအခြေအတင်ဖြစ်၊ စိတ်ညစ်ရတဲ့အပိုင်းတွေပေါ့။ စကားတွေပြောရမယ်။ ကိုယ်ထင်သလိုမဖြစ်လာတော့ ဂယက်တွေရိုက်ခတ်တာပေါ့။ ကုန်တင်ကုန်ချ အလုပ်သမားတွေလည်း ရှိတယ်သူတို့မှာ စားဝတ်နေရေး အလုပ်အကိုင် အဆင်မပြေကြတော့ ဂယက်ရိုက်ခတ်မှုတွေ ရှိတယ်။"

တာ့ခ်ခရိုင် မဲဆောက်-ထဆောင်ရမ် -မဲလမ -ဖွတ်ဖရ မြို့နယ်အတွင်း သောင်ရင်းမြစ်ကြောင်း တလျှောက်မှာ ရှိနေတဲ့ ထိုင်းနိုင်ငံက နယ်စပ်ဂိတ် ၃၃ ဂိတ် ကို တပတ် ၅ ရက်ဖွင့်ပေးမှာ ဖြစ်ပြီး မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ ဒီကနေ့ကစ ပြန်ဖွင့်ပေးလိုက်တာပါ။ မြန်မာဘက်ကတော့ ချစ်ကြည်ရေးတံတား ၂ ကနေ နှစ်နိုင်ငံကုန်စည်တွေကို တင်ပို့နိုင်တာကြောင့် လောလောဆယ်မှာ သောင်းရင်းမြစ်က လှေဂိတ်တွေကို ဆက်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မအေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------------------
(Zawgyi)⤵⤵⤵
မဲေဆာက္ ျမဝတီ ကုန္သြယ္ေရးေလွဂိတ္ ထိုင္းဘက္ျခမ္း ျပန္ဖြင့္

COVID 19 အေရးေပၚကာလမွာ ပိတ္ထားတဲ့ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ၾကား ကုန္သြယ္ေရးေလွဂိတ္ေတြကို ဒီေန႔ပဲ ထိုင္းႏိုင္ငံဘက္က ျပန္ဖြင့္လိုက္ေပမဲ့ ျမန္မာႏိုင္ငံဘက္ကေတာ့ ဇူလိုင္လကုန္အထိ ပိတ္ထားတဲ့အတြက္ အခက္အခဲေတြ ႀကဳံေနရတဲ့အေၾကာင္း တင္ဆက္ေပးလိုပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း - ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံတာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕မွာ ဇူလိုင္လ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ နယ္စပ္ကုန္သြယ္ေရးနဲ႔COVID 19 ကပ္ေရာဂါ ထိမ္းခ်ဳပ္မႈဆိုင္ရာ အစည္းအေဝးကေန ေလွဂိတ္ေတြျပန္ဖြင့္ဖို႔ ဆုံးျဖတ္လိုက္ၿပီးေနာက္ ဒီကေန႔ပဲ ျပန္ဖြင့္ေပးလိုက္တာပါ။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံဘက္ကေတာ့ ကပ္ေရာဂါကာလ ကန႔္သတ္တဲ့အေနနဲ႔ ဆက္ပိတ္ထားဦးမွာ ျဖစ္ေၾကာင္း ကရင္ျပည္နယ္ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က ဆိုပါတယ္။

"ေလာေလာဆယ္မွာေတာ့ ကိုဗစ္ကာလျဖစ္တဲ့အတြက္ ထိုင္းႏိုင္ငံမွာလည္း ေလွဂိတ္ (ကူးတို႔ဆိပ္)ေတြ ရွိတယ္။ က်ေနာ္တို႔ဆီမွာလည္း ရွိတယ္။ ဒါေပမဲ့က်ေနာ္တို႔ ေလွဂိတ္က ၁၉ ရက္ ၃လ ၂၀၂၀ လပိုင္းကတည္းက ပိတ္ထားတယ္။ နယ္စပ္ကူးသန္းေရာင္းဝယ္မႈေရာ နယ္စပ္ေဒသအားလုံး ႏိုင္ငံေတာ္ေၾကျငာခ်က္အရ ဇူလိုင္လ ၃၀ အထိပိတ္ထားတာပါ။ ႏိုင္ငံတကာ ဝင္ေပါက္၊ ထြက္ေပါက္ အဝင္အထြက္ သြားလာခြင့္အရ ကူးတို႔ဆိပ္(ေလွဂိတ္)ေတြကို ျပန္ဖြင့္လို႔မရေသးဘူး။ က်ေနာ္တို႔မွာ စက္ေလွေတြ သြားလာမႈကလည္းေလာေလာဆယ္ ကန႔္သတ္ခ်က္ရွိတယ္။ COVID 19 အရ သြားလာႏိုင္ၿပီး တံတား ၁ ျပန္ဖြင့္ၿပီဆိုရင္ေတာ့လည္း ေလွဆိပ္ေတြလည္း ျပန္ဖြင့္ႏိုင္ပါတယ္။"

ဂ်ပန္ႏိုင္ငံလာတဲ့ တပတ္ရစ္ကားေတြကို ကုန္သြယ္ေလွဂိတ္ေတြကေန ျမန္မာႏိုင္ငံဘက္ တင္ပို႔ေနတဲ့ ကုန္သည္တဦးကေတာ့ ႏွစ္ဘက္လုံးက တၿပိဳင္တည္း မဖြင့္တာေၾကာင့္ ထိခိုက္မႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ ၄ လ နီးပါး နယ္စပ္ေတြ ပိတ္ထားတာေၾကာင့္ အလုပ္သမားေတြလည္း အခက္ႀကဳံေနရတယ္လို႔ ေျပာပါတယ္။

"ျမန္မာျပည္ဘက္မွာ ထားတဲ့သူေတြက ကားလိုခ်င္လို႔ ကားရလို ရျငား ေစာင့္ေနတဲ့သူေတြက လေတြလည္းၾကာၿပီဆိုေတာ့ အခုခ်ိန္ရမယ္ဆိုၿပီး ေစာင့္ေနတဲ့သူေတြ ရွိသလို ဒီဘက္က ေငြလႊဲၿပီး ေစာင့္ေနတဲ့သူေတြလည္း ရွိတယ္။ ႏိုင္ငံျခားကေန လာတဲ့ကားကို ပါကင္ေတြ၊ လုပ္ကားေတြ ေရာင္းၿပီး သူတို႔ကေတာ့ ေငြအေၾက ရသြားတဲ့သူေတြ ရွိသလို က်ေနာ္တို႔ဘက္က ကားဝယ္ေရာင္းေတြ ကုန္သည္ေတြ ပြဲစားေတြကေတာ့ စကားေတြအေျခအတင္ျဖစ္၊ စိတ္ညစ္ရတဲ့အပိုင္းေတြေပါ့။ စကားေတြေျပာရမယ္။ ကိုယ္ထင္သလိုမျဖစ္လာေတာ့ ဂယက္ေတြ႐ိုက္ခတ္တာေပါ့။ ကုန္တင္ကုန္ခ် အလုပ္သမားေတြလည္း ရွိတယ္သူတို႔မွာ စားဝတ္ေနေရး အလုပ္အကိုင္ အဆင္မေျပၾကေတာ့ ဂယက္႐ိုက္ခတ္မႈေတြ ရွိတယ္။"

တာ့ခ္ခ႐ိုင္ မဲေဆာက္-ထေဆာင္ရမ္ -မဲလမ -ဖြတ္ဖရ ၿမိဳ႕နယ္အတြင္း ေသာင္ရင္းျမစ္ေၾကာင္း တေလွ်ာက္မွာ ရွိေနတဲ့ ထိုင္းႏိုင္ငံက နယ္စပ္ဂိတ္ ၃၃ ဂိတ္ ကို တပတ္ ၅ ရက္ဖြင့္ေပးမွာ ျဖစ္ၿပီး မနက္ ၇ နာရီကေန ညေန ၆ နာရီအထိ ဒီကေန႔ကစ ျပန္ဖြင့္ေပးလိုက္တာပါ။ ျမန္မာဘက္ကေတာ့ ခ်စ္ၾကည္ေရးတံတား ၂ ကေန ႏွစ္ႏိုင္ငံကုန္စည္ေတြကို တင္ပို႔ႏိုင္တာေၾကာင့္ ေလာေလာဆယ္မွာ ေသာင္းရင္းျမစ္က ေလွဂိတ္ေတြကို ဆက္ပိတ္ထားဖို႔ ဆုံးျဖတ္ခဲ့တာလို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

မေအးေအးမာ  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/thai-myanmar-border-boat-gate/5491362.html
မဲဆောက် မြဝတီ ကုန်သွယ်ရေးလှေဂိတ် ထိုင်းဘက်ခြမ်း ပြန်ဖွင့် မဲဆောက် မြဝတီ ကုန်သွယ်ရေးလှေဂိတ် ထိုင်းဘက်ခြမ်း ပြန်ဖွင့် Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.