ဖားကန့်မြေပြိုမှု စုံစမ်းရေးကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ပါဝင်မှုကို ကန့်ကွက်


(Unicode)⤵⤵⤵
ကချင်ပြည်နယ်၊ ဖားကန့်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပါဝင်နေတာကို ကန့်ကွက်ကြောင်း Justice For Myanmar က ဇူလိုင်လ ၆ ရက် ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လူအများအပြား သေဆုံးခဲ့ရတဲ့ ဖားကန့်မြေပြိုမှု ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ တပ်ရဲ့ ကျောက်စိမ်းစီးပွားရေးလုပ်ငန်း အဓိက ရှယ်ယာရှင် ပါဝင်နေတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ စစ်တပ်ပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ တစ်ဦးချင်း အစုရှယ်ယာ အများဆုံးပိုင်ဆိုင်သူတွေထဲက တစ်ဦး အပါအဝင်ဖြစ်တာကြောင့် ယုံကြည်ထိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် သမ္မတရုံးက မြေပြိုကျမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ဒီဖြစ်စဉ်မှာ တာဝန်ရှိသူ အဆင့်ဆင့်ကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒီအဖွဲ့မှာ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပါအဝင် အဖွဲ့ဝင် ၆ ဦး နဲ့ ဖွဲ့စည်းထားပါတယ်။

ကော်မတီအဖွဲ့ဝင်များအားလုံး ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ကြေညာပေးဖို့နဲ့ ကျောက်စိမ်းလုပ်ငန်းနဲ့ စီးပွားရေးစပ်ဆက်မှု တစ်စုံတစ်ရာရှိပါက ကော်မတီက နုတ်ထွက်ပေးဖို့လည်း Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။

Justice For Myanmar အဖွဲ့ဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးအတွက် စည်းရုံးလှုံ့ဆော်နေတဲ့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး တပ်မတော် စီးပွားရေးလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းဖို့ တောင်းဆိုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဖားကန့်မှာ မြေပြိုတာကြောင့် အဆိုးရွားဆုံး လူသေဆုံးမှု ဖြစ်ခဲ့တာက ၂၀၁၅ ခုနှစ်ကဖြစ်ပြီး လူဦးရေ ၁၁၀ ကျော် သေဆုံးခဲ့တာပါ။ အခုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့  ပြိုကျမှုကြောင့် သေဆုံးသူ ၁၇၄ ဦး ထိရှိခဲ့ပြီး စံချိန်တင်ဖြစ်လာခဲ့ပါတယ်။

အစိုးရက ဖွဲ့ပေးထားတဲ့ စုံစမ်းရေးကော်မတီဟာ မနေ့က ဇူလိုင် ၅ ရက်နေ့မှာ မြေပြိုမှုဖြစ်ခဲ့တဲ့နေရာကို သွားရောက်ပြီး လုပ်ငန်းရှင်တွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံရာမှာ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေအကြောင်း  ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့နဲ့ တွေ့ဆုံခဲ့တယ်၊  ဒဏ်ရာရသူတွေ ကုသမှုခံယူနေတဲ့ တိုက်နယ်ဆေးရုံကိုလည်း သွားရောက်ပြီး အားပေးစကား ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖားကန့်မြေပြိုမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ တာဝန်ရှိတဲ့ တပ်မှူးတစ်ဦး၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ကို မူလ စစ်ဘက်ဆိုင်ရာ တာဝန်တွေ ထမ်းဆောင်စေဖို့ တပ်မတော်က စီစဉ်နေပြီး လိုအပ်သလို အရေးယူသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ေျမၿပိဳမႈ စုံစမ္းေရးေကာ္မတီမွာ ျပည္ထဲေရးဝန္ႀကီး ပါဝင္မႈကို ကန႔္ကြက္

ကခ်င္ျပည္နယ္၊ ဖားကန႔္မွာ ျဖစ္ပြားခဲ့တဲ့ ေျမၿပိဳမႈ ျဖစ္စဥ္အတြက္ စုံစမ္းစစ္ေဆးဖို႔ ဖြဲ႕စည္းလိုက္တဲ့ ေကာ္မတီမွာ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ပါဝင္ေနတာကို ကန႔္ကြက္ေၾကာင္း Justice For Myanmar က ဇူလိုင္လ ၆ ရက္ ဒီကေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

လူအမ်ားအျပား ေသဆုံးခဲ့ရတဲ့ ဖားကန႔္ေျမၿပိဳမႈ ျဖစ္ရပ္အတြက္ စုံစမ္းစစ္ေဆးဖို႔ ဖြဲ႕စည္းလိုက္တဲ့ ေကာ္မတီမွာ တပ္ရဲ႕ ေက်ာက္စိမ္းစီးပြားေရးလုပ္ငန္း အဓိက ရွယ္ယာရွင္ ပါဝင္ေနတဲ့အတြက္ ကန႔္ကြက္တာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဟာ စစ္တပ္ပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီျဖစ္တဲ့ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္မွာ တစ္ဦးခ်င္း အစုရွယ္ယာ အမ်ားဆုံးပိုင္ဆိုင္သူေတြထဲက တစ္ဦး အပါအဝင္ျဖစ္တာေၾကာင့္ ယုံၾကည္ထိုက္တဲ့ စုံစမ္းစစ္ေဆးမႈေတြနဲ႔ ဖြဲ႕စည္းမႈပိုင္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ဖို႔လိုတယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္ သမၼတ႐ုံးက ေျမၿပိဳက်မႈ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းနဲ႔ ဒီျဖစ္စဥ္မွာ တာဝန္ရွိသူ အဆင့္ဆင့္ကို ရွာေဖြေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ဇူလိုင္လ ၃ ရက္ေန႔က စုံစမ္းစစ္ေဆးေရးအဖြဲ႕  ဖြဲ႕စည္းေပးခဲ့ပါတယ္။

ဒီအဖြဲ႕မွာ သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္း၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး၊ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္ အပါအဝင္ အဖြဲ႕ဝင္ ၆ ဦး နဲ႔ ဖြဲ႕စည္းထားပါတယ္။

ေကာ္မတီအဖြဲ႕ဝင္မ်ားအားလုံး ပုဂၢလိက ပိုင္ဆိုင္မႈေတြကို ေၾကညာေပးဖို႔နဲ႔ ေက်ာက္စိမ္းလုပ္ငန္းနဲ႔ စီးပြားေရးစပ္ဆက္မႈ တစ္စုံတစ္ရာရွိပါက ေကာ္မတီက ႏုတ္ထြက္ေပးဖို႔လည္း Justice For Myanmar အဖြဲ႕က ေတာင္းဆိုထားပါတယ္။

Justice For Myanmar အဖြဲ႕ဟာ တရားမွ်တမႈနဲ႔ တာဝန္ခံမႈရရွိေရးအတြက္ စည္း႐ုံးလႈံ႕ေဆာ္ေနတဲ့ အမည္မေဖာ္လိုတဲ့ တက္ႂကြလႈပ္ရွားသူေတြနဲ႔ စုဖြဲ႕ထားတာျဖစ္ၿပီး တပ္မေတာ္ စီးပြားေရးလုပ္ငန္းေတြအားလုံး ရပ္ဆိုင္းဖို႔ ေတာင္းဆိုေနတဲ့အဖြဲ႕ ျဖစ္ပါတယ္။

ဖားကန႔္မွာ ေျမၿပိဳတာေၾကာင့္ အဆိုး႐ြားဆုံး လူေသဆုံးမႈ ျဖစ္ခဲ့တာက ၂၀၁၅ ခုႏွစ္ကျဖစ္ၿပီး လူဦးေရ ၁၁၀ ေက်ာ္ ေသဆုံးခဲ့တာပါ။ အခုေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့  ၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၁၇၄ ဦး ထိရွိခဲ့ၿပီး စံခ်ိန္တင္ျဖစ္လာခဲ့ပါတယ္။

အစိုးရက ဖြဲ႕ေပးထားတဲ့ စုံစမ္းေရးေကာ္မတီဟာ မေန႔က ဇူလိုင္ ၅ ရက္ေန႔မွာ ေျမၿပိဳမႈျဖစ္ခဲ့တဲ့ေနရာကို သြားေရာက္ၿပီး လုပ္ငန္းရွင္ေတြ၊ ရပ္မိရပ္ဖေတြနဲ႔ေတြ႕ဆုံရာမွာ ေကာ္မတီရဲ႕ လုပ္ငန္းတာဝန္ေတြအေၾကာင္း  ေဆြးေႏြးညႇိႏႈိင္းခဲ့တယ္လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ေသဆုံးသူေတြရဲ႕ မိသားစုဝင္တခ်ိဳ႕နဲ႔ ေတြ႕ဆုံခဲ့တယ္၊  ဒဏ္ရာရသူေတြ ကုသမႈခံယူေနတဲ့ တိုက္နယ္ေဆး႐ုံကိုလည္း သြားေရာက္ၿပီး အားေပးစကား ေျပာၾကားခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖားကန႔္ေျမၿပိဳမႈနဲ႔ ပတ္သက္ၿပီး လုံၿခဳံေရးဆိုင္ရာ တာဝန္ရွိတဲ့ တပ္မႉးတစ္ဦး၊ ကခ်င္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးတို႔ကို မူလ စစ္ဘက္ဆိုင္ရာ တာဝန္ေတြ ထမ္းေဆာင္ေစဖို႔ တပ္မေတာ္က စီစဥ္ေနၿပီး လိုအပ္သလို အေရးယူသြားမယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဒီေန႔ ဇူလိုင္လ ၆ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ဖားကန့်မြေပြိုမှု စုံစမ်းရေးကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ပါဝင်မှုကို ကန့်ကွက် ဖားကန့်မြေပြိုမှု စုံစမ်းရေးကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ပါဝင်မှုကို ကန့်ကွက် Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.