အီရန်ဗိုလ်ချုပ်ကို အမေရိကန်တိုက်ခိုက်သတ်ဖြတ်မှု ဥပဒေနဲ့ မညီဘူးလို့ ကုလအထူးအရာရှိဆို

အီရတ်ကရှီးယားအုပ်စုတွေရဲ့ စစ်ခေါင်းဆောင် အဘူမာဒီအယ်လ်မူဟန်ဒီလည်း အတူတကွသေဆုံးခဲ့
(Unicode)⤵⤵⤵
အီရန်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂအထူးအရာရှိတယောက်က ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးမှာ ဗိုလ်ချုပ်ကြီးဆူလေမာနီနဲ့ အတူ နောက်လူ ၉ ယောက်ဟာ ဇန်နဝါရီလတုန်းက အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ဘာ့ကြောင့် လုပ်သင့်လုပ်ထိုက်ကြောင်း အမေရိကန် အစိုးရဘက်က လုံလောက်တဲ့ သက်သေ အထောက်အထားမပြသနိုင်ခဲ့ဘူးလို့ ဥပဒေမဲ့သတ်ဖြတ်ခြင်းများဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ အန်းညက်စ်ကာလာမတ်က အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂအရာရှိဟာ အကြမ်းဖက်သမားတွေအပေါ် မျက်နှာသာပေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်စွပ်စွဲပြောဆိုပါတယ်။

အဲဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လူသတ်မှု၊ အကြမ်းဖက်မှုနဲ့ စွဲချက်တင်ပြီး အီရန်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တခြား ၃၅ ယောက်ကို ပြီးခဲ့တဲ့ အပတ်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ကာဆမ်ဆူလမာနီက ဘယ်လိုလူလဲ

အီရန်ရဲ့ အချုပ်အချာခေါင်းဆောင် အာလီခါမေနီပြီးရင် သူဟာ အာဏာအရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံရသူဖြစ်ပါတယ်။

သူဟာ အီရန်တော်လှန်ရေးတပ်ဖွဲ့ပြည်ပလက်နက်ကိုင်လှုပ်ရှားမှုဖြစ်တဲ့ ကာ့ဒ် တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။

အီရန်ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒဆိုင်ရာ ပိသုကာလည်း ဖြစ်ပါတယ်။

ကာ့ဒ်တပ်ဖွဲ့နဲ့ တခြား မဟာမိတ် အစိုးရတွေ ဆက်ဆံရေးဆိုင်ရာ စည်းမျဉ်း၊ ဘဏ္ဍာရေး၊ လက်နက်၊ ထောက်လှမ်းရေးအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး တာဝန်ယူရသူ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲမှာ ဟစ်ဇဘိုလာ၊ ဟားမတ်စ်၊ အစ္စလာမ်ဂျီဟတ်အဖွဲ့တို့ ပါဝင်ပါတယ်။

သမ္မတထရမ့်ကတော့ ဆူလေမာနီကို ကမ္ဘာ့ နံပါတ်တစ် အကြမ်းဖက်သမားလို့ဆိုပါတယ်။

ဆူလေမာနီရဲ့ ဦးဆောင်မှုအောက်မှာ ကာ့ဒ်တပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံသားနဲ့ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ရာနဲ့ချီပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ သမ္မတထရမ့်က စွပ်စွဲပါတယ်။ဒီဇင်ဘာလတုန်းက အီရတ်ကို ဒုံးကျည်နဲ့တိုက်ခိုက်မှုမှာ အမေရိကန်ရဲ့ အရပ်ဘက်ကိုယ်စားလှယ် တယောက်သေဆုံးခဲ့တယ်လို့လည်း သမ္မတထရမ့်က စွပ်စွဲပါတယ်။

ဆူလေမာနီ သေဆုံးခဲ့ပုံ

ဗိုလ်ချုပ်ကြီး ဆူလေမာနီဟာ ဆီးရီးယားကနေ ဘဂ္ဂဒက်လေဆိပ်ကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ အီရတ်ရှီးယားတပ်ဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အတူ သူဟာ လေဆိပ်ကထွက်ခွာလာစဉ် အမေရိကန် ဒရုန်းလေယာဉ်ကနေ မစ်ဇိုင်းဒုံးတွေနဲ့ ယာဉ်တန်းကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဘဂ္ဂဒက်လေဆိပ်က အထွက်မှာ ယာဉ်တန်းကို မစ်ဇိုင်းဒုံးကျည်နဲ့တိုက်ခိုက်လုပ်ကြံခဲ့
ဗိုလ်ချုပ်ကြီး ဆူလေမာနီနဲ့ အတူ အီရတ် Popular Mobilisation Forces ရဲ့လက်ထောက်ဦးစီးချုပ် အဘူမာဒီအယ်လ်မူဟန်ဒီလည်း သေဆုံးခဲ့ပါတယ်။

သမ္မတထရမ့်က အမေရိကန်နဲ့ အီရတ်စစ်ပွဲကို ရပ်တန့်နိုင်ဖို့အတွက် သူကိုယ်တိုင် တိုက်ခိုက်မိန့်ပေးခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဆူလေမာနီ သေဆုံးပြီး ၅ ရက်အကြာမှာ အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းနှစ်ခုကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ကုလသမဂ္ဂအရာရှိရဲ့ အစီရင်ခံစာ

ကုလသမဂ္ဂ အထူးအရာရှိ အန်းညက်စ်ကာလာမတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံကို အင်္ဂါနေ့က သူ့ရဲ့တွေ့ရှိချက်တွေ တင်ပြခဲ့ပါတယ်။

အစီရင်ခံစာမှာ အဓိကဖော်ပြတာက ဆူလေမာနီဟာ အမေရိကန်အကျိုးစီးပွားကို တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း တိတိကျကျ သက်သေမပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ အီရတ်မှာ အဲသလို ကြံစည်မှုမျိုးရှိကြောင်း သက်သေမပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ်ဆူလေမာနီ အသတ်ခံရမှုကြောင့် အမေရိကန်နဲ့ အီရန်တို့ စစ်ဖြစ်လုနီးနီး အခြေဆိုက်ရောက်ခဲ့
“ဆူလေမာနီဟာ ဆီးရီးယားနဲ့ အီရတ်မှာ စစ်ရေးဆိုင်ရာ သေနင်္ဂဗျူဟာ ချမှတ် အကောင်အထည်ဖော်သူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုမျိုးကို သက်သေမပြနိုင်တဲ့အတွက် အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ တရားဥပဒေနဲ့ မညီဘူး”လို့ သူက အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်ကတော့ သူတို့ရဲ့ မိမိကိုယ်ကိုယ် ကာကွယ်တဲ့ လုပ်ရပ်ကို ကုလသမဂ္ဂက ရှုတ်ချပြီး ဗိုလ်ချုပ်ဆူလေမာနီရဲ့ အတိတ်က အကြမ်းဖက်လုပ်ရပ် နာမည်ပျက်တွေကို ထည့်မပြောတာဟာ မရိုးသားတာပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တေကဂူက ဗုဒ္ဓဟူးနေ့က တုံ့ပြန်ပြောဆိုပါတယ်။

တဖက်သတ် ဘက်လိုက်ပြီး ငြီးငွေ့စရာကောင်းတဲ့ အစီရင်ခံစာဟာ အကြမ်းဖက်သမားတွေကို မျက်နှာသာပေးပြီး လူ့အခွင့်အရေးကို သေးသိမ်အောင်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ အမေရိကန် နုတ်ထွက်ခဲ့တာ မှန်ကန်ကြောင်း ထပ်ပြီး သက်သေပြတဲ့အချက်ပဲလို့လည်း ဆိုပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
အီရန္ဗိုလ္ခ်ဳပ္ကို အေမရိကန္တိုက္ခိုက္သတ္ျဖတ္မႈ ဥပေဒနဲ႔ မညီဘူးလို႔ ကုလအထူးအရာရွိဆို

အီရန္ထိပ္တန္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီကို ေလေၾကာင္းကေန တိုက္ခိုက္သတ္ျဖတ္မႈဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ကုလသမဂၢအထူးအရာရွိတေယာက္က ေျပာလိုက္ပါတယ္။

အီရတ္ႏိုင္ငံ ဘဂၢဒက္ေလဆိပ္အနီးမွာ ဗိုလ္ခ်ဳပ္ႀကီးဆူေလမာနီနဲ႔ အတူ ေနာက္လူ ၉ ေယာက္ဟာ ဇန္နဝါရီလတုန္းက အေမရိကန္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့ပါတယ္။

တိုက္ခိုက္မႈဟာ ဘာ့ေၾကာင့္ လုပ္သင့္လုပ္ထိုက္ေၾကာင္း အေမရိကန္ အစိုးရဘက္က လုံေလာက္တဲ့ သက္ေသ အေထာက္အထားမျပသႏိုင္ခဲ့ဘူးလို႔ ဥပေဒမဲ့သတ္ျဖတ္ျခင္းမ်ားဆိုင္ရာ ကုလသမဂၢ အထူးအရာရွိ အန္းညက္စ္ကာလာမတ္က အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

ကုလသမဂၢအရာရွိဟာ အၾကမ္းဖက္သမားေတြအေပၚ မ်က္ႏွာသာေပးေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ျပန္လည္စြပ္စြဲေျပာဆိုပါတယ္။

အဲဒီသတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး လူသတ္မႈ၊ အၾကမ္းဖက္မႈနဲ႔ စြဲခ်က္တင္ၿပီး အီရန္အစိုးရက အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ တျခား ၃၅ ေယာက္ကို ၿပီးခဲ့တဲ့ အပတ္က ဖမ္းဝရမ္းထုတ္လိုက္ပါတယ္။

ကာဆမ္ဆူလမာနီက ဘယ္လိုလူလဲ

အီရန္ရဲ႕ အခ်ဳပ္အခ်ာေခါင္းေဆာင္ အာလီခါေမနီၿပီးရင္ သူဟာ အာဏာအရွိဆုံးပုဂၢိဳလ္လို႔ သတ္မွတ္ခံရသူျဖစ္ပါတယ္။

သူဟာ အီရန္ေတာ္လွန္ေရးတပ္ဖြဲ႕ျပည္ပလက္နက္ကိုင္လႈပ္ရွားမႈျဖစ္တဲ့ ကာ့ဒ္ တပ္ဖြဲ႕ရဲ႕ စစ္ဦးစီးခ်ဳပ္ျဖစ္ပါတယ္။

အီရန္ရဲ႕ အေရွ႕အလယ္ပိုင္းမူဝါဒဆိုင္ရာ ပိသုကာလည္း ျဖစ္ပါတယ္။

ကာ့ဒ္တပ္ဖြဲ႕နဲ႔ တျခား မဟာမိတ္ အစိုးရေတြ ဆက္ဆံေရးဆိုင္ရာ စည္းမ်ဥ္း၊ ဘ႑ာေရး၊ လက္နက္၊ ေထာက္လွမ္းေရးအေထာက္အပံ့ေတြနဲ႔ ပတ္သက္ၿပီး တာဝန္ယူရသူ ျဖစ္ပါတယ္။ အဲဒီအဖြဲ႕အစည္းေတြထဲမွာ ဟစ္ဇဘိုလာ၊ ဟားမတ္စ္၊ အစၥလာမ္ဂ်ီဟတ္အဖြဲ႕တို႔ ပါဝင္ပါတယ္။

သမၼတထရမ့္ကေတာ့ ဆူေလမာနီကို ကမာၻ႔ နံပါတ္တစ္ အၾကမ္းဖက္သမားလို႔ဆိုပါတယ္။

ဆူေလမာနီရဲ႕ ဦးေဆာင္မႈေအာက္မွာ ကာ့ဒ္တပ္ဖြဲ႕ဟာ အေမရိကန္ႏိုင္ငံသားနဲ႔ ဝန္ထမ္းေတြကို ၿပီးခဲ့တဲ့ အႏွစ္ ၂၀ အတြင္း ရာနဲ႔ခ်ီပစ္မွတ္ထား တိုက္ခိုက္သတ္ျဖတ္ခဲ့တယ္လို႔ သမၼတထရမ့္က စြပ္စြဲပါတယ္။ဒီဇင္ဘာလတုန္းက အီရတ္ကို ဒုံးက်ည္နဲ႔တိုက္ခိုက္မႈမွာ အေမရိကန္ရဲ႕ အရပ္ဘက္ကိုယ္စားလွယ္ တေယာက္ေသဆုံးခဲ့တယ္လို႔လည္း သမၼတထရမ့္က စြပ္စြဲပါတယ္။

ဆူေလမာနီ ေသဆုံးခဲ့ပုံ

ဗိုလ္ခ်ဳပ္ႀကီး ဆူေလမာနီဟာ ဆီးရီးယားကေန ဘဂၢဒက္ေလဆိပ္ကို ဇန္နဝါရီလ ၃ ရက္ေန႔မွာ ေရာက္ခဲ့ပါတယ္။ အီရတ္ရွီးယားတပ္ဖြဲ႕ရဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ အတူ သူဟာ ေလဆိပ္ကထြက္ခြာလာစဥ္ အေမရိကန္ ဒ႐ုန္းေလယာဥ္ကေန မစ္ဇိုင္းဒုံးေတြနဲ႔ ယာဥ္တန္းကို ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ဆူေလမာနီနဲ႔ အတူ အီရတ္ Popular Mobilisation Forces ရဲ႕လက္ေထာက္ဦးစီးခ်ဳပ္ အဘူမာဒီအယ္လ္မူဟန္ဒီလည္း ေသဆုံးခဲ့ပါတယ္။

သမၼတထရမ့္က အေမရိကန္နဲ႔ အီရတ္စစ္ပြဲကို ရပ္တန္႔ႏိုင္ဖို႔အတြက္ သူကိုယ္တိုင္ တိုက္ခိုက္မိန္႔ေပးခဲ့တာလို႔ ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးဆူေလမာနီ ေသဆုံးၿပီး ၅ ရက္အၾကာမွာ အီရတ္မွာရွိတဲ့ အေမရိကန္ စစ္စခန္းႏွစ္ခုကို အီရန္က ပဲ့ထိန္းဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

ကုလသမဂၢအရာရွိရဲ႕ အစီရင္ခံစာ

ကုလသမဂၢ အထူးအရာရွိ အန္းညက္စ္ကာလာမတ္က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာရွိ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီထံကို အဂၤါေန႔က သူ႔ရဲ႕ေတြ႕ရွိခ်က္ေတြ တင္ျပခဲ့ပါတယ္။

အစီရင္ခံစာမွာ အဓိကေဖာ္ျပတာက ဆူေလမာနီဟာ အေမရိကန္အက်ိဳးစီးပြားကို တိုက္ခိုက္ဖို႔ ႀကံစည္ေနေၾကာင္း တိတိက်က် သက္ေသမျပႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။

အထူးသျဖင့္ တိုက္ခိုက္သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ရာ အီရတ္မွာ အဲသလို ႀကံစည္မႈမ်ိဳးရွိေၾကာင္း သက္ေသမျပႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။

“ဆူေလမာနီဟာ ဆီးရီးယားနဲ႔ အီရတ္မွာ စစ္ေရးဆိုင္ရာ ေသနဂၤဗ်ဴဟာ ခ်မွတ္ အေကာင္အထည္ေဖာ္သူ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေတြ႕ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈမ်ိဳးကို သက္ေသမျပႏိုင္တဲ့အတြက္ အေမရိကန္ရဲ႕ တိုက္ခိုက္မႈဟာ တရားဥပေဒနဲ႔ မညီဘူး”လို႔ သူက အစီရင္ခံစာမွာ ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ကေတာ့ သူတို႔ရဲ႕ မိမိကိုယ္ကိုယ္ ကာကြယ္တဲ့ လုပ္ရပ္ကို ကုလသမဂၢက ရႈတ္ခ်ၿပီး ဗိုလ္ခ်ဳပ္ဆူေလမာနီရဲ႕ အတိတ္က အၾကမ္းဖက္လုပ္ရပ္ နာမည္ပ်က္ေတြကို ထည့္မေျပာတာဟာ မ႐ိုးသားတာပဲလို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေမာ္ဂန္ေအာ္ေတကဂူက ဗုဒၶဟူးေန႔က တုံ႔ျပန္ေျပာဆိုပါတယ္။

တဖက္သတ္ ဘက္လိုက္ၿပီး ၿငီးေငြ႕စရာေကာင္းတဲ့ အစီရင္ခံစာဟာ အၾကမ္းဖက္သမားေတြကို မ်က္ႏွာသာေပးၿပီး လူ႔အခြင့္အေရးကို ေသးသိမ္ေအာင္လုပ္ထားတယ္လို႔လည္း ဆိုပါတယ္။

ဒါဟာ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကေန အေမရိကန္ ႏုတ္ထြက္ခဲ့တာ မွန္ကန္ေၾကာင္း ထပ္ၿပီး သက္ေသျပတဲ့အခ်က္ပဲလို႔လည္း ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53353874
အီရန်ဗိုလ်ချုပ်ကို အမေရိကန်တိုက်ခိုက်သတ်ဖြတ်မှု ဥပဒေနဲ့ မညီဘူးလို့ ကုလအထူးအရာရှိဆို အီရန်ဗိုလ်ချုပ်ကို အမေရိကန်တိုက်ခိုက်သတ်ဖြတ်မှု ဥပဒေနဲ့ မညီဘူးလို့ ကုလအထူးအရာရှိဆို Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.