မြင်းမူမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပွား၍ ၁၃ ဦးဒဏ်ရာရရှိ


(Unicode)⤵⤵⤵
မြင်းမူ   ဇူလိုင်  ၇

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်  အလ္လကပ္ပ ကျေးရွာအနီး  ကားလမ်းမိုင်တိုင်အမှတ် ၅၂/ဝနှင့်၅၂/၁ ကြား တွင် ဇူလိုင် ၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က   ယာဉ်တိုက်မှုဖြစ်ပွားပြီးကာ ခရီးသည်များဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 ဖြစ်ပွားပုံမှာ  မုံရွာဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုဟန်ဇော်ဦး မောင်းနှင်လာပြီး  ခရီးသည်(၇)ဦးပါ အဖြူရောင် ခွေးဘီလူး ယာဉ်အမှတ် SGG/------ သည်ယင်းနေရာအရောက်တွင် ယာဉ်မောင်းမှာအိပ်ငိုက်သွားပြီး တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိ သွားကာ  မုံရွာဘက်သို့ ယာဉ်မောင်း ကိုဖြိုးဆွေဟိန်း မောင်းနှင်လာသော လူ(၄)ဦးပါ HONDA FID အဖြူရောင်ကား ယာဉ်အမှတ် 9/3786 အားဝင်တိုက်မိကာ ဝင်ရောက်တိုက်မိသည့်ခွေးဘီလူးယာဉ်သည် ယင်းနေရာတွင်တစ်ပတ်လည်သွားပြီး မန္တလေးဘက်သို့မောင်းနှင် လာသော  မြောင်-မန္တလေးခရီးသည်တင် မှန်လုံယာဉ် MDY DD/2636၏ဝဲဘက်ခြမ်းသို့ တိုက်မိကာ ဒဏ်ရာအသီးသီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 ယာဉ်တိုက်မှုကြောင့် ခွေးဘီလူးယာဉ်ပေါ်ပါ ခရီးသည်(၈)ဦး ဒဏ်ရာရရှိပြိး ခရီးသည်(၅)ဦးမှာစိုးရိမ်ရဒဏ်ရာများရရှိကာ မန္တလေးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း HONDA FIDပေါ်လိုက်ပါ လာသူ(၅)ဦးမှာလည်းမစိုးရိမ်ရဒဏ်ရာများရရှိ၍   မြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။    ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ   ကိုဟန်ဇော်ဦးအား အရေးယူပေးပါရန်   ဒုရဲအုပ်ဝင်းကိုဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မြင်းမူရဲစခန်းက အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ ( မြင်းမူ) / Myanmaalinn
------------------------------------------
(Zawgyi)⤵⤵⤵
ျမင္းမူၿမိဳ႕နယ္အတြင္းယာဥ္တိုက္မႈျဖစ္ပြား၍  ၁၃ ဦးဒဏ္ရာရရွိ

ျမင္းမူ   ဇူလိုင္  ၇

စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းခ႐ိုင္ ျမင္းမူၿမိဳ႕နယ္  အလႅကပၸ ေက်း႐ြာအနီး  ကားလမ္းမိုင္တိုင္အမွတ္ ၅၂/ဝႏွင့္၅၂/၁ ၾကား တြင္ ဇူလိုင္ ၇ ရက္ နံနက္ ၉ နာရီ ၁၀ မိနစ္ခန႔္က   ယာဥ္တိုက္မႈျဖစ္ပြားၿပီးကာ ခရီးသည္မ်ားဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

 ျဖစ္ပြားပုံမွာ  မုံ႐ြာဘက္မွ မႏၲေလးဘက္သို႔ ယာဥ္ေမာင္း ကိုဟန္ေဇာ္ဦး ေမာင္းႏွင္လာၿပီး  ခရီးသည္(၇)ဦးပါ အျဖဴေရာင္ ေခြးဘီလူး ယာဥ္အမွတ္ SGG/------ သည္ယင္းေနရာအေရာက္တြင္ ယာဥ္ေမာင္းမွာအိပ္ငိုက္သြားၿပီး တစ္ဘက္ယာဥ္ေၾကာသို႔ ေရာက္ရွိ သြားကာ  မုံ႐ြာဘက္သို႔ ယာဥ္ေမာင္း ကိုၿဖိဳးေဆြဟိန္း ေမာင္းႏွင္လာေသာ
လူ(၄)ဦးပါ HONDA FID အျဖဴေရာင္ကား ယာဥ္အမွတ္ 9/3786 အားဝင္တိုက္မိကာ ဝင္ေရာက္တိုက္မိသည့္ေခြးဘီလူးယာဥ္သည္ ယင္းေနရာတြင္တစ္ပတ္လည္သြားၿပီး မႏၲေလးဘက္သို႔ေမာင္းႏွင္ လာေသာ  ေျမာင္-မႏၲေလးခရီးသည္တင္ မွန္လုံယာဥ္ MDY DD/2636၏ဝဲဘက္ျခမ္းသို႔ တိုက္မိကာ ဒဏ္ရာအသီးသီးရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

 ယာဥ္တိုက္မႈေၾကာင့္ ေခြးဘီလူးယာဥ္ေပၚပါ ခရီးသည္(၈)ဦး ဒဏ္ရာရရွိၿပိး ခရီးသည္(၅)ဦးမွာစိုးရိမ္ရဒဏ္ရာမ်ားရရွိကာ မႏၲေလးေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း HONDA FIDေပၚလိုက္ပါ လာသူ(၅)ဦးမွာလည္းမစိုးရိမ္ရဒဏ္ရာမ်ားရရွိ၍   ျမင္းမူၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။    ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ ယာဥ္မဆင္မျခင္ ေမာင္းႏွင္သူ   ကိုဟန္ေဇာ္ဦးအား အေရးယူေပးပါရန္   ဒုရဲအုပ္ဝင္းကိုဦးမွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ ျမင္းမူရဲစခန္းက အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရွိရသည္။

ေအာင္စိုးေဖ ( ျမင္းမူ) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြင်းမူမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပွား၍ ၁၃ ဦးဒဏ်ရာရရှိ မြင်းမူမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပွား၍  ၁၃ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.